IFA 2017 မှာ စမတ်ဖုန်းအသစ် ၃ မျိုးကို မိတ်ဆက်ခဲ့တဲ့ Sony

date_range 02 September 2017

IFA 2017 မှာ စမတ်ဖုန်းအသစ် ၃ မျိုးကို မိတ်ဆက်ခဲ့တဲ့ Sony

visibility 740 Views

                Sony ကနေ သူရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Sony XZs ကို အဆင့်မြှင့်တင်ထားတဲ့ Xperia XZ1, XZ1 Compact နဲ့ Mid Range ဖုန်းအမျိုးအစားဖြစ်တဲ့ Sony XA1 Plus ဖုန်းတွေကို လက်ရှိကျင်းပနေတဲ့ IFA 2017 မှာ မိတ်ဆက်ခဲ့ပါတယ်။


                အရင်ဆုံး Sony Xperia XZ1 ကို ပြောရရင် ယခင် Xperia XZs နဲ့ အပြင်ပိုင်းအများကြီးကွာခြားခြင်း မရှိပဲ အတွင်းပိုင်း Processor ပိုင်းကိုပဲ Update ပြုလုပ်ထားတယ်လို့ ပြောလို့ရပါတယ်။ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Snapdragon 835 CPU, RAM 4GB နဲ့ 64GB Storage ပါဝင်ပြီးတော့ MicroSD Slot ကနေ ထပ်ပြီးတိုးချဲ့နိုင်ပါတယ်။ Full Metal Body ကိုပဲ အသုံးပြုထားပြီးတော့ Display ကလည်း Full HD 5.2" Display ပဲဖြစ်ပေမယ့် HDR Support ပြုလုပ်မှာဖြစ်ပါတယ်။ 


                XZ1 ရဲ့ ကင်မရာပိုင်းအနေနဲ့ အနည်းငယ်အဆင့်မြှင့်တင်ထားပြီး XZs မှာပါဝင်ခဲ့တဲ့ 19MP Motion Camera ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ 960fps Slow-motion Video တွေကို ရိုက်ကူးနိုင်ပြီး Features အသစ်အနေနဲ့ အရာဝတ္ထုတွေကို 3D Image အဖြစ်ရိုက်ကူးနိုင်တဲ့ Feature ပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့လည်း 13MP Camera ပါဝင်မှာပါ။ 

                Sony Xperia XZ1 မှာ 2700mAh Battery ပါဝင်မှာဖြစ်ပြီး အခြားသော Quick Charge 3.0, USB Type C Port, Hi-Res Audio, Digital Noise Cancellation, S-Force Surround Sound, Stereo Recording စတဲ့ Features အစုံအလင်ပါဝင်မှာဖြစ်ပါတယ်။ 

                နောက်ထပ်ဖုန်းတစ်လုံးကတော့ တော်တော်လေးကြာမှ ပြန်ပြီးထွက်ပေါ်လာတဲ့ Compact Series ဖုန်းတစ်လုံးဖြစ်တဲ့ Sony Xperia XZ1 Compact ပဲဖြစ်ပါတယ်။


                Sony Xperia XZ1 Compact ဟာ Sony XZ1 လိုပဲ Snapdragon 835, RAM 4GB ပါဝင်ပြီး Storage ကတော့ 32GB ပဲပါဝင်မှာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ Compact ဖြစ်တဲ့အတွက် 4.6" ပဲရှိမှာဖြစ်ပြီး Resolution ကလည်း Full HD မဟုတ်ပဲ HD အဆင့်ပဲရှိမှာဖြစ်ပါတယ်။ HDR ကိုလည်း Support ပြုလုပ်မှာမဟုတ်ပါဘူး။ 

                Back Camera အနေနဲ့လည်း 13MP Camera ပဲပါဝင်တယ်ဆိုပေမယ့် Sony XZ1 ရဲ့ Features တွေအကုန်လုံးကို ရိုက်ကူးနိုင်မှာဖြစ်ပြီး Front Selfie Camera ကိုတော့ 18 Megapixels Camera ကို 120 degree wide angle lens တပ်ဆင်ထားတဲ့အတွက် Selfie Camera အနေနဲ့တော့ တော်တော်လေးကို အဆင်ပြေမှာဖြစ်ပါတယ်။ Battery အနေနဲ့လည်း XZ1 လိုပဲ 2700mAh Battery ပါဝင်မှာပါ။ 

                နောက်ဆုံးအနေနဲ့ ကြေငြာခဲ့တဲ့ဖုန်းကတော့ Sony Xperia XA1 Plus ဖြစ်ပြီး Mid Range Series အနေနဲ့ ရောင်းချမှာဖြစ်ပါတယ်။

 

                Sony Xperia XA1 Plus မှာတော့ MediaTek Helio P20 Processor ကို အသုံးပြုထားပြီး RAM 4GB နဲ့ 32GB Storage ပါဝင်မှာဖြစ်ပါတယ်။ Display အနေနဲ့တော့ 5.5" Full HD Display ပါဝင်လာမှာဖြစ်ပြီး Sony Xperia XA1 Series ဖုန်းတွေလိုပဲ ဘေးဘောင်ကတော်တော်လေးကို ပါးလွှာမှာဖြစ်ပါတယ်။ 


                Sony Xperia XA1 Plus ရဲ့ အားသာချက်ကတော့ ကင်မရာပိုင်းပဲဖြစ်ပြီး Back Camera ကို 23 Megapixels Exmor RS Camera တပ်ဆင်ထားပြီး Hybrid Focus စနစ်ဖြစ်တဲ့အတွက် Focus ဖမ်းရအလွန်မြန်ဆန်မှာဖြစ်ပါတယ်။ Front Selfie Camera အနေနဲ့လည်း 8 Megapixels Camera ပါဝင်မှာဖြစ်ပြီး ညဘက်မှာလည်း ကောင်းကောင်းရိုက်ကူးနိုင်မှာဖြစ်ပါတယ်။


                Sony XA1 Plus ဖုန်းမှာ Battery က 3420mAh Battery ပါဝင်တယ်ဆိုတော့ Battery အနေနဲ့လည်း ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ 

                Sony Xperia XZ1 နဲ့ XZ1 Compact ကို အခုစက်တင်ဘာလထဲမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၆၉၉ နဲ့ XZ1 Compact အတွက်ကတော့ ဒေါ်လာ ၅၉၉ ခန့် ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ရောင်းချတဲ့အချိန်မှာလည်း Android 8.0 Oreo တစ်ခါတည်း ပါဝင်လာမှာဖြစ်ပါတယ်။ Sony Xperia XA1 Plus ကိုတော့ ရောင်းချမယ့်အချိန်နဲ့ ဈေးနှုန်းအတိအကျမသိရသေးပါဘူး။ 

References
Gadgets NDTV
About Author
Assinged Tags
Sony Smartphones Sony Xperia Xperia Smartphones Xperia XZ1 Xperia XZ1 Compact Xperia XA1 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed