Kirin 970 မှာအသုံးပြုထားတဲ့ Dual Image Signal Processors ဟာ Samsung Galaxy S8 ထက် ပိုမိုကောင်းမွန်တယ်လို့ ပြောကြားလိုက်တဲ့ Huawei

date_range 03 September 2017

Kirin 970 မှာအသုံးပြုထားတဲ့ Dual Image Signal Processors ဟာ Samsung Galaxy S8 ထက် ပိုမိုကောင်းမွန်တယ်လို့ ပြောကြားလိုက်တဲ့ Huawei

visibility 1200 Views

                Huawei ဟာ သူတို့ရဲ့နောက်ထပ်ထုတ်လုပ်မယ့် Kiriin 970 SoC မှာပါ၀င်မယ့် Dual Image Signal Processors ဟာ Samsung Galaxy S8 မှာအသုံးပြုထားတဲ့ Image Signal Processors ထက် အဆပေါင်းများစွာ သာတယ်လို့ IFA 2017 ပွဲမှာ SoC ကိုမိတ်ဆက်ရင်းနဲ့ တစ်ပါတည်းပြောကြားသွားခဲ့ပါတယ်။ 


                တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Huawei ဟာ Kirin 970 Processor ကို IFA 2017 ပွဲမှာ တရား၀င်မိတ်ဆက်ပေးလိုက်ပါတယ်။ 10nm ပတ်လည်ရှိတဲ့ SoC ပေါ်မှာ Transistor ပေါင်း ၅.၅ ဘီလီယံကျော် Transistors တွေပေါင်းထည့်ပြီး ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သတင်းတွေထွက်ခဲ့တဲ့အတိုင်း Artificial Intelligence (AI) နည်းပညာကိုလည်း SoC ထဲ တစ်ပါတည်း ပေါင်းထည့်ပေးထားပါတယ်။


                ဒါ့အပြင် ဒီ Kirin 970 Processor ထဲမှာ Image Signal Processor ကို တစ်လုံးမဟုတ်ဘဲ နှစ်လုံးထည့်သွင်းပေးထားတာကြောင့် ဓာတ်ပုံနဲ့ ဗီဒီယိုတွေရိုက်ကူးတဲ့အခါ ပိုမိုမြန်ဆန်လာပြီး၊ ရုပ်ထွက်ပိုမိုကောင်းမွန်လာမယ်လို့သိရှိရပါတယ်။ 

                ဘယ်လောက်တောင် ကောင်းမွန်လဲဆိုတာကို Huawei ဟာ Samsung Galaxy S8 နဲ့ Kirin 970 တို့ကို Slide တစ်ခုနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ Slide မှာ နှိုင်းယှဉ်ပြထားချက်အရတော့ Kirin 970 ကိုအသုံးပြုရိုက်ကူးထားတဲ့ Motion ဓာတ်ပုံဟာ Galaxy S8 နဲ့ရိုက်ကူးထားတဲ့ Motion ဓာတ်ပုံထက် အဆပေါင်းများစွာ ပိုမိုကြည်လင်ပြတ်သားနေတာကို တွေ့ရှိရပါတယ်။

                Kirin 970 SoC ကို အသစ်မိတ်ဆက်တော့မယ့် Huawei Mate 10 စမတ်ဖုန်းထဲမှာ တွေ့မြင်လာရဖို့ရှိပြီး၊ ဒီစမတ်ဖုန်းဟာ Apple ရဲ့အသစ်ထွက်ရှိလာမယ့် iPhone 8 ထက်တောင် ပိုမိုကောင်းမွန်မယ် လို့ Huawei ကုမ္ပဏီရဲ့ Customer Division ဦးစီးသူ Richard Yu က ပြောကြားထားပါသေးတယ်။ ဒါကြောင့်မို့ Huawei ရဲ့ Kirin 970 SoC နဲ့ ထွက်ရှိလာမယ့် Mate 10 စမတ်ဖုန်းဟာ Galaxy S8 ထက်ကော၊ iPhone 8 ထက်ပါ ပိုမိုကောင်းမွန်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

References
Android Central
About Author
Assinged Tags
Samsung Huawei Samsung Galaxy S8 Kirin 970 Huawei Mate 10 Dual Image Signal Processors Image Signal Processor Huawei Kirin 970
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed