IFA 2017 မှာ မိတ်ဆက်ပြသသွားခဲ့တဲ့ စိတ်၀င်စားစရာ နည်းပညာ Product အသစ်များ

date_range 12 September 2017

IFA 2017 မှာ မိတ်ဆက်ပြသသွားခဲ့တဲ့ စိတ်၀င်စားစရာ နည်းပညာ Product အသစ်များ

visibility 400 Views

                IFA နည်းပညာပြပွဲကို နှစ်စဉ်နှစ်တိုင်း ဘာလင်မြို့၊ ဂျာမနီနိုင်ငံမှာ ကျင်းပပေးလျက်ရှိပြီး၊ ယခုနှစ် IFA 2017 ပွဲကို စက်တင်ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့ထိ ကျင်းပသွားခဲ့ပါတယ်။ ဒီပွဲမှာ နည်းပညာကုမ္ပဏီအတော်များများဟာ နည်းပညာမြင့် Gadgets နဲ့ စမတ်ဖုန်းအသစ်တွေ အမြောက်အများ မိတ်ဆက်ပြသခဲ့ပါတယ်။ မိတ်ဆက်ပြသသွားခဲ့တဲ့အထဲကမှ စိတ်၀င်စားစရာအကောင်းဆုံး နည်းပညာကုန်ပစ္စည်းအသစ်တွေကို ဖော်ပြပေးသွားပါမယ်။

Acer

                Acer ကနေပြီးတော့ Acer Predator Orion 9000 လို့ခေါ်တဲ့ Gaming PC၊ Swift 5 နဲ့ Spin 5 လို့ခေါ်တဲ့ Notebook နဲ့၊ Switch 7 Black Edition လို့ခေါ်တဲ့ Fan မပါ၀င်တဲ့ 2-in-1 Notebook စ တဲ့ နည်းပညာပစ္စည်းအသစ်တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။


                Acer Predator Orion 9000 ဟာဆိုရင်တော့ 18-core CPU နဲ့ Quad-GPU အသုံးပြုထားတဲ့ Gaming Desktop အကြီးစားတစ်ခုအနေနဲ့ မိတ်ဆက်ပြသခဲ့တာဖြစ်ပါတယ်။ Intel Core i9 Extreme Edition Processor ကိုအသုံးပြုထားမယ့်အပြင်၊ GPU အနေနဲ့လည်း AMD Radeon Vega Graphics Card လေးကတ် (ဒါမှမဟုတ်) Nvidia GTX 1080 Ti စတဲ့ Graphic Card နှစ်ကတ် စိုက်နိုင်အောင် ပြုလုပ်ပေးထားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ All-In-One Liquid Cooling လည်းပါ၀င်လာဦးမှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းအတွင်းမှာ USD $1999 ခန့်နဲ့ ရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။


                Acer Swift 5 နဲ့ Spin 5 တို့မှာတော့ နောက်ဆုံးထွက် 8th Gen Intel Core Processors တွေအသုံးပြုထားပါတယ်။ Swift 5 မှာ Multi-Touch 1080p IPS Touchscreen ပါ၀င်ပြီး ဘေးဘောင်ကျဉ်းမြောင်းတဲ့ပုံစံနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ Spin 5 မှာဆိုရင်တော့ Nvidia GeForce GTX 1050 Graphics Card ပါ၀င်ပြီး၊ 13 လက်မ (ဒါမှမဟုတ်) 15 လက်မ မျက်နှာပြင်နဲ့အတူ 16GB DDR4 RAM ပါ၀င်လာမှာဖြစ်ပါတယ်။ Acer Swift 5 ကို USD $999 ခန့်၊ Acer Spin 5 ကိုတော့ USD $799 ခန့်နဲ့ ယခုနှစ် ဒီဇင်ဘာလလောက်မှာ ရောင်းချပေးသွားမယ်လို့ သိရှိထားပါတယ်။


                Acer Switch 7 Black Edition ဟာဆိုရင် ကမ္ဘာ့ပထမဦးဆုံး Fan မပါ၀င်တဲ့ 2-in-1 Notebook အဖြစ်ထွက်ရှိလာမှာဖြစ်ပါတယ် (2-in-1 ဆိုတာကတော့ Notebook အနေနဲ့ရော Tablet အနေနဲ့ပါ ပုံစံနှစ်မျိုးအသုံးပြုနိုင်မှာကို ပြောတာဖြစ်ပါတယ်)။  ဒီ Switch 7 Black Edition မှာ Overheat ပြဿနာတွေအတွက် Liquid Cooling System ကိုအသုံးပြုပေးထားပြီး၊ Nvidia GeForce MX150 GPU လည်းပါ၀င်လာမှာဖြစ်တာကြောင့် Video/Photo Editing နဲ့ Game အချို့ကစားနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ Acer Switch 7 Black Edition ကိုတော့ USD $1699 ခန့်နဲ့ ယခုနှစ် ဒီဇင်ဘာလလောက်မှာ ရောင်းချပေးသွားဖို့ရှိပါတယ်။

Asus

                Asus အနေနဲ့ IFA 2017 ပွဲမှာ Asus Zenbook Flip 14 နဲ့ Asus Windows Mixed Reality Headset စ တဲ့ နည်းပညာပစ္စည်းအသစ်တွေ မိတ်ဆက်ပြသ သွားခဲ့ပါတယ်။ 


                Asus Zenbook Flip 14 အနေနဲ့ကတော့ ကမ္ဘာ့အပါးလွှာဆုံး 2-in-1 Notebook အဖြစ် မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီ Zenbook Flip 14 မှာ 8th-Gen Core i7 Quad-Core Processor ကိုအသုံးပြုထားပြီး၊ GPU အနေနဲ့ Nvidia MX150 Chip ပါ၀င်မှာဖြစ်ပါတယ်။ Storage အနေနဲ့ 1TB PCIe SSD ပါ၀င်လာမှာကြောင့် Data Transfer ပြုလုပ်ရမြန်ဆန်မှာဖြစ်ပြီး၊ 16GB DDR4 RAM လည်းပါ၀င်လာမှာဖြစ်ပါတယ်။ Zenbook Flip 14 ဟာ Screen-To-Body Ratio 80% ရှိပြီး၊ မျက်နှာပြင်အကျယ်အ၀န်းအနေနဲ့ကတော့ ၁၃ လက်မရှိပါတယ်။ Zenbook Flip 14 ကို USD $900 ခန့်နဲ့ ရောင်းချပေးသွားဖွယ်ရှိပါတယ်။ 


                Asus Windows Mixed Reality Headset ကတော့ Windows 10 Fall Creators Update မှာ ပါ၀င်လာမယ့် Mixed Reality VR Platform အတွက် အသုံးပြုနိုင်တဲ့ Headset အနေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဒီ Headset ဟာ 3K Resolution အထိထောက်ပံ့ပေးနိုင်ပြီး၊ Refresh Rate အနေနဲ့ 90Hz အထိထောက်ပံ့ပေးနိုင်မယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် Headset ကို Setup ပြုလုပ်ဖို့အတွက် ရှုပ်ထွေးတဲ့အဆင့်တွေ များများစားစားမရှိဘဲ၊ ၁၀ မိနစ်လောက် Setup ပြုလုပ်ဖို့အချိန်ပေးလိုက်ရုံပါပဲ။ Inside-Out Tracking အတွက်လည်း Headset ရဲ့ အရှေ့ဘက်မှာ ကင်မရာနှစ်လုံး တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ဒီ Asus Windows Mixed Reality Headset ကို USD $535 ခန့်နဲ့ ရောင်းချပေးသွားဖို့ရှိပါတယ်။

Huawei


                Huawei အနေနဲ့ သူတို့ရဲ့ အသစ်ထွက်ရှိလာမယ့် Kirin 970 Processor အကြောင်းကို အထူးတလည်မိတ်ဆက်ပြသ သွားခဲ့ပါတယ်။ သိရှိထားရတဲ့သတင်းတွေအရလည်း Kirin 970 SoC မှာ Dual Image Signal Processor ကိုအသုံးပြုထားပြီး Motion Image တွေရိုက်ကူးတဲ့အခါမှာလည်း Samsung Galaxy S8 ထက် ပိုမိုကောင်းမွန်တယ်လို့ သိရှိရပါတယ်။ ဒီ Kirin 970 SoC ကို Huawei Mate 10 မှာ ထည့်သွင်းအသုံးပြုမယ်လို့လည်း သိရှိထားပါတယ်။

Panasonic 


                Panasonic အနေနဲ့ SC-GA10 Smart Speaker ကို IFA 2017 မှာ မိတ်ဆက်ပြသသွားခဲ့ပါတယ်။ လက်ရှိအနေနဲ့ Smart Speaker တစ်လုံးမိတ်ဆက်ပြသသွားတာဟာ ဘာမှမထူးဆန်းဘူးထင်ရပေမယ့် ဒီ SC-GA10 ဟာ Hi-Fi Sound System အသုံးပြုထားပြီး၊ Google Assistant လည်းပါ၀င်မယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် SC-GA10 မှာ 20mm Tweeter နဲ့ 8cm Woofer ပါ၀င်လာမှာဖြစ်ပါတယ်။ 

                SC-GA10 ကို Music Playing အတွက် အဓိကထားပြုလုပ်ထားပြီး၊ Spotify, Google Play Music, TuneIn နဲ့ Deezer စ တဲ့ Music နဲ့သက်ဆိုင်တဲ့ Apps တွေကို ကောင်းကောင်းမွန်မွန်ထောက်ပံ့ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒီ SC-GA10 Smart Speaker ကို Apple ရဲ့ အသစ်ထွက်ရှိလာမယ့် HomePod နဲ့ ပြိုင်ဆိုင်နိုင်ဖို့ ထုတ်လုပ်ထားပြီး၊ Google Home ထက်လည်းပိုမိုကောင်းမွန်ပါတယ်။ ဒါ့အပြင် Multi-Room Feature လည်းပါ၀င်ပြီး၊ ဘယ်အခန်းထဲမှာတော့ ဘယ်သီချင်းကို ဖွင့်စေချင်လဲဆိုတာကို သတ်မှတ်ပေးလို့ရတယ်လို့ သိရှိရပါတယ်။ 

                SC-GA10 Smart Speaker ကို ယခုနှစ် ဒီဇင်ဘာလလောက်မှာရောင်းချသွားဖို့ရှိတယ်လို့တော့ သိရှိရပေမယ့် စျေးနှုန်းဘယ်လောက်နဲ့ရောင်းချပေးမယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Samsung

                Samsung အနေနဲ့ IFA 2017 မှာ Gear Sport, Gear Icon X 2018 Earbuds နဲ့ Gear Fit 2 Pro စ တဲ့ Smartwatch တွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။

 

                Samsung Gear Sport ဟာဆိုရင် ၀ိုင်း၀န်းတဲ့ Watchface နဲ့အတူ အမည်းနဲ့ အပြာ ဆိုပြီး အရောင်နှစ်မျိုးရွေးချယ်၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လက်ပတ်အတွက် ပုံစံ ၂၃ မျိုးရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။ 

                Specification အနေနဲ့ Dual-Core Processor အသုံးပြုထားပြီး၊ Software အနေနဲ့ Tizen OS ပါ၀င်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းနားဆင်နိုင်ဖို့အတွက် 4GB Internal Storage ပါ၀င်လာမှာပါ။ 

                ဒီ Gear Sport မှာ Workout Exercises တွေအတွက် Video Tutorials တွေလည်းပါ၀င်လာမှာဖြစ်ပြီး၊ ဒီ Video Tutorials တွေကို TV ပေါ်မှာပါ Stream ပြီးကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ Video တွေအနေနဲ့လည်း Exercise တွေ ဘယ်လိုစနစ်တကျပြုလုပ်သင့်တယ်ဆိုတာကိုပြသပေးသွားမှာဖြစ်တဲ့အပြင်၊ ကိုယ်ဘာတွေပြုလုပ်နေတယ်ဆိုတာကိုလည်း ပြောကြားပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ TV မှာပါ လေ့ကျင့်ခန်းတွေပြုလုပ်နေတဲ့အချိန် နှလုံးခုန်နှုန်းဘယ်လောက်ရှိတယ်ဆိုတာကို ပြသပေးနေမှာဖြစ်ပါတယ်။ 

                ဒါ့အပြင် ဒီ Gear Sport Watch ဟာ 5 ATM Water Resistant ပါ၀င်မှာဖြစ်ပြီး၊ Depth Pressure Resistance လည်းပါ၀င်လာမှာမို့ ရေကူးကန်တွေနဲ့ ကမ်းခြေတွေသွားတဲ့အခါမှာလည်း ချွတ်ထားစရာလိုမှာမဟုတ်ပါဘူး။ 


                Gear Icon X 2018 အနေနဲ့ ယခင်ထွက်ရှိထားတဲ့ Icon X Earbuds တွေကိုပဲ Upgrade ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီ Icon X 2018 မှာ ပိုမိုကောင်းမွန်တဲ့ Battery ပါ၀င်လာမှာဖြစ်ပြီး၊ သာမန် သီချင်းနားထောင်တာအတွက် ၅ နာရီကျော်အထိ အသုံးပြုနိုင်မှာဖြစ်ပြီး၊ ဖုန်းပြောတာအတွက် Talk Time အနေနဲ့ ၄ နာရီအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Icon X 2018 Earbuds တွေမှာ Quick Charge နည်းပညာပါ၀င်လာမှာမို့လို့ ၁၀ မိနစ်လောက်အားသွင်းလိုက်တာနဲ့ တစ်နာရီကျော်ကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။


                Samsung Gear Fit 2 Pro ကို Offline Spotify Support ပါ၀င်တဲ့ ပထမဦးဆုံး Fitness Tracker အဖြစ် Samsung ကနေ မိတ်ဆက်ပြသခဲ့ပါတယ်။ Spotify ကနေ သီချင်းပေါင်း ၅၀၀ ကျော် Gear Fit 2 Pro ထဲသိမ်းဆည်းထားနိုင်ပြီး၊ Built-In GPS လည်းပါ၀င်တဲ့အတွက် စမတ်ဖုန်းမပါ၀င်ဘဲ အပြင်ထွက်ပြီး လေ့ကျင့်ခန်းပြုလုပ်နေတုန်း သီချင်းလည်းနားထောင်နိုင်ဦးမှာဖြစ်ပါတယ်။ Battery Life နဲ့ Features တွေအနေနဲ့ကတော့ အရင်ထွက်ရှိခဲ့တဲ့ Gear Fit 2 နဲ့ ဆင်တူနီးပါး တူညီပါတယ်။ 

Sony

                Sony အနေနဲ့ IFA 2017 ပွဲမှာ Sony Xperia XZ1, Sony Xperia XA1, Sony Xperia XZ1 Compact စ တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒါ့အပြင် Sony Smart Speaker LF-S50G နဲ့ Sony WF-1000X True Wireless Earbuds တွေလည်း မိတ်ဆက်ပေးသွားပါသေးတယ်။


                Xperia XZ1, XZ1 Compact တို့ကိုတော့ Flagship အနေနဲ့ မိတ်ဆက်ပြသခဲ့ပြီး Snapdragon 835 Processor အသုံးပြုထားတာချင်း တူညီပါတယ်။ Xperia XA1 အနေနဲ့ Mid-Range စမတ်ဖုန်းတစ်လုံးအနေနဲ့ MediaTek Helio P20 Processor ကိုအသုံးပြုထားပါတယ်။ ဒီအကြောင်းကို ကျွန်တော်တို့အနေနဲ့ ဆောင်းပါးတစ်ခုမှာ ရှင်းပြထားပါတယ်။ Sony Xperia XZ1 ကို USD $699 ခန့်၊ Xperia XZ1 Compact ကို USD $599 ခန့်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး၊ Android 8.0 (Oreo) အသုံးပြုထားမယ်လို့လည်းသိရှိရပါတယ်။


                Sony Smart Speaker LF-S50G အတွက်ကတော့ အခြား Smart Speaker တွေလို Google Assistant ပါ၀င်ပြီး၊ အရင်ထွက်ရှိခဲ့ပြီးသားဖြစ်တဲ့ Amazon Echo, Google Home, Apple HomePod တို့နဲ့အပြိုင်ထုတ်လုပ်သွားဖို့ရှိပါတယ်။ Gestures Controls တွေအသုံးပြုလို့ရပြီး၊ Cylinder ပုံစံနဲ့ ထွက်ရှိလာမယ့် Sony Smart Speaker LF-S50G ဟာ အခြား Smart Speaker တွေထက်စာရင် Audio ပိုင်းမှာ ပိုမိုကောင်းမွန်တယ်လို့ သိရှိရပါတယ်။


                Sony WF-1000X True Wireless Earbuds ဟာ Apple ကနေထုတ်လုပ်ထားတဲ့ AirPods ကိုအဓိကထား ယှဉ်ပြိုင်လာဖို့ရှိပါတယ်။ သေးငယ်ပြီး သယ်သွားရလွယ်ကူတဲ့ ဒီ Eerbuds လေးတွေမှာ Noise Cancelling နဲ့ NFC Pairing စ တဲ့ Features တွေပါ၀င်ပါတယ်။ အသံအရည်အသွေးကလည်း ကောင်းမွန်တယ်လို့သိရှိရပါတယ်။ 

Fitbit


                Fitness Trackers တွေရောင်းချတဲ့နေရာမှာ နာမည်ကြီးတဲ့ Fitbit အနေနဲ့ IFA 2017 ပွဲမှာ ကိုယ်ပိုင် OS အသုံးပြုထားတဲ့ Ionic Smartwatch ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Android Wear OS အသုံးမပြုဘဲ ကိုယ်ပိုင် Ionic OS ကိုအသုံးပြုထားတဲ့အတွက် Battery ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး၊ Optical Heart Rate Tracker ကြောင့် လေ့ကျင့်ခန်းပြုလုပ်နေတဲ့အချိန်မှာ Real-Time Heart Rate Zone ပြသပေးနေမှာဖြစ်ပါတယ်။ Ionic OS ဟာ လက်ရှိအချိန်မှာ Android Wear က Apps တွေအသုံးပြုလို့မရသေးပေမယ့် Facebook, Instagram, WhatsApp နဲ့ အခြား Apps တွေက Notifications တွေဖတ်ရှုနိုင်မှာဖြစ်ပြီး၊ Strava, Pandora နဲ့ AccuWeather App တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

LG


                LG ကနေ IFA 2017 မှာ Samsung Galaxy S8 ကိုအဓိကထားယှဉ်ပြိုင်မယ့် LG V30 ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ P-OLED Display ပါ၀င်တဲ့ LG V30 မှာ Quad-HD Display ကိုအသုံးပြုထားပါတယ်။ Wireless Charging နဲ့ Quad DAC စ တဲ့ Features တွေလည်း LG V30 မှာပါ၀င်လာပြီး၊ Audio ပိုင်းအတွက်လည်း Bang & Qlufsen နဲ့ပူးပေါင်းပြီး B & O Earphones တွေလည်းထည့်သွင်းပေးထားပါတယ်။ LG V30 စမတ်ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်တို့ရဲ့ ဆောင်းပါးတစ်ခုမှာ ရှင်းပြထားပါတယ်။

Lenovo

                Lenovo အနေနဲ့ကတော့ IFA 2017 ပွဲမှာ Lenovo Explorer ဆိုတဲ့ Mixed Reality VR Headset နဲ့ Lenovo Yoga 920 လို့ခေါ်တဲ့ Convertible Laptop တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။


                Lenovo Explorer အနေနဲ့ Windows 10 ရဲ့ Mixed Reality Platform အတွက် အဓိကထုတ်လုပ်ပေးထားတာဖြစ်ပြီး၊ အပေါ်မှာပြောထားခဲ့တဲ့ Asus ရဲ့ VR Headset အတိုင်း VR Headset အရှေ့ဘက်မှာ ကင်မရာနှစ်လုံးတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ 2.89 လက်မရှိတဲ့ LCD Display နှစ်ခုပါ၀င်ပြီး၊ 1440 x 1440 Resolution ထောက်ပံ့ပေးနိုင်တယ်လို့လည်း သိရှိရပါတယ်။

 

                Lenovo Yoga 920 အနေနဲ့ကတော့ 4K Display ကိုအသုံးပြုထားပြီး ပါးလွှာတဲ့ Design နဲ့ ထွက်ရှိလာတဲ့ Convertible Laptop အမျိုးအစားဖြစ်ပါတယ်။ ဒါ့အပြင် 8th Gen Intel Core Processor ကိုအသုံးပြုထားပြီး i7 U Processor အထိ ရွေးချယ်၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Storage အနေနဲ့လည်း 256GB ကနေ 1TB အထိ၊ RAM အနေနဲ့ 8GB DDR4 ကနေ 16GB DDR4 အထိ ရွေးချယ်၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Motorola


                Motorola အနေနဲ့ကတော့ ကြီးကြီးမားမားနည်းပညာအသစ်တွေ မိတ်ဆက်ပြသသွားခြင်းမရှိခဲ့ပေမဲ့ Mid-Range စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Moto 4X ကိုတော့ IFA 2017 ပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ အခြား Moto X တွေနဲ့မတူတဲ့အချက်ကတော့ Moto 4X ရဲ့ ကျောဘက်ကို Glass အသုံးပြုထားတာပဲဖြစ်ပါတယ်။ Color အနေနဲ့ကတော့ Silver နဲ့ Black ဆိုပြီး နှစ်မျိုး ရွေးချယ်၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Battery 3,000 mAh အသုံးပြုထားပြီး၊ Dual Lens Camera ပါ၀င်ပါတယ်။ Snapdragon 630 SoC အသုံးပြုထားမှာဖြစ်ပြီး၊ RAM နဲ့ Storage အနေနဲ့ 3GB/32GB (ဒါမှမဟုတ်) 4GB/64GB ရွေးချယ်၀ယ်ယူနိုင်မှာဖြစ်တယ်လို့ သိရှိထားပါတယ်။

Philips


                Philips အနေနဲ့ IFA 2017 ပွဲမှာ Quantum Dot နည်းပညာအသုံးပြုထားတဲ့ OLED TV တစ်မျိုးကိုမိတ်ဆက်ပြသခဲ့ပါတယ်။ Philips 8602 လို့အမည်ရတဲ့ ဒီ TV ဟာ 55 လက်မ နဲ့ 65 လက်မဆိုပြီး Version နှစ်မျိုးနှစ်စားရှိပါတယ်။ ဒီ TV မှာ Ambilight Technology ပါ၀င်ပြီး၊ TV မှာပေါ်နေတဲ့ Color ကို အနောက်ဘက်က နံရံမှာပါ အရောင်ထင်နေအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဒီ Philips 8602 TV မှာ  Soundbar တစ်ခုလည်း ပါ၀င်လာမှာဖြစ်ပြီး၊ Display အနေနဲ့ 4K Resolution အထိ ထောက်ပံ့ပေးနိုင်ဦးမှာဖြစ်ပါတယ်။

References
Tech Radar
About Author
Assinged Tags
IFA IFA 2017 Berlin Germany
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed