ဖန်သားပြင် ၉၃ ရာခိုင်နှုန်းနီးပါး အပြည့်ပါဝင်ပြီး၊ Curved AMOLED Display နဲ့ ထွက်ရှိလာဖွယ်ရှိတဲ့ Xiaomi Mi MIX 2

date_range 07 March 2017

ဖန်သားပြင် ၉၃ ရာခိုင်နှုန်းနီးပါး အပြည့်ပါဝင်ပြီး၊ Curved AMOLED Display နဲ့ ထွက်ရှိလာဖွယ်ရှိတဲ့ Xiaomi Mi MIX 2

visibility 4320 Views

                Xiaomi တည်ထောင်သူလည်းဖြစ်၊ ကုမ္ပဏီ CEO လည်းဖြစ်တဲ့ Lei Jun က Xiaomi Mi MIX ဖုန်းရဲ့ မျိုးဆက်သစ်စမတ်ဖုန်းကို ထုတ်လုပ်နေပြီဖြစ်ကြောင်း မကြာသေးမီက အတည်ပြုပေးခဲ့တာကြောင့် Mi MIX 2 ဖုန်းထွက်ဖို့က သေချာသလောက်ဖြစ်သွားပါပြီ။

                ပထမ Mi MIX ဖုန်း ထွက်ရှိလာတုန်းက စခရင်နဲ့ ဖုန်းကိုယ်ထည်အချိုးအစားက ၉၁.၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး၊ ဖုန်းကိုယ်ထည်ဘောင်ဆိုလို့ မဆိုစလောက်လေးသာ ပါဝင်ခဲ့ပါတယ်။ သာမန်မြင်တွေ့နေကြ စမတ်ဖုန်းဒီဇိုင်းတွေနဲ့ လုံးဝကွဲထွက်ပြီး၊ ဖုန်းဝါသနာရှင်တွေ တော်တော်များများရဲ့ ချီးကျူးမှုရရှိခဲ့တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

                ဒါပေမယ့် အခုနောက်ဆုံး ရရှိထားတဲ့သတင်းတွေအရ အသစ်ထွက်ရှိလာမယ့် Mi MIX 2 မှာ အရင်မော်ဒယ်ထက်တောင် စခရင်အပြည့်ပိုမိုပါဝင်လာမှာ ဖြစ်ပြီး၊ စခရင်နဲ့ ဘော်ဒီအချိုး ၉၃ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တကယ်သာ ၉၃ ရာခိုင်နှုန်းဆိုရင်တော့ ဖုန်းမျက်နှာပြင်မှာ သတ္တုဘောင်ကို လုံးဝနီးပါး တွေ့မြင်ရတော့မှာ မဟုတ်တော့ဘဲ၊ ဖန်သားပြင်ကြီးပဲ အပြည့်ကိုင်ရဖွယ်ရှိပါတယ်။

                Mi MIX 2 ကို နောက်ထပ်စိတ်ဝင်စားစေတဲ့ အချက်တစ်ချက်ကတော့ ဖုန်းမျက်နှာပြင်က ဖန်သားအပြည့်ဖြစ်တဲ့အပြင်၊ Curved AMOLED Display ကို အသုံးပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။

                ပထမ Mi MIX ဖုန်းကို ဒီဇိုင်းရေးဆွဲခဲ့တဲ့ ပြင်သစ်ဒီဇိုင်နာ Phillipe Starck ကပဲ Mi MIX 2 ကို ဒီဇိုင်းရေးဆွဲမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ လက်ဗွေရာဆန်ဆာကိုတော့ ဖုန်း Display ရဲ့ အောက်ဆုံးနေရာလောက်မှာပဲ ထည့်သွင်းဖွယ်ရှိပြီး၊ ယခုနှစ်ဝက်ကျော်မှ ထွက်ရှိနိုင်ပါတယ်။

                Mi MIX တုန်းကလည်း ၂၀၁၆ အောက်တိုဘာမှာ ထွက်ရှိခဲ့တာကို ပြန်ကြည့်မယ်ဆိုရင်၊ Mi MIX 2 ကိုလည်း အဆိုပါအချိန်လောက်မှာပဲ မိတ်ဆက်နိုင်ပါတယ်။ အခုမှ မတ်လ ဆိုတော့ နောက်ထပ်လတော်တော်ကြာ စောင့်ရဦးမှာပါ။
 

References
Gadgets NDTV First Post
About Author
Assinged Tags
Xiaomi Smartphones Xiaomi Mi MIX 2 Rumors
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed