Core i9 chip တွေ အပါအဝင် စွမ်းဆောင်ရည်မြင့် Core X Series Chip တွေကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Intel

date_range 31 May 2017

Core i9 chip တွေ အပါအဝင် စွမ်းဆောင်ရည်မြင့် Core X Series Chip တွေကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Intel

visibility 1500 Views

                ဒီနေ့ ကျင်းပသွားခဲ့တဲ့ Computex ပွဲမှာ Intel က သူ့ရဲ့ processor အမျိုးအစားသစ်တစ်ခုဖြစ်တဲ့ “Core X” Series Desktop Processor တွေအပြင် ကောလဟာလတွေ ထွက်ထားတဲ့ Core i9 အသစ်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။

                Core i9 ဟာ အရင်က ထွက်ရှိထားတဲ့ Core i5 နဲ့ Core i7 အမျိုးအစားတွေထက် စွမ်းဆောင်ရည်ကောင်းတဲ့အတွက် အရင် processor တွေနဲ့ အားမရဘဲ အဲဒီထက်ပိုပြီး စွမ်းဆောင်ရည်မြင့်မြင့် သုံးချင်တဲ့သူတွေအတွက် အခု Core i9 processor တွေက ကျေနပ်စေမှာ ဖြစ်ပါတယ်။


                အခုထွက်ရှိလာတဲ့ Core X Platform ဟာ Gamer တွေလိုမျိုး အမာခံ ပရိတ်သတ်တွေဆီကို တိုက်ရိုက်ဦးတည်ပြီး ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ဆုံးပေါ်ဂိမ်းတွေကို အကောင်းဆုံးရုပ်ထွက်တွေနဲ့ ကစားပြရင်း live stream လွှင့်ပြီး chat မှာ ပရိတ်သတ်တွေနဲ့ စကားပြောချင်တဲ့ Gamer Content Creator တွေ ဒါမှမဟုတ် Creative Tool လေးခုလောက်ကို တစ်ပြိုင်နက်တည်း ဖွင့်ထားရင်းက ဗီဒီယို blog အသစ်တစ်ခုကို လွှင့်တင်ချင်တဲ့သူတွေအတွက်တော့ သတင်းကောင်းလို့ ပြောရမှာပါ။ ပြောရရင် Multi-tasking ရှယ်လုပ်ချင်တဲ့သူတွေ အတွက်ပေါ့။


                အကျဉ်းချုံးပြီးပြောရရင်တော့ Core X စီးရီးတွေမှာ core ၄ ခုကနေ စတင်ပါဝင်မှာဖြစ်ပြီး အားလုံးထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်တဲ့ "Core i9 Extreme" ကတော့ ၁,၉၉၉ ဒေါ်လာ ကျသင့်မှာပါ။ Core i9 Extreme ဟာဆိုရင် Consumer သုံးတွေထဲမှာ ပထမဆုံး Core ၁၈ ခု နဲ့ Thread ၃၆ ခု ပါဝင်တဲ့ Desktop Processor ဖြစ်တယ်လို့ Intel က ဆိုပါတယ်။

                Core X Series Processor တွေကိုတော့ core ၄ ခုနဲ့ thread ၄ ခု ပါဝင်တဲ့ Core i5-7640X နဲ့ စတင်ပြီး ဈေးနှုန်းကတော့ ၂၄၂ ဒေါ်လာပါ။ X-series ရဲ့ Core i7 processor တွေမှာတော့ ၃၃၉ ဒေါ်လာတန် 4-core / 8-thread model ကနေ ၅၉၉ ဒေါ်လာတန် 8-core / 16-thread model ဆိုပြီး အစားစားရှိမှာပါ။

                Core i9 အတွက်ကတော့ model လေးမျိုးထွက်ရှိထားရာမှာ (အပေါ်မှာ ဖော်ပြခဲ့တဲ့ Core i9 Extreme မပါဝင်) ဒေါ်လာ ၉၉၉ တန် 10-core / 16 thread processor ကနေ ၁,၆၉၉ ဒေါ်လာတန် 16-core / 32-thread ဆိုပြီး အမျိုးမျိုးရှိလို့ ကိုယ်နဲ့ သင့်တော်မယ့် အမျိုးအစားကို ဝယ်ယူအသုံးပြုနိုင်မှာပါ။

                အထက်မှာ ဖေါ်ပြခဲ့တဲ့ Core X Desktop processor တွေကို Intel က အသစ်ထုတ်လုပ်ထားတဲ့ X299 motherboard chipset နဲ့ တွဲဖက်အသုံးပြုရမှာပါ။ X299 motherboard chipset တွေကို လာမယ့် ရက်သတ္တပတ်မှာ Core X processor တွေနဲ့အတူ တွဲဖက်ပြီး ထွက်ရှိလာမယ်လို့လည်း Intel ကုမ္ပဏီရဲ့ အဆိုအရ သိရပါတယ်။

                Core X စီးရီး Processor တွေရဲ့ Architecture ကတော့ ကြီးကြီးမားမားပြောင်းလဲမှုမျိုးမရှိဘဲ၊ အရင် Sky Lake နဲ့ Kaby Lake Architecture တွေနဲ့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Intel က Architecture ကို Update လုပ်ထားကာ Sky Lake X နဲ့ Kaby Lake X ဆိုပြီး နာမည်ပေးထားပါတယ်။ အခု Intel X စီးရီးထဲမှာ စွမ်းဆောင်ရည်အနိမ့်ဆုံးဖြစ်တဲ့ i5-7640X နဲ့ i7-7740X နှစ်ခုကပဲ  Kaby Lake X Architecture နဲ့ ဖြစ်ပြီး ကျန်တဲ့ X စီးရီး Processors အကုန်လုံးက Sky Lake X နဲ့ပါ။

                Intel အနေနဲ့ Core X စီးရီးထဲမှာ ပါဝင်တဲ့ စွမ်းဆောင်ရည်မြင့်တဲ့ model အချို့မှာလည်း သူ့ရဲ့ Turbo Boost နည်းပညာကို အဆင့့်မြှင့်တင်နေပြီး အဲဒီနည်းပညာကိုတော့ Turbo Boost Max 3.0 လို့ ခေါ်မှာဖြစ်ပါတယ်။ အခုလို Core X model တွေမှာ ပါဝင်တဲ့ core အရေအတွက်ကို မြှင့်တင်လိုက်တဲ့အတွက် လုပ်ငန်းဆောင်တာတွေကို တပြိုင်နက်တည်း ပိုပြီးများများလုပ်ဆောင်လာနိုင်မှာဖြစ်ပြီး Turbo Boost Max 3.0 နည်းပညာကတော့ core တစ်ခုချင်းစီရဲ့ စွမ်းဆောင်ရည်ကို ပိုပြီးကောင်းမွန်စေမှာ ဖြစ်ပါတယ်။ (core ဆိုတာကတော့ computer ရဲ့ အခြေခံ computing unit ဖြစ်ပြီး core အရေအတွက် များလေလေ လုပ်ငန်းဆောင်တာတွေ အများကြီးကို အချိန်တစ်ခုထဲမှာ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ Core X စီးရီးတွေဟာ အရင် processor မျိုးဆက်တွေထက် multi-thread စွမ်းဆောင်ရည် ၁၀ ရာခိုင်နှုန်း ပိုမြန်လာပြီး single thread အတွက်ကိုတော့ ၁၅ ရာခိုင်နှုန်းအထိ မြန်လာခဲ့တယ်လို့ Intel က ဆိုပါတယ်။)


                အခုထွက်လာတဲ့ multi-core model ကို ထောက်ရင် Intel ဟာ မကြာသေးမီကမှ Ryzen processor တွေကို ထုတ်လုပ်ခဲ့တဲ့ သူ့ရဲ့ ပြိုင်ဘက် AMD နဲ့ ပြိုင်ဆိုင်မှုအပေါ်ကို အလေးအနက်ထားတယ်လို့ ဆိုရမှာပါ။ AMD အနေနဲ့လည်း ဒီနှစ်ကုန်ပိုင်းလောက်မှာ intel ရဲ့ Core i9 Extreme ကို ကောင်းကောင်းယှဉ်နိုင်ဖို့အတွက် “Threadripper” လို့ခေါ်တဲ့ 16-core / 32-threads စွမ်းဆောင်ရည်မြင့် Ryzen processor တွေကို ထုတ်လုပ်ဖို့ တာစူနေတယ်လို့လည်း သိရပါတယ်။

                Intel ဟာ Core X စီးရီးကို မိတ်ဆက်တဲ့ပွဲမှာ နောက်ထပ် ထွက်ရှိလာဖို့ရှိတဲ့ အဋ္ဌမမျိုးဆက် mainstream Intel chip တွေ အကြောင်းကို အကျဉ်းပြောပြသွားပါတယ်။

                ကောလဟာလတွေအရတော့ အဲဒါကို Coffee Lake လို့ ယာယီ လျှို့ဝှက်အမည်ပေးထားတယ်လို့သိရပါတယ်။ အစောက ထွက်ရှိခဲ့တဲ့သတင်းတွေအရ Coffee Lake ဟာ သတ္တမ မျိုးဆက် Kaby Lake ထက် ၁၅ ဆ ပိုပြီးကောင်းမွန်လာမယ်လို့ Intel က ကတိပေးခဲ့တာပါ။ ဒါပေမယ့် ဒီနေ့မှာတော့ Coffee Lake ဟာ ထင်ထားတာထက် Performance ပိုကောင်းကောင်းမြင်တွေ့ရဖို့ ရှိကြောင်း ကြေငြာခဲ့ပြီး၊ Kaby Lake ထက် ၃၀ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်လာမယ်လို့ ပြောသွားခဲ့ပါတယ်။ Coffee Lake Chip တွေကို တကယ့် ကွန်ပျူတာတွေမှာ မြင်ရဖို့ အချိန်အတော်ကြာဦးမှာပါ။

This Article is Contributed by Min Hein Kyaw
References
The Verge
About Author
Assinged Tags
Intel Processor Core i9 Kaby Lake X Sky Lake X Coffee Lake
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed