ကိုယ်ပိုင် Chipset ကို ပထမဆုံးအသုံးပြုထားတဲ့ Mi 5c စမတ်ဖုန်းကို Xiaomi မိတ်ဆက်

date_range 02 March 2017

ကိုယ်ပိုင် Chipset ကို ပထမဆုံးအသုံးပြုထားတဲ့ Mi 5c စမတ်ဖုန်းကို Xiaomi မိတ်ဆက်

visibility 4470 Views

                MWC 2017 ပွဲမှာ မပါဝင်ခဲ့တဲ့ Xiaomi ကုမ္ပဏီဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မိခင်တရုတ်နိုင်ငံမှာပဲ ကုမ္ပဏီကိုယ်ပိုင် Chipset သုံး Mi 5c စမတ်ဖုန်းကို မိတ်ဆက်ပြသခဲ့ပါတယ်။

                Xiaomi Mi 5c စမတ်ဖုန်းဟာ ၁၄၉၉ ယွမ် ကျသင့်မှာဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ မတ်လ ၃ ရက်နေ့ကနေ စတင်ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

                ဖုန်းအကြောင်းအရင်ပြောရမယ်ဆိုရင် Xioami Mi 5c ဖုန်းဟာ Android 6.0 အခြေခံ MIUI 8 ကို အသုံးပြုထားပြီး၊ Android 7.1 Nougat ကို Upgrade လုပ်နိုင်မှာပါလို့ Xiaomi က ဆိုပါတယ်။ မျက်နှာပြင်အကျယ်က ၅.၁၅ လက်မ (full-HD) ဖြစ်ပြီး၊ curved glass နဲ့ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ Surge S1 SoC ကို ဒီဖုန်းမှာ ပထမဆုံးအသုံးပြုထားပြီး၊3GB RAM နဲ့ 64GB Storage တို့ ပါရှိမှာဖြစ်ပြီး၊ Nano SIM နှစ်ကတ်ထိုးသုံးနိုင်မှာပါ။ ချစ်ပ်အသစ်ရဲ့ ပါဝါအသုံးနည်းမှုကြောင့် ဘက်ထရီကို ပိုမိုသေးငယ်တဲ့ 2860 mAh ဘက်ထရီလောက်ပဲ ထည့်ပေးထားပြီး၊ ဒီအချက်ရဲ့ ကောင်းကျိုးက ဖုန်းက တော်တော်ပါးလျသွားတာကို တွေ့ရမှာပါ။

                ကင်မရာအနေနဲ့ကတော့ 12-MP, f/2.2 ကျောကင်မရာ နဲ့ 8MP f/2.0 ရှေ့ကင်မရာတို့ပါရှိမှာဖြစ်ပါတယ်။ Rose Gold ၊ Gold နဲ့ Black သုံးရောင်ပဲရရှိမှာဖြစ်ကာ မတ်လ ၃ ရက်နေ့က စတင်ဝယ်ယူနိုင်ပါပြီ။

                Xiaomi ရဲ့ ပထမဆုံး SoC “Surge S1” ကတော့ ပရိတ်သတ်တွေ မျှော်မှန်းထားသလောက် စွမ်းဆောင်ရည်မြင့်တဲ့ Chip တစ်ခုမဟုတ်ပါဘူး။  28nm process နဲ့ပဲ အခြေခံထုတ်လုပ်ထားပြီး CPU မြန်နှုန်း 2.2GHz အထိ ရှိပါတယ်။ ဘက်ထရီသုံးစွဲမှုသက်သာတဲ့ Cortex-A53 cores ရှစ်ခုပါရှိကာ GPU အတွက်ကတော့ သာမန်ဂိမ်းတွေလောက်ကို အဆင်ပြေပြေကစားနိုင်မယ့် Mali-T860 MP4 GPU ကို အသုံးပြုထားတာတွေ့ရပါတယ်။ Xiaomi ရဲ့ ပထမဆုံး SoC ရဲ့ စွမ်းဆောင်ရည်ကတော့ သိပ်အမြင့်စားကြီးမဟုတ်ဘဲ၊ Xiaomi က ဖော်ပြခဲ့တဲ့ Benchmark အမှတ်တွေအရ Surge S1 ဟာ Qualcomm ရဲ့ Snapdragon 625 တို့ MediaTek Helio P20 တို့လောက်ပါပဲ။

Surge S1 မှာ ဆူညံသံကိုလျော့ချပေးဖို့အတွက် မိုက်ခရိုဖုန်းနှစ်ခု ပါရှိကာ၊ 14-bit dual ISPနဲ့ ကုမ္ပဏီကိုယ်တိုင်ရေးဆွဲထားတဲ့ Surge ISP Algorithm တို့က ကင်မရာရဲ့ အလင်းဖမ်းယူနိုင်မှုကို ၁၅၀ ရာခိုင်နှန်းအထိ ပိုမိုကောင်းမွန်စေမှာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။



References
Gadgets NDTV Engadget
About Author
Assinged Tags
Xiaomi Smartphones Surge S1 SoC
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed