OnePlus 5 အတွက် Specification များထွက်ပေါ်

date_range 15 June 2017

OnePlus 5 အတွက် Specification များထွက်ပေါ်

visibility 6700 Views

                OnePlus ကုမ္ပဏီရဲ့ အသစ်မိတ်ဆက်မယ့် OnePlus 5 စမတ်ဖုန်းကို ဇွန်လ ၂၀ ရက်နေ့ မှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ OnePlus 5 စမတ်ဖုန်းမှာ RGB+Monochrome Sensor အသုံးပြု Dual Camera , DxO နဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ Color အရည်အသွေးကောင်းမွန်မယ့် Camera အကြောင်း နဲ့ Snapdragon 835 SoC အသုံးပြုထားမယ် ဆိုတဲ့အကြောင်းတွေကို အသီးသီးဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်။ 

                အခု OnePlus ကနေ OnePlus 5 စမတ်ဖုန်းကို စတင် မိတ်မဆက်ခင် ငါးရက်အလိုမှာ Specifications အချို့တော့ ထွက်ပေါ်လာခဲ့ပါပြီ။ ကျွန်တော်တို့ OnePlus 5 ရဲ့ ကျောဘက်မှာဆိုရင် LED Flash ပါ၀င်လာမှာဖြစ်ပြီး OnePlus Logo ကတော့ အလယ်မှာ အသားတံဆိပ်ပါ၀င်လာမှာပါ။ Android Nougat (7.1.1) ကိုလည်း အသုံးပြုထားမယ်လို့ သိရှိရပါတယ်။

                ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်း 5.5 လက်မရှိပြီး Resolution အနေနဲ့ 1920 x 1080 Pixels အထိထောက်ပံ့ပေးနိုင်မှာပါ။ Snapdragon 835 Processor အသုံးပြုထားပြီး RAM အနေနဲ့ကတော့ 6GB နဲ့ 8GB, Internal Storage အနေနဲ့ 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးနှစ်စားထွက်ရှိလာနိုင်ပါတယ်။ Dual-band Universal Flash Storage (UFS) 2.1 ကိုအသုံးပြုထားတဲ့အတွက် အမြင့်ဆုံး 1.2GB/s အထိ Data Transfer ပြုလုပ်နိုင်မှာပါ။ 

                Battery အနေနဲ့ 3300 mAh အသုံးပြုထားပြီး Dash Technology ကိုအသုံးပြုထားတဲ့အတွက် အားသွင်းတဲ့အခါ 0% ကနေ 92%  ထိကို အချိန်တစ်နာရီသာ ကြာမြင့်မှာဖြစ်ပါတယ်။ Dual Camera အနေနဲ့ 20 Megapixels Camera (f/2.6 Aperture) နဲ့ 16 Megapixels Sensor (f/1.7 Aperture) အသီးသီးပါ၀င်လာမှာပါ။ 

                Network အနေနဲ့ အမြင့်ဆုံး Category 12 LTE အသုံးပြုပေးထားပါတယ်။ Samsung Galaxy S8 မှာအသုံးပြုထားတဲ့ Bluetooth 5.0 လည်းပါ၀င်လာမှာပါ။ ဖုန်းရဲ့ဘေးပတ်လည် ဘယ်လောက်ရှိမယ်ဆိုတာတော့ အတိအကျ မသိရှိရသေးပေမဲ့ OnePlus ကုမ္ပဏီကနေ Tweet ထားတဲ့ OnePlus 5 ဖုန်းရဲ့ပုံစံဟာ အတော်လေးပါးလွှာနေတာကို တွေ့မြင်ရမှာပါ (ပုံကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်)။ 


                ဒီလိုနည်းပညာအမြင့်စားတွေ အသုံးပြုထားပေမယ့်လို့ Flagship Killer လို့နာမည်ပေးထားတဲ့အတိုင်း စျေးနှုန်းအနေနဲ့ USD $479 သတ်မှတ်ပေးထားတာကြောင့် Samsung Galaxy S8, Sony Xperia XZ Premium, Google Pixel, HTC U11 နဲ့ LG G6 လောက် စျေးနှုန်းတွေ တဟုန်ထိုးမြင့်မားနေတာမျိုးမရှိပါဘူး။ Flagship Killer ကြီး OnePlus 5 စမတ်ဖုန်းဟာ လတ်တလော စမတ်ဖုန်းစျေးကွက်ထဲမှာ ထွက်ရှိထားပြီး Popular ဖြစ်နေတဲ့ Flagship စမတ်ဖုန်းတွေကို တစ်ချက်တည်းနဲ့ ငြိမ်ကျသွားအောင်လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလား ဆိုတာကိုတော့ ကျွန်တော်တို့ ဇွန်လ ၂၀ ရက်နေ့ နောက်ပိုင်းမှာ အဖြေထွက်လာတော့မှာပါ။

References
Android Community Tecnoblog
About Author
Assinged Tags
Android Smartphones Nougat Smartphone Leaks Android Nougat Dual Camera Smartphone Android Smartphones Leaked information Android Phone Dual Camera Smartphones OnePlus 5 OnePlus Dual Camera OnePlus 5 Specs OnePlus 5 Specifications
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed