MIUI ပါဝင်မှာမဟုတ်တဲ့ Pure Android OS နဲ့ Android One ဖုန်းအသစ်ကို Xiaomi နဲ့ Google တို့ ပူးပေါင်းထုတ်လုပ်မည်

date_range 22 August 2017

MIUI ပါဝင်မှာမဟုတ်တဲ့ Pure Android OS နဲ့ Android One ဖုန်းအသစ်ကို Xiaomi နဲ့ Google တို့ ပူးပေါင်းထုတ်လုပ်မည်

visibility 8740 Views

                လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ထဲက အိန္ဒိယနိုင်ငံမှာ စတင်ခဲ့တဲ့ Android One Project ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်  Android OS သုံး တန်ဖိုးနည်း Devices တွေ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ Google ရဲ့ Project တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း Android One Smartphone တစ်လုံးဖြစ်တဲ့ Cherry Mobile One Smartphone ကို ရောင်းချခဲ့ဖူးတာကို မှတ်မိကြဦးမှာပါ။


                ယခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Google ဟာ Android One Smartphone အသစ်တစ်မျိုးကို လက်ရှိနာမည်ကြီးစမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi နဲ့ ပူးပေါင်းပြီး ထုတ်လုပ်နိုင်ဖို့ ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။

                ဒါက လက်ရှိ Xiaomi ရဲ့ အိန္ဒိယနိုင်ငံမှာ ရရှိနေတဲ့ အောင်မြင်မှုကို ပိုပြီးတိုးလာနိုင်မယ့်အပြင် အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာပါ Xiaomi အနေနဲ့ နယ်ချဲ့နိုင်မယ့် အခွင့်အရေးတစ်ခုလို့တောင်ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာတင် အိန္ဒိယတစ်နိုင်ငံထဲမှာ Xiaomi Redmi Note 4 အလုံးရေ ၅ သန်းခန့် ရောင်းချနိုင်ခဲ့သလို Redmi Note 4 Smartphone ကလည်း အိန္ဒိယနိုင်ငံမှာ အမြန်ဆန်ဆုံးရောင်းချနိုင်တဲ့ Smartphone တစ်ခုဖြစ်ခဲ့ပါတယ်။ 

                Xiaomi နဲ့ Google ပေါင်းထုတ်မယ့် Android One စမတ်ဖုန်းမှာ Xiaomi ရဲ့ ကိုယ်ပိုင် MIUI မပါဝင်တော့ပဲ Google ရဲ့ Pure Android OS ပဲပါဝင်လာမှာဖြစ်တာကြောင့်၊ MIUI ကို မကြိုက်နှစ်သက်သူတွေကိုပါ ဆွဲဆောင်နိုင်ပါလိမ့်မယ်။ လောလောဆယ်အထိတော့ အဆိုပါဖုန်းအသစ်ကို Xiaomi A1 (သို့မဟုတ်) Xiaomi Tissot လို့ ခေါ်ဆိုမှာဖြစ်ပြီး လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ Xiaomi Mi 5X နဲ့ ဆင်တူမှာဖြစ်ပါတယ်။ Processor ကိုလည်း Mid-Range အဆင့်ရှိတဲ့ Qualcomm Snapdragon 625 CPU ကို သုံးလာမယ်လို့ သိရပါတယ်။ 

                Xiaomi နဲ့ Google တို့ ပူးပေါင်းပြီး Android One Smartphone ကို အကောင်အထည်ဖော်တာက လက်ရှိ Budget နဲ့ Midrange Level ဖုန်းတွေထဲမှာ အကောင်းဆုံးရွေးချယ်စရာတစ်ခုတောင်ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ Xiaomi ရဲ့ MIUI ကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ MIUI မပါဝင်လာတာက သဘောတွေ့စရာမဟုတ်ပေမယ့် Google Android One ဖုန်းတစ်လုံးဖြစ်တဲ့အတွက်ကြောင့် သွက်လက်တဲ့ Pure Android OS နဲ့အတူ Update ပုံမှန်ရနေမယ့်ဖုန်းတစ်လုံး ဖြစ်တဲ့အတွက်ကြောင့် လူအတော်တော်များများအတွက် အဆင်ပြေမှာပါ။

References
XDA Developers
About Author
Assinged Tags
Xiaomi Google Smartphones Android Operating System Android One Xiaomi A1 Xiaomi Tissot
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed