Google Assistant ပါဝင်တဲ့ Panasonic ရဲ့ GA10 စမတ်စပီကာ

date_range 01 September 2017

Google Assistant ပါဝင်တဲ့ Panasonic ရဲ့ GA10 စမတ်စပီကာ

visibility 240 Views

                ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ စက်တင်ဘာလ ၁ ရက်နေ့ကျရင် စတင်ဖွင့်လှစ်ကျင်းပသွားမယ့် IFA 2017 ပွဲဟာ ဥရောပမှာ အကြီးမားဆုံးနည်းပညာပြပွဲကြီးတစ်ခု ဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ကျမှ စတင်ဖွင့်လှစ်မှာ ဆိုပေမယ့်၊ ကုမ္ပဏီတော်တော်များများကတော့ အခုသြဂတ်စ်လ ၃၀၊ ၃၁ ရက်နေ့ကတည်းက Products အသစ်တွေကို စာနယ်ဇင်းရှင်းလင်းပွဲတွေမှာ မိတ်ဆက်နေပြီဖြစ်ပါတယ်။

                အခု IFA ပွဲမှာ ဂျပန်အခြေစိုက်အီလက်ထရောနစ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Panasonic ကလည်း Smart Speaker တစ်လုံးကို မိတ်ဆက်ခဲ့ပြီး၊ ပြိုင်ဆိုင်မှုပြင်းထန်စ ပြုလာပြီဖြစ်တဲ့ စမတ်စပီကာစျေးကွက်ထဲ စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။

                အသံနဲ့ ထိန်းချုပ်နိုင်တဲ့ Panasonic ရဲ့ GA10 စမတ်စပီကာမှာ Google Assistant ကို အသုံးပြုထားပြီး၊ အသံပိုင်းအတွက် အထူးအားထုတ်ထားတယ်လို့ ဆိုပါတယ်။ 20mm Soft-Dome Tweeters နှစ်ခုနဲ့ 8cm Woofer တစ်ခုကို အသုံးပြုထားပြီး၊ ၁၈၀ ဒီဂရီအသံပတ်လည် ခံစားနိုင်မှာဖြစ်ပါတယ်။ အသံချိန်ညှိမှုတွေအတွက် Preset EQ တွေ ပါဝင်သလို၊ Manual လည်း ချိန်ညှိနိုင်မှာဖြစ်ပါတယ်။


                စျေးကွက်တွင်းက စမတ်စပီကာတွေရဲ့ လုပ်ဆောင်ချက်အတိုင်း Web Search လုပ်တာတွေ၊ Streaming Servce တစ်ခုခုကနေ သီချင်းနားထောင်တာတွေ၊ To-Do List လုပ်ခိုင်းတာတွေ၊ တခြားစမတ်အိမ်သုံးပစ္စည်းတွေကို ထိန်းချုပ်တာတွေကို “OK Google” Command ကနေ တဆင့် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

                Panasonic SC-GA10 ကို ၂၀၁၈ ခုနှစ်၊ အစောပိုင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ လက်ရှိမှာ စျေးနှုန်းကိုတော့ မကြေငြာရသေးပါဘူး။ ပြိုင်ဘက်စမတ်စပီကာတွေဖြစ်တဲ့ Google Home ကတော့ လက်ရှိမှာ ၁၀၉.၉၉ ဒေါ်လာစျေး၊ Amazon Echo က ၉၉.၉၉ ဒေါ်လာစျေးတွေ ရှိပါတယ်။ Apple ရဲ့ စမတ်စပီကာဖြစ်တဲ့ HomePod ကတော့ စျေးမသိရသေးပါဘူး။


References
Cnet
About Author
Assinged Tags
Gadgets Smart Home Panasonic Smart Speaker Panasonic GA10
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed