Xiaomi Mi MIX 2 ဟာ ဘေးဘောင်ပါးလွှာဆုံး စမတ်ဖုန်းတစ်လုံးဖြစ်လာမလား

date_range 20 August 2017

Xiaomi Mi MIX 2 ဟာ ဘေးဘောင်ပါးလွှာဆုံး စမတ်ဖုန်းတစ်လုံးဖြစ်လာမလား

visibility 1540 Views

                Xiaomi မှ လွန်ခဲ့တဲ့နှစ်က မိတ်ဆက်ပေးလိုက်တဲ့ Mi MIX ဟာ ဒီဇိုင်းအဆန်းဆုံးနဲ့ ဘေးဘောင်အပါးလွှာဆုံး Flagship စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ ဘေးဘောင်ပါးလွှာတဲ့ (Bezel-Less) ခေတ်ကို ဦးဆောင်ပေးလိုက်နိုင်တဲ့ စမတ်ဖုန်းတစ်လုံးလို့လည်း ပြောလို့ရတဲ့အထိပါပဲ။ 

                အခုလက်ရှိအချိန်မှာတော့ Xiaomi ရဲ့ Mi MIX စမတ်ဖုန်း Design ပိုင်းကို ကူညီပေးခဲ့တဲ့ Philippe Starck ကိုယ်တိုင် Mi MIX 2 ရဲ့ Concept Design ကို Video တစ်ခုနဲ့ပြသခဲ့ပါတယ်။


                Concept Design ဆိုပေမဲ့လည်း Philippe Starck ကိုယ်တိုင်ပြသခဲ့တာမို့ Mi MIX 2 ကို Video မှာပြထားတဲ့ပုံစံအတိုင်း မြင်တွေ့လာရဖို့ သေချာသလောက်တော့ရှိပါတယ်။ Design အရဆိုရင်တော့ Mi MIX 2 ဟာ Samsung Galaxy S8 ပုံစံကိုပဲ ဘေးဘောင်ပိုမိုကျဉ်းမြောင်းတဲ့ပုံစံနဲ့ တွေ့ရှိလာဖွယ်ရှိပါတယ်။ S8 ပုံစံနဲ့အတော်လေးကို ဆင်တူလို့ Design ပိုင်းကို အားမရပေမဲ့ လွန်ခဲ့တဲ့နှစ်က Mi MIX လို ဖုန်းရဲ့အောက်ဘက်က ထူမနေတာကိုတော့ သဘောကျပါတယ်။ 

                Front Camera ကိုတော့ လွန်ခဲ့တဲ့နှစ်က Mi MIX အတိုင်း စမတ်ဖုန်းရဲ့ အောက်ဘက်နားက ညာဘက်မှာ မြုပ်နှံထားတာကို တွေ့ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလမှာ Mi MIX ကို Xiaomi က တရား၀င်မိတ်ဆက်ပေးခဲ့တာမို့ ယခုနှစ်မှာလည်း စက်တင်ဘာလ (ဒါမှမဟုတ်) အောက်တိုဘာလမှာ Mi MIX 2 ကို မြင်တွေ့လာရဖို့ရှိတယ်လို့လည်းခန့်မှန်းရပါတယ်။ Mi MIX 2 မှာ Snapdragon 835 SoC ကိုပဲ အသုံးပြုထားပြီး၊ Battery အနေနဲ့လည်း 4500 mAh ပါ၀င်လာမယ်လို့ အကြမ်းဖျင်း သိရှိထားပါတယ်။ 

References
Android Authority
About Author
Assinged Tags
Xiaomi Xiaomi Mi MIX 2 Bezel-less smartphone Xiaomi Mi MIX Mi MIX 2 Mi MIX Bezel-Less Display
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed