Steve Jobs Theater အသစ်မှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သွားမယ့် Apple ရဲ့ September 12 “Special Event”

date_range 01 September 2017

Steve Jobs Theater အသစ်မှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သွားမယ့် Apple ရဲ့ September 12 “Special Event”

visibility 4160 Views

                Apple ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့အချိန်ကတော့ တကယ်ရောက်ရှိလာပြီလို့ ဆိုရမှာပါ။ 

                နှစ်စဉ် စက်တင်ဘာလတိုင်းမှာ iPhone မော်ဒယ်အသစ် မိတ်ဆက်နေကြဖြစ်တဲ့ Apple ဟာ ယခု စက်တင်ဘာလ ၁၂ ရက်နေ့ မှာလည်း “Apple Special Event” ကို  ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း တရားဝင် ကြေငြာလိုက်ပြီဖြစ်ပါတယ်။ Media တွေကို ပေးပို့ခဲ့တဲ့ ဖိတ်စာမှာ "Let's meet at our place" လို့ပဲ ရေးသားထားပြီး၊ ထုံးစံအတိုင်း ဘာ Product အသစ် မိတ်ဆက်မှာလဲဆိုတာကိုတော့ မရေးထားပါဘူး။


                ယခု "Special Event" ကို ကွယ်လွန်သူ Apple ဖခင်ဟောင်း Steve Jobs ကိုယ်တိုင် ဦးစီးတည်ဆောက်ခဲ့တဲ့ Apple Park အသစ်ကြီးက Steve Jobs Theater မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ Steve Jobs Theater မှာ ပထမဆုံးပြုလုပ်တဲ့ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။

                Apple ဟာ အရင်က iPhone မိတ်ဆက်ပွဲတွေကို San Francisco, California နဲ့ Apple အခြေစိုက်ရာ Cupertino က Apple Campus တို့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး၊ အခုမှ ရုံးချုပ်အသစ်မှာ ပြောင်းလုပ်မှာ ဖြစ်ပါတယ်။

                Apple အနေနဲ့ အခု စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပမယ့်၊ Special Event မှာ ဘာ Products အသစ်တွေ မိတ်ဆက်မယ်ဆိုတာ ကြိုတင်ကြေငြာထားခြင်းမရှိပေမယ့်၊ ခန့်မှန်းချက်တွေအရ iPhone 8 ၊ iPhone 7s နဲ့ 7s Plus မော်ဒယ်အသစ်တွေ အပြင်၊ 4K Apple TV အသစ်နဲ့ Apple Watch မျိုးဆက်သစ်တို့ကို မြင်တွေ့ရဖွယ် ရှိပါတယ်။

                September 12 Special Event ကျင်းပပြုလုပ်မယ့်အချိန်က Pacific Daylight Time စံတော်ချိန်မနက် ၁၀ နာရီဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ ည ၁၁ နာရီခွဲလောက် ဖြစ်ပါလိမ့်မယ်။


References
TechCrunch
About Author
Assinged Tags
Apple Park Steve Jobs iPhone 8 related news Steve Jobs Theater iPhone 7S iPhone 7S Plus Apple Apple Special Event
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed