စင်ပေါ်မှာ Demo ပြခဲ့တဲ့ iPhone X ရဲ့ Face ID ဟာ အလုပ်မလုပ်ခဲ့တာမဟုတ်ကြောင်း Apple ဖြေရှင်း

date_range 14 September 2017

စင်ပေါ်မှာ Demo ပြခဲ့တဲ့ iPhone X ရဲ့ Face ID ဟာ အလုပ်မလုပ်ခဲ့တာမဟုတ်ကြောင်း Apple ဖြေရှင်း

visibility 37540 Views

                Apple အနေနဲ့ စက်တင်ဘာ ၁၂ ရက်နေ့ပွဲမှာ iPhone X ကို မိတ်ဆက်ခဲ့တုန်းက Software Engineering ဌာနအကြီးအကဲဖြစ်တဲ့ Craig Federighi က iPhone X ရဲ့ FaceID ကို စင်ပေါ်မှာ စမ်းသပ်ပြခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ Federighi ဟာ သူ့မျက်နှာနဲ့ Log In ဝင်ဖို့ ကြိုးစားရာမှာ ဝင်လို့မရခဲ့ဘဲ၊ Passcode တောင်းနေတာကြောင့် ဘေးမှာ အဆင်သင့်ထားတဲ့ နောက်ထပ် Backup iPhone X တစ်လုံးကို ယူပြီး၊ FaceID စမ်းပြခဲ့ရပါတယ်။

                ဒီအဖြစ်ကြောင့် iPhone X ရဲ့ FaceID ကို ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့သလို၊ Twitter မှာလည်း ဟာသတွေ အလုပ်ခံခဲ့ရပါတယ်။ ဒါပေမယ့် Apple ရဲ့ အမာခံပရိတ်သတ်တွေကတော့ FaceID ဖွင့်လို့မရခဲ့တဲ့ ဖုန်းဟာ ပါဝါဖွင့်ဖွင့်ထားချင်း ဖြစ်ပြီး၊ ပထမဆုံးအကြိမ် Passcode နဲ့  မဝင်ရသေးတာကြောင့် FaceID အလုပ်မလုပ်ခဲ့တာဖြစ်တယ်လို့ အသည်းအသန်ငြင်းခဲ့ကြပါတယ်။

                အခုတော့ Apple က ဒီကိစ္စအပေါ် ဖြေရှင်းချက်ထုတ်လိုက်ပါပြီ။

                Yahoo Tech ရဲ့ နည်းပညာသတင်းရေးသားသူတစ်ဦးဖြစ်တဲ့ David Pouge က Apple ကို ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ရာမှာ၊ Apple က "Demo ပြခဲ့တဲ့ ပထမ iPhone X အလုံးဟာ ကောင်းကောင်းအလုပ်လုပ်ပြီး၊ FaceID လည်း ကောင်းမွန်ကြောင်း" ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ iPhone X Demo အလုံးဟာ ပွဲမစခင်မှာ စမ်းသပ်တဲ့နေရာကို ပြင်ဆင်ပေးတဲ့ ဝန်ထမ်း တစ်ယောက် (ဒါမှမဟုတ်) ဝန်ထမ်းတွေရဲ့ မျက်နှာတွေကို ဖတ်မိခဲ့ပြီး၊ FaceID အတွက် Setup လုပ်ထားတဲ့ Federighi ရဲ့ မျက်နှာမဟုတ်တာကြောင့်၊ အဆိုပါ iPhone X ဟာ Log In Attempt အရမ်းများသွားပြီး၊ Apple ရဲ့ Security Protocol အရ Passcode တောင်းတဲ့အဆင့်ကို ရောက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

                Yahoo က David Pogue ရဲ့ မူရင်းရေးသားချက်ကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။ မူရင်းအတိုင်း ဖတ်ရှုနိုင်အောင်လို့ ကျနော် ဘာသာမပြန်ပေးတော့ပါဘူး။ အဓိကဆိုလိုရင်းကတော့ အပေါ်မှာ ကျနော်တို့ ပြောခဲ့သလိုပါပဲ။

Tonight, I was able to contact Apple. After examining the logs of the demo iPhone X, they now know exactly what went down. Turns out my first theory in this story was wrong—but my first UPDATE theory above was correct: "People were handling the device for stage demo ahead of time," says a rep, "and didn't realize Face ID was trying to authenticate their face. After failing a number of times, because they weren't Craig, the iPhone did what it was designed to do, which was to require his passcode." In other words, "Face ID worked as it was designed to.

                iPhone 8 နဲ့ 8 Plus အပါအဝင် အရင် iPhone တွေမှာလည်း TouchID ကို နှိပ်တာ ငါးခါတိတိ မရဘူးဆိုရင်၊ Passcode ရိုက်ရတဲ့အဆင့်ကို ပြန်ရောက်သွားတယ်ဆိုတာ သိပြီးဖြစ်ကြမှာပါ။ Apple ရဲ့ စာရွက်စာတမ်းတွေအရဆိုရင် အခု FaceID အသစ်ကတော့ နှစ်ခါပဲ မှားလို့ရတယ်ဆိုတာကြောင့် Apple ရဲ့ ဖြေရှင်းချက်က ဖြစ်ဖို့ များပါတယ်။

References
Apple Insider
About Author
Assinged Tags
iPhone Apple iPhone X Face ID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed