RAM 6GB နဲ့ Internal Storage 128GB ပါ၀င်လာတဲ့ LG G6+

date_range 19 June 2017

RAM 6GB နဲ့ Internal Storage 128GB ပါ၀င်လာတဲ့ LG G6+

visibility 6220 Views

                LG G6 စမတ်ဖုန်းကို မတ်လ ၂၀၁၇ မှာ စတင်ဖြန့်ချိခဲ့ပြီး အခုအခါ LG ကုမ္ပဏီမှ LG G6+ စမတ်ဖုန်းကို သိပ်မကြာခင်မှာ International အတွက်ဖြန့်ချိသွားမှာပါ။ Samsung Galaxy S8 နဲ့ HTC U11 မှာ RAM 6GB ပါ၀င်လာတာကြောင့် Samsung, HTC တို့နဲ့အပြိုင် RAM 6GB ပါ၀င်တဲ့ LG G6+ စမတ်ဖုန်းကို ထုတ်လုပ်နိုင်ဖို့ LG ဘက်ကနေ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ LG G6+ စမတ်ဖုန်းကို လက်တလောမှာတော့ ကိုရီးယားနိုင်ငံမှာ မိတ်ဆက်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။ 

                LG G6+ စမတ်ဖုန်းမှာ RAM 6GB နဲ့ Internal Storage 128GB ပြောင်းလဲသွားတာရယ်၊ ဖုန်းရဲ့နောက်ကျောဘက်က G6 Logo နေရာမှာ G6+ ဆိုပြီးပြောင်းလဲသွားတာ ကလွဲလို့ LG G6 Specification တွေအတိုင်း မျက်နှာပြင်အကျယ် 5.7 လက်မ ရှိပြီး QHD+ (1440 x 2880 Pixels Resolution) ထိထောက်ပံ့ပေးနိုင်တဲ့ Display, Snapdragon 821 Processor, microSD slot, 13MP Dual Camera နဲ့ 5MP Front-Facing Camera, Bluetooth 4.2, NFC, 32-bit Quad DAC, USB Type-C, 3300mAh ဘက်ထရီ ပါ၀င်လာမှာပဲဖြစ်ပါတယ်။ 

                Software ပိုင်းမှာလည်း LG G6 အတိုင်း Android Nougat အသုံးပြုထားပြီး LG UX 6.0 User Interface ပါ၀င်လာမှာပါ။ LG G6+ မှာတော့ LG ရဲ့ အသံကြည်လင်ပြတ်သားစေမဲ့ 32-bit Quad DAC ကို အပြည့်အ၀ထောက်ပံ့ပေးနိုင်မဲ့ B&O Play Eearphones တစ်စုံ တစ်ပါတည်း ထည့်သွင်းပေးထားမယ် လို့ဆိုပါတယ်။

                 LG G6+ နဲ့အတူ LG G6 ကိုလည်း RAM 4GB, Internal Storage 64GB အပြင် RAM 4GB, Internal Storage 32GB နဲ့ RAM 4GB, Internal Storage 128GB ပါ၀င်တဲ့ နောက်ထပ် LG G6 Variant နှစ်မျိုးကို ထုတ်လုပ်ဦးမယ်လို့ဆိုပါတယ်။

                LG G6 ရဲ့ Variant အသစ်နှစ်မျိုးနဲ့ LG G6+ အတွက် Optical Astro Black, Optical Terra Gold နဲ့ Optical Marine Blue ဆိုပြီး အရောင်အသစ်သုံးမျိုး ရွေးချယ်၀ယ်ယူနိုင်ဦးမှာပါ။ ဒီအရောင်အသစ်သုံးမျိုးလုံးမှာ Lenticular Film Layer ကိုထည့်သွင်းပေးထားမှာမို့ နေရောင်မှာထားတဲ့အခါ Optical Effect တစ်မျိုးပါ၀င်လာမယ်လို့ LG မှ ပြောကြားထားပါတယ် (ဒါကြောင့်လည်း အရောင်နာမည်တွေအရှေ့မှာ တမင် Optical လို့ထည့်သွင်းသုံးနှုန်းရခြင်းဖြစ်ပါတယ်)။  


                နောက်ဆက်တွဲသတင်းတွေအနေနဲ့ကတော့ LG G6 နဲ့ LG G6+ အတွက် System Update ကို နောက်လ အစပိုင်းလောက်မှာ ထွက်ရှိလာဦးမှာဖြစ်ပြီး Face Print ဆိုတဲ့ Security Feature အသစ်နဲ့ Low Power Consumption ဆိုတဲ့ Battery Saving Feature အသစ်တွေပါ၀င်လာမှာပါ။ Face Print ကတော့ ထူးထူးခြားခြား Feature အသစ်မဟုတ်ပဲ Android ရဲ့နစ်မြုပ်နေတဲ့ Face Unlock Feature ကို LG ကနေ ပြန်လည်မွမ်းမံထားတာပဲဖြစ်ပါတယ်။

                LG G6+ နဲ့ LG G6 Variant အသစ်နှစ်မျိုးအတွက် International မှာ ဖြန့်ချိမယ့်စျေးနှုန်းတော့ လောလောဆယ် အတိအကျသတ်မှတ်ထားခြင်းမရှိသေးပါဘူး။ Korea နိုင်ငံမှာ မိတ်ဆက်ခဲ့ပြီးပြီဆိုတော့ International စမတ်ဖုန်းစျေးကွက်ထဲကို ရောက်ရှိလာဖို့သိပ်မကြာလောက်တော့ဘူးလို့ ခန့်မှန်းရပါတယ်။

References
Android Central
About Author
Assinged Tags
Android LG LG Smartphones Android Phone LG Smartphones LG G6 LG G6 Plus B&O Play Earphones Optical Astro Black Terra Gold Marine Blue Security Mobile Security Face Print
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed