Fitbit ကနေ ကိုယ်ပိုင် OS အသုံးပြုထားတဲ့ Ionic Smartwatch ကို ထုတ်လုပ်

date_range 29 August 2017

Fitbit ကနေ ကိုယ်ပိုင် OS အသုံးပြုထားတဲ့ Ionic Smartwatch ကို ထုတ်လုပ်

visibility 180 Views

                Fitness Trackers ရောင်းချတဲ့ဈေးကွက်မှာ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ Fitbit ဟာ Fitbit Ionic Smartwatch နဲ့ လက်ရှိပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ Smartwatch ဈေးကွက်ထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ တစ်ခုထူးဆန်းတာက Fitbit Ionic Smartwatch ဟာ Google ရဲ့ Android Wear OS ကို အသုံးပြုတာမဟုတ်ပဲ သီးသန့် OS တစ်ခုဖြစ်တဲ့ Ionic OS ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ 

                Fitbit ကပြောတာကတော့ Google Android Wear OS မဟုတ်ပဲ ကိုယ်ပိုင် OS ကို အသုံးပြုလိုက်တာက Fitbit Ionic Watch ကို နေ့တိုင်းအားပြန်သွင်းစရာမလိုတဲ့ Battery သက်တမ်းကို ရရှိမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပုံမှန်အသုံးပြုမယ်ဆိုရင် ၄ ရက်ကျော်လောက် အားပြန်သွင်းစရာမလိုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး၊ GPS အသုံးပြုပြီး လေ့ကျင့်ခန်းတွေ ဆက်တိုက်ပြုလုပ်မယ်ဆိုရင်တော့ ၁၀ နာရီလောက်ပဲ ခံမှာဖြစ်ပါတယ်။ 


                Fitbit ရဲ့ Ionic Smartwatch ဟာ ရေအနက် မီတာ ၅၀ အထိ ယူဆောင်သွားနိုင်ပြီး၊ ရေကူးတဲ့အချိန်အတွက်လည်း Swimming Mode ပါဝင်မှာဖြစ်ပါတယ်။ နောက်ထပ်လည်း Optical Heart Rate Tracker ပါဝင်မှာဖြစ်ပြီးတော့ လေ့ကျင့်ခန်းပြုလုပ်နေတဲ့အချိန်မှာ Real-time Heart Rate Zone တွေကို ပြပေးမယ့်အပြင် အခြားအချိန်တွေမှာလည်း ၂၄ နာရီလုံး Heart Rate ကို တိုင်းတာပေးနေမှာဖြစ်ပါတယ်။ 

                Fitbit Ionic Watch မှာ အသုံးပြုထားတဲ့ Ionic OS အနေနဲ့ကတော့ လက်ရှိအချိန်မှာ Android Wear က Applications တွေကို အသုံးပြုလို့မရသေးပေမယ့် Facebook, Instagram, Snapchat နဲ့ အခြား Applications တွေရဲ့ Notifications တွေကို လက်ခံရရှိနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း Strava, Pandora နဲ့ AccuWeather app တွေလည်း အသုံးပြုနိုင်မှာပါ။ 

                Fitbit Ionic Watch မှာ Storage အနေနဲ့ 2.5GB ဝန်းကျင်ရှိမှာဖြစ်တဲ့အတွက် သီချင်းအပုဒ်ရေ ၃၀၀ လောက်ကိုလည်း Bluetooth ကနေတစ်ဆင့် နားထောင်နိုင်မှာဖြစ်ပါတယ်။ Mobile Payment စနစ်ကိုလည်း အထောက်အပံ့ပေးနိုင်တယ်လို့ ပြောခဲ့ပေမယ့် လက်ရှိအချိန်မှာ Visa, Mastercard နဲ့ American Express Card တွေကိုပဲ အချို့သော ဈေးကွက်တွေမှာ အသုံးပြုလို့ရသေးတာဖြစ်ပါတယ်။ 

                Fitbit ရဲ့ Ionic Watch ကို လာမယ့် အောက်တိုဘာလထဲမှာ ဒေါ်လာ ၃၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ လက်ရှိ Android Wear သုံးထားတဲ့ Smartwatch တွေနဲ့ ယှဉ်တဲ့အခါ ဈေးနှုန်းအရတော့ အနည်းငယ်ပိုများတာကို တွေ့ရပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Smartwatch Operating System Related News & Articles Fitbit Fitbit Ionic Smartwatch Ionic OS
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed