HMD Global မှ Nokia 9 စမတ်ဖုန်းကို RAM 4GB အစား RAM 6GB/8GB နဲ့မိတ်ဆက်ဖွယ်ရှိ

date_range 20 June 2017

HMD Global မှ Nokia 9 စမတ်ဖုန်းကို RAM 4GB အစား RAM 6GB/8GB နဲ့မိတ်ဆက်ဖွယ်ရှိ

visibility 920 Views

                HMD Global ကနေ Nokia 3, Nokia 5 နဲ့ Nokia 6 တို့ကို India မှာ စတင်ရောင်းချခဲ့ ပြီး စမတ်ဖုန်းစျေးကွက်ထဲမှာလည်း Android OS အသုံးပြုထားတဲ့ Nokia စမတ်ဖုန်းလေးတွေကို တွေ့မြင်နေရပြီပဲ ဖြစ်ပါတယ်။ ဆက်လက်ထွက်ရှိလာမယ့် Flagship Series စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Nokia 9 ကိုတော့ Model Number TA-1004 အနေနဲ့ AnTuTu Benchmark မှာ မြင်တွေ့ခဲ့ရပါတယ်။


                Nokia 9 (TA-1004) ကို Snapdragon 835 SoC နဲ့ RAM 4GB ပါ၀င်လာမယ်ဆိုပြီး AnTuTu Benchmark Result အရ သိရှိရပါသေးတယ်။ ဒါပေမဲ့လည်း HMD Global ကနေ အမေရိကန်အစိုးရ ဆက်သွယ်ရေးကော်မရှင် (FCC) ကိုပေးပို့ထားတဲ့ Device ID လျှောက်ထားချက်တစ်ခုအရ TA-1004 Model Number ကို TA-1012 အဖြစ်ပြောင်းလဲပေးပါလို့ တောင်းဆိုထားတာကိုတွေ့ရပါတယ်။


                Flagship Series ပိုင်းမှာ အပြိုင်အဆိုင်အနေနဲ့ OnePlus 5 , HTC U11 နဲ့ LG G6+ တို့မှာ RAM 6GB နဲ့ 8GB အသီးသီးပါ၀င်ကြတာမို့ Flagship Series စမတ်ဖုန်းဖြစ်တဲ့  Nokia 9 ကို အခုလို Model Number အပြောင်းအလဲ လုပ်လိုက်တာဟာ RAM ကိုပိုမိုတိုးမြှင့်ဖို့အတွက် စတင်ခြေလှမ်းလာတာ ဖြစ်ဖို့များပါတယ်။ Nokia 9 (TA-1004) မှာတော့ Internal Storage အနေနဲ့ 64GB ပါ၀င်တာကြောင့် အခုအသစ်ပြောင်းလဲထားတဲ့ TA-1012 မှာ 64GB ပါ၀င်လာမှာလား၊ ဒါမှမဟုတ် 128GB ထည့်သွင်းပေးထားမှာလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ 

                Nokia 9 မှာ 13MP Dual-Lens Camera ပါ၀င်လာမှာဖြစ်ပြီး Front Camera ကို 12MP အသုံးပြုထားမယ်လို့ ကောလဟာလတွေထွက်ရှိထားပါသေးတယ်။ 5.3 လက်မ အကျယ်အ၀န်းရှိပြီး QHD Screen Resolution အထိထောက်ပံ့ပေးနိုင်တဲ့ Display လည်း Nokia 9 မှာပါ၀င်လာမယ်လို့ သိရှိရပါတယ်။

                အခုအချိန်ထိတော့ Nokia 9 ကိုဘယ်လိုထွက်ရှိလာမယ် အတိအကျမသိရှိရသေးပေမဲ့ Flagship Series စမတ်ဖုန်းတွေကို နှစ်သက်သူများအတွက် Nokia 9 ဟာလည်း ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမှာ အသေအချာပါပဲ။ 

References
Android Community
About Author
Assinged Tags
Android Smartphones Nokia Android Phone Resolution Nokia Android Nokia 9 RAM 4GB RAM 8GB RAM 6GB QHD AnTuTu AnTuTu Benchmark
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed