Demo ပြတုန်းကလည်း လူရယ်စရာဖြစ်ခဲ့ပြီး Twitter မှာလည်း ဟာသအလုပ်ခံနေရတဲ့ Apple ရဲ့ FaceID

date_range 13 September 2017

Demo ပြတုန်းကလည်း လူရယ်စရာဖြစ်ခဲ့ပြီး Twitter မှာလည်း ဟာသအလုပ်ခံနေရတဲ့ Apple ရဲ့ FaceID

visibility 27860 Views

                Apple အနေနဲ့ စက်တင်ဘာ Apple Event မှာ ဘာမှမထူးခြားတဲ့ iPhone 8 နဲ့ iPhone 8 Plus တို့ကို မိတ်ဆက်ပြီးနောက်မှာတော့ ထူးခြားပါတယ်ဆိုတဲ့ iPhone X ကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။ iPhone X မှာ Home Button မပါတော့တဲ့အတွက် TouchID လည်း မပါတော့ပါဘူး။ ဒီတော့ Security ပိုင်းအတွက် FaceID နဲ့ ဖြေရှင်းလိုက်ပါတယ်။


                Apple အနေနဲ့ လူတစ်သန်းမှာတစ်ယောက်သာ မိမိရဲ့မျက်နှာနဲ့တူနိုင်တယ်ဆိုတဲ့ Posibility ပဲရှိတာကြောင့် FaceID က TouchID ထက် ပိုပြီးလုံခြုံတယ်လို့ အရင်ဆုံးဆိုပါတယ်။ ပြီးတော့ Demo အနေနဲ့ FaceID က ဘယ်လောက်ကောင်းပြီး ဘယ်လောက်မြန်ကြောင်း ပြသရာမှတော့ ပြဿနာက စပါတော့တယ်။ FaceID က ချက်ချင်းအလုပ်မလုပ်တဲ့အတွက် NumPad ထွက်လာပြီး Password ရိုက်တဲ့အဆင့်ရောက်သွားပါတယ်။ ဒီအတွက် နောက်ထပ် Backup ထားထားတဲ့ iPhone X တစ်လုံးနဲ့ FaceID စမ်းပြခဲ့ရပါတယ်။ FaceID ဟာ TouchID လိုပဲ Boot တက်ပြီးပြီးချင်းမှာ၊ FaceID အလုပ်လုပ်ဖို့အတွက် Passcode လိုတယ်လို့ ငြင်းစရာရှိပေမယ့်၊ Backup အလုံးကျတော့ ဘာလို့ တန်းပွင့်သွားခဲ့တာလဲ ဆိုတာ စဉ်းစားစရာပါ။ 


                အဲ့မှာပွဲက တော်တော်စည်သွားပါတယ်။ ကောင်းပါတယ်၊ မြန်ပါတယ်လို့ ပြောပြီးမှ Apple ခဗျာလည်း လူရယ်ခံလိုက်ရတယ်ပေါ့။ အဲ့ဒီမှာတင် ပြီးမသွားပါဘူး။ FaceID ကို သရော်တဲ့ Tweet တွေလည်း တက်လာပါတယ်။ Tweet တွေအကုန်လုံးထဲကမှ တော်တော်လေးရယ်ရတဲ့ Tweet လေးတွေကိုပဲ ပြလိုက်ပါတယ်။

                Star Trek က Spock တောင် အငြိမ်မနေရပါဘူး။ အမှန်တကယ်ကတော့ Apple က မုတ်ဆိတ်မွှေးရှည်လာရင်တောင် FaceID က သိတယ်လို့ ပြချင်တာပါ။ ဒါပေမယ့် Twitter မှာတော့ ပွက်လောရိုက်သွားပါတယ်။

                ဒီတစ်ခုကတော့ တော်တော်ရယ်ရပါတယ်။ The Dark Knight ထဲက Two Face လို မျက်နှာတစ်ခြမ်း စုတ်ပြတ်သပ်သွားရင်တော့ FaceID လည်း ဂွမ်းပါပြီ။

                Game Of Thrones လည်း အငြိမ်မနေရပါဘူး။ Apple က Machine Learning လုပ်နိုင်ဖို့အတွက် FaceID ကို ပြုလုပ်ခဲ့တဲ့ Team အသုံးပြုခဲ့တဲ့ တကယ့်လူ့မျက်နှာဖုံးတွေကို ပြသခဲ့ပါတယ်။ GOT Fan တွေအတွက်တော့ အကွက်တွေ့တာပေါ့။ Faceless Men တွေနဲ့တွေ့ရင် FaceID ခဗျာလည်း လစ်ရှာပါပြီ။

                ဘာမဆိုင်၊ ညာမဆိုင် အမေရိကန်သမ္မတ Donald Trump လည်း ပါလိုက်ပါသေးတယ်။

                ကျန်တာတွေကတော့ ကိုယ့်ကိုပဲ ကြည့်လိုက်ပါတော့။ ရီရမှာကတော့ အမှန်ပါပဲ (တွေးလည်း တွေးတတ်တဲ့ Troller တွေပါပဲ)။

References
Cult of Mac
About Author
Assinged Tags
Face Recognition Apple iPhone X Apple Special Event FaceID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed