One Plus 5 မှာ RGB + Monochrome Sensor အသုံးပြုထားတဲ့ Dual Camera ပါဝင်မည်

date_range 06 June 2017

One Plus 5 မှာ RGB + Monochrome Sensor အသုံးပြုထားတဲ့ Dual Camera ပါဝင်မည်

visibility 300 Views

                Flagship Killer လို့ လူသိများတဲ့ One Plus Brand ကနေပြီးတော့ သူတို့ရဲ့ Flagship ဖုန်းဖြစ်လာမယ့် One Plus 5 ရဲ့ ဓါတ်ပုံနမူနာများထပ်မံပေါက်ကြားလာခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံတွေအရ One Plus 5 မှာ Huawei P10 လိုပဲ Monochrome + RGB Sensor ကို အသုံးပြုမယ်လို့ ယူဆရပါတယ်။ 

                ပြီးခဲ့တဲ့ရက်တွေတုန်းကလည်း One Plus 5 ရဲ့ ကင်မရာကို နာမည်ကြီး Camera Benchmark Team ဖြစ်တဲ့ DxOMark နဲ့ ပူးပေါင်းဆောင်ရွက်နေတာကို ကြေငြာခဲ့ပြီး Twitter, Facebook နဲ့ Weibo တို့မှာ One Plus 5 နဲ့ ရိုက်ထားတယ်လို့ယူဆရတဲ့ ဓါတ်ပုံတွေကိုတင်ခဲ့ပါတယ်။ 

                One Plus 5 ကို ဒီလ ၁၅ ရက်နေ့မှာ ကြေငြာသွားမယ်လို့ ယူဆရပြီး ယခင် One Plus 3T ထက်ပိုမိုသေးငယ်တဲ့ ကိုယ်ထည်နဲ့ ပိုပြီးပါးလွှာသွားမယ်လို့ ပြောထားထားပါတယ်။ 

References
GizmoChina
About Author
Assinged Tags
Smartphones Rumors OnePlus 5 OnePlus Leaks
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed