Apple အနေနဲ့ စက်တင်ဘာ Apple Event ပြီးထဲက အခုအချိန်ထိအောင် FaceID နဲ့ ပက်သတ်တဲ့ လှောင်ပြောင်မှုတွေ၊ ဝေဖန်မှုတွေ ကို ခါးစည်းခံနေရပြီး ဖြေရှင်းချက်တွေ လည်း တစ်နေ့တစ်မျိုး မရိုးရအောင် ထုတ်ပေးနေရပါတယ်။
မနေ့ကကျင်းပခဲ့တဲ့ Talk Show တစ်ခုမှာ Apple ရဲ့ Software Engineering Chief ဖြစ်တဲ့ Craig Federighi က စက်တင်ဘာ Apple Event မှာ FaceID ကို Demo ပြတုန်းက ဖြစ်ပေါ်ခဲ့တဲ့မတော်တဆမှုနဲ့ ပက်သတ်ပြီး
“Demo ပြတုန်းက FaceID က အလုပ်မလုပ်တော့ ကျနော် ခေါင်းတော်တော်ကြီးသွားပါတယ်။ အရင်ကအလုပ်လုပ်တယ်၊ အခုမှ ဘာထဖြစ်တာလဲပေါ့။ ဒါပေမယ့် ဝယ်ယူမယ့်သူတွေအကုန်လုံး မပူပါနဲ့။ ခင်ဗျားတို့လက်ထဲ iPhone X ရောက်လာပြီဆိုရင် အခုဖြစ်နေတဲ့ ပြဿနာတွေအကုန်လုံး အရည်ပျော်သွားမှာပါ။ ဒီပြဿနာတွေကိုလည်း ခေါင်းထဲထည့်မနေပါနဲ့” လို့ ဖြေကြားခဲ့ပါတယ်။
သူကပဲ ဆက်လက်ပြီး
“ရိုးရိုးသားသားပြောရရင် Apple အဖွဲ့သားတွေအနေနဲ့ အခုအချိန်မှာ အသုံးပြုသူတွေလက်ထဲကို iPhone X ရောက်ရှိတော့မယ့် နေ့ရက်တွေကို လက်ချိုးရေတွက်နေကြတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အခု FaceID ကလည်း TouchID လိုပဲ ဖြစ်လာမှာမို့လို့ပါ။ TouchID တုန်းကလည်း “Apple ဘာတွေ လျှောက်လုပ်နေပြန်ပြီလဲ?” လို့ လူတွေပြောခဲ့တာပါပဲ။ နောက်ဆုံးတော့လည်း TouchID က လူတွေအတွက် မရှိမဖြစ်အရာတစ်ခုလို ဖြစ်ခဲ့တာပါပဲ။ FaceID ကလည်း TouchID လိုမျိုးပဲ နောက်ဆုံးကျရင် လူတွေအတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်လာမှာပါ”
လို့ ပြောခဲ့ပါတယ်။
Craig အနေနဲ့ Apple က FaceID ကိုရော၊ TouchID ကိုရော ချစ်တဲ့အကြောင်း၊ FaceID ဟာ Smartphone တွေရဲ့ အနာဂါတ် လုံခြုံရေးစနစ်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း၊ စတာတွေကိုလည်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး FaceID ကို အသုံးပြုပြီး iPhone X ကို Unlock လုပ်ပြီးတာတောင်မှ Home Screen ကိုသွားဖို့အတွက် အပေါ်ကို Swipe ထပ်လုပ်နေရတဲ့အချက်ကိုလည်း
“FaceID က အလုပ်လုပ်တာ အရမ်းမြန်တဲ့အတွက် ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး အပေါ်ကို Swipe ချက်ချင်းလုပ်လိုက်ရုံပါပဲ။ စောင့်နေစရာမလိုပါဘူး။ Home Screen ကို သွားဖို့အတွက် အပေါ်ကို Swipe ထပ်လုပ်ရမယ်ဆိုတဲ့ အချက်ကလည်း အသုံးပြုသူတွေအနေနဲ့ Home Screen ကို တန်းမသွားချင်ပဲ Notification တွေပဲ Check ချင်တဲ့အခါ ဒါမှမဟုတ် Flashlight ဖွင့်ချင်တဲ့အခါကျရင် အဆင်ပြေသွားစေဖို့အတွက်ပဲ ဖြစ်ပါတယ်”
လို့ ဖြေရှင်းချက်ပေးခဲ့ပါတယ်။
အခုလိုမျိုး ဖြေရှင်းချက်တွေ ပေးနေပေမယ့်လည်း လောလောဆယ်မှာတော့ Apple အနေနဲ့ FaceID ကို ခဏတာ Disable လုပ်ထားနိုင်တဲ့ Gesture နဲ့ တိုင်ပါတ်နေပြန်ပါတယ်။ FaceID ကို ခဏတာ Disable လုပ်ချင်တယ်ဆိုရင် Side Button နဲ့ Volume Button ကို တွဲနှိပ်ရမှာ ဖြစ်ပါတယ်။ ခက်တာက Screenshot ရိုက်ဖို့အတွက်ကလည်း ဒီ Gesture ပဲ ဖြစ်နေပြန်ပါတယ်။
အခုအချိန်မှာတော့ ဒီ Gesture တူနေတဲ့ ပြဿနာကို Fix လုပ်ပြီးပြီဆိုရင်တောင်မှ FaceID ဟာ ပိုမိုမြန်ဆန်သလား၊ ပိုမိုလုံခြုံမှုရှိရဲ့လား၊ အသုံးပြုလို့လွယ်ရဲ့လား ဆိုတာကတော့ Craig ပြောသလိုမျိုးပဲ ကျနော်တို့လက်ထဲကို iPhone X ရောက်ရှိမယ့် အချိန်ကိုပဲ စောင့်ကြည့်ရမလို ဖြစ်နေပါတယ်။ Talk Show မှာ ပြောခဲ့တာ အကုန်လုံးကိုတော့ ဒီမှာ နားထောင်နိုင်ပါတယ်။
Join Us On