Samsung Galaxy S8 ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် LG V30 ကို တရားဝင်မိတ်ဆက်

date_range 01 September 2017

Samsung Galaxy S8 ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် LG V30 ကို တရားဝင်မိတ်ဆက်

visibility 1960 Views

                LG ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးစမတ်ဖုန်းမော်ဒယ်ဖြစ်တဲ့ LG V30 ကို ယခုကျင်းပနေတဲ့ IFA 2017 မှာ တရားဝင်မိတ်ဆက်ပြသလိုက်ပြီဖြစ်ပါတယ်။ LG V30 ဟာ Samsung ရဲ့ Galaxy S8 နဲ့ ဒီဇိုင်းအနည်းငယ်တူညီပြီး၊ Galaxy S8 ရဲ့ အဓိကပြိုင်ဘက်စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။

                LG V Series Smartphone တွေကို Dual Camera ပါဝင်ပြီး အကြမ်းခံနိုင်တဲ့ဖုန်းတွေအဖြစ်သိထားကြပေမယ့် ယခုထုတ်လုပ်လိုက်တဲ့ LG V30 ဟာ ယခင် V Series တွေနဲ့ တူညီမှုမရှိတော့ပါဘူး။ LG V30 မှာ V20 တုန်းက ပါဝင်ခဲ့တဲ့ Secondary Screen မပါဝင်လာတော့ဘဲ၊ LG G6 နဲ့ တောင်ပိုပြီး တူညီနေပါတယ်။

                အရင်ဆုံး အပြင်ပန်းကို ကြည့်မယ်ဆိုရင် LG V30 ဖုန်းကို အရှေ့ရော အနောက်ပါ Gorilla Glass 5 နဲ့ ပြုလုပ်ထားပြီး Fingerprint နေရာကလည်း LG G6 ဖုန်းလိုမျိုးပဲ ဖုန်းရဲ့ အနောက်မှာထားရှိထားတာဖြစ်ပါတယ်။ 


                အရှေ့ဘက်မှာတော့ 6" Full Vision Quad HD+ OLED Display ပါဝင်ပြီး LG ကတော့ Curved Screen မဟုတ်တော့ပဲ ပုံမှန် Flat Display ပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ကြီးမားတဲ့ဖုန်းတစ်ခုလို့ ပြောလို့ရပေမယ့် အလေးချိန် ၁၅၈ ဂရမ် နဲ့ အထူ ၇.၃ မီလီမီတာပဲ ရှိတဲ့အတွက် ဒီအရွယ်အစားရှိတဲ့ အခြားဖုန်းတွေထဲမှာတော်တော်လေးကို ပါးပြီး ပေါ့တယ်လို့ သတ်မှတ်လို့ရမှာပါ။ အဲ့ဒီအတွက် ကြံ့ခိုင်မှုကိုလည်း လျော့ထားခြင်းမရှိပဲ LG V30 Smartphone ဟာ IP 68 ပါဝင်တဲ့အတွက် ရေစိုခံနိုင်တဲ့အပြင် MIL - STD Test ကိုအောင်မြင်ထားတဲ့ဖုန်းဖြစ်တဲ့အတွက် အကြမ်းခံနိုင်တဲ့ဖုန်းတစ်ခုဖြစ်ပါလိမ့်မယ်။ 


                Specifications တွေအနေနဲ့ကတော့ LG V30 Smartphone ဟာ လက်ရှိ ၂၀၁၇ ရဲ့ Flagship ဖုန်းတွေနဲ့ ကောင်းကောင်းယှဉ်နိုင်ပြီး Qualcomm Snapdragon 835 Processor, 4GB RAM နဲ့ 64GB ဒါမှမဟုတ် 128GB ပါဝင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာတော့ အကောင်းဆုံးလို့ပြောလို့ရတဲ့ LG ရဲ့ OLED TV တွေက Display နည်းပညာကို ပထမဆုံးအနေနဲ့ ဖုန်းမှာစတင်အသုံးပြုလာပြီး၊ ၆ လက်မအရွယ် Quad HD+ P-OLED Display က HDR 10 နဲ့ အတူ LG G6 လိုပဲ Ultra Wide Screen ဖြစ်တဲ့အတွက် Display ကောင်းကောင်းအသုံးပြုချင်တဲ့သူတွေအတွက် စိတ်ကြိုက်ဖြစ်မှာပါ။ Display က Samsung Galaxy S8 လိုမျိုး လုံးဝဘောင်ပျောက် "Infinity Display" မျိုး မဟုတ်ပေမယ့်၊ Screen နဲ့ Body အချိုးက 82% တောင် ရှိတာကြောင့်၊ ဖုန်းရဲ့ ရှေ့ကိုယ်ထည်တစ်ခုလုံးကို Display ကပဲ အပြည့်နီးပါး နေရာယူထားမှာဖြစ်ပါတယ်။ LG က အခု Display ကို "FullVision" လို့ နာမည်ပေးထားပါတယ်။

                LG V30 Smartphone မှာ အဓိကအားဖြင့် အခြား Smartphone တွေနဲ့ သိသိသာသာကွဲထွက်တဲ့နေရာကတော့ Multimedia ပိုင်းမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် LG ဟာ V30 ရဲ့ ကင်မရာတွေကို သိသိသာသာ အဆင့်မြှင့်တင်ထားခဲ့ပါတယ်။ Back Primary Camera တွေဟာ အခုဆိုရင် Smartphone တွေမှာ အကြီးမားဆုံး Aperture ဖြစ်တဲ့ 16MP f1.6 Aperture နဲ့အတူ Wide Angle Lens ကိုလည်း 13MP f1.9 Aperture အထိ အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ကူးမယ့်သူတွေအတွက် Wide Angle Shots တွေကို ပိုပြီး အဆင်ပြေပြေရိုက်ကူးလာနိုင်သလို Dynamic Range လည်းပိုပြီး ကောင်းမွန်လာမှာဖြစ်ပါတယ်။ 

                နောက်တစ်ချက် LG V30 Smartphone ရဲ့ ကင်မရာအားသာချက်ကတော့ Video ရိုက်ကူးမှုမှာပဲဖြစ်ပါတယ်။ LG ဟာ Cine Mode လို့ခေါ်တဲ့ Video ရိုက်ကူးတဲ့အချိန်မှာ Real Time Filters ၁၅ မျိုးကို ထည့်သွင်းပေးခဲ့ပြီး နှစ်သက်ရာ Filter ကို အတိုးအလျော့ပြုလုပ်ပြီး Video ရိုက်ကူးနိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ ပြန်လည် Edit လုပ်ဖို့အတွက် အထူးသင့်လျော်တဲ့ Cine Log Feature ကိုလည်း ထည့်သွင်းပေးခဲ့ပါသေးတယ်။ ဒါပေမယ့် အကောင်းဆုံး Feature တစ်ခုကတော့ Point Zoom လို့ခေါ်တဲ့ Video ရိုက်ကူးနေတဲ့အချိန်မှာ နှစ်သက်ရာနေရာကို ထောက်ပြီး အဆိုပါနေရာကို တဖြည်းဖြည်း Zoom In ပြုလုပ်သွားနိုင်တာပဲဖြစ်ပါတယ်။ ဒီလို Feature ဟာ ပထမဆုံးအနေနဲ့ Smartphone တစ်ခုမှာ ပါဝင်လာတာဖြစ်ပြီး တကယ့် Digital Camera တွေနဲ့ ရိုက်ကူးသလိုမျိုးဖြစ်နေမှာပါ။ 

                LG V30 ဟာ ယခင် G6 ဖုန်းလိုမျိုး Wireless Charging နဲ့ Audio Quad DAC စတဲ့ Features တွေကို နိုင်ငံကန့်သတ်တာမျိုးမဟုတ်လုပ်တော့ပဲ V30 ဖုန်းတိုင်းမှာပါဝင်လာမှာဖြစ်ပါတယ်။ Audio ပိုင်းမှာလည်း နာမည်ကြီး Bang & Olufsen နဲ့ အတူလက်တွဲထားတာဖြစ်ပြီး B & O Earphones ပါဝင်လာမှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 3300mAh Battery ပါဝင်တယ်ဆိုတော့ မဆိုးဘူးလို့ ပြောလို့ရပြီး Quick Charge 3.0 လည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ 

                LG V30 Smartphone ကို အတိအကျရောင်းချမယ့်ဈေးနှုန်းကို မသိရသေးမယ့် လက်ရှိ Samsung Galaxy Note 8 ထက် လျော့နည်းမှာဖြစ်ပြီး ဒေါ်လာ ၇၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ 


References
GSM Arena The Verge
About Author
Assinged Tags
Smartphones LG LG Smartphones LG V30 series smartphone Fullvision
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed