One Plus 5 ကို ဂျွန်လ ၂၀ ရက်နေ့မှာ နိုင်ငံအမြောက်အများတွင် မိတ်ဆက်သွားမည်

date_range 08 June 2017

One Plus 5 ကို ဂျွန်လ ၂၀ ရက်နေ့မှာ နိုင်ငံအမြောက်အများတွင် မိတ်ဆက်သွားမည်

visibility 150 Views

                One Plus Company ကနေ ပြီးတော့ One Plus 5 စမတ်ဖုန်းကို ယခုလ (ဂျွန်လ) ၂၀ ရက်နေ့မှာ စတင်မိတ်ဆက်သွားမယ်ဆိုတဲ့အကြောင်း တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။

                အမေရိကန်နိုင်ငံ New York City မှာ June 20 ရက်နေ့ 7pm အချိန်မှာ One Plus ရဲ့ CEO Carl Pei ကိုယ်တိုင်ကြေငြာမှာဖြစ်ပါတယ်။ အခြားနိုင်ငံတွေဖြစ်တဲ့ London, Paris, Amsterdam, Berlin, Copenhagen နဲ့ Helsinki တို့မှာလည်း တချိန်တည်း ကျင်းပသွားမှာဖြစ်ပြီး အချိန်အတိအကျကိုတော့ One Plus Website မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

                One Plus Company က One Plus 5 Smartphone မှာ Snapdragon 835 CPU ပါဝင်လာမယ်ဆိုတာကို အတည်ပြုခဲ့ပြီး လက်ရှိမှာ အပါးလွှာဆုံး Flagship ဖုန်းဖြစ်လာမယ်ဆိုပြီးပါ ပြောခဲ့ဖူးပါတယ်။ ယခင်ကထုတ်ပြန်ခဲ့တဲ့ Camera Sample Images တွေနဲ့ နာမည်ကြီး Camera Benchmarking Website ဖြစ်တဲ့ DxOMark နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတာကို လည်းကြေငြာခဲ့တဲ့အတွက် ကင်မရာပိုင်းလည်း ကောင်းမွန်မယ်လို့ မျှော်လင့်ရပါတယ်။ 

References
Android Authority
About Author
Assinged Tags
Smartphones OnePlus 5 OnePlus Launch Event
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed