18:9 Display နဲ့အတူ Carl Zeiss အသိအမှတ်ပြု Dual Camera Setup နဲ့ ပွဲထွက်လာဖွယ်ရှိတဲ့ Nokia 7 Plus

date_range 07 February 2018

18:9 Display နဲ့အတူ Carl Zeiss အသိအမှတ်ပြု Dual Camera Setup နဲ့ ပွဲထွက်လာဖွယ်ရှိတဲ့ Nokia 7 Plus

visibility 1580 Views

                မကြာသေးမီအချိန်က HMD Global အနေနဲ့ Nokia Android စမတ်ဖုန်းတွေရဲ့ ကင်မရာပိုင်းအတွက် နာမည်ကြီး Camera Lenses ကုမ္ပဏီတစ်ခုဖြစ်တဲ့ ZEISS နဲ့အတူ ပြန်လည် လက်တွဲလုပ်ကိုင်နေပြီ ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။ ဒါ့အပြင် HMD Global အနေနဲ့ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် MWC 2018 ပွဲကို တက်ရောက်မှာ ဖြစ်တာကြောင့် Flagship စမတ်ဖုန်းတစ်လုံး ဖြစ်လာမယ့် Nokia 9 နဲ့အတူ Nokia 6 (2018)၊ Nokia 7 Plus စတဲ့ စမတ်ဖုန်းတွေကို MWC 2018 မှာ မိတ်ဆက်လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

                အခုအခါမှာတော့ MWC 2018 မှာ မိတ်ဆက်လာနိုင်ခြေရှိတဲ့ Nokia 7 Plus နဲ့ ပက်သတ်တဲ့ Render Image တွေ ထပ်မံ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။  အခု အသစ်ထွက်ရှိလာတဲ့ Render Video ကို အရင်တုန်းက ထွက်ရှိထားတဲ့ Nokia 7 Plus နဲ့ ပတ်သတ်တဲ့ ကောလာဟလ အားလုံးကို ပေါင်းစပ်ပြီး Science and Knowledge ဆိုတဲ့ YouTube Channel မှ ဒီဇိုင်နာများက ဖန်တီးထားတာ ဖြစ်တယ်လို့ သိရပါတယ်။


                အောက်တိုဘာလ ၂၀၁၇ တုန်းက မိတ်ဆက်ပေးခဲ့တဲ့ Nokia 7 စမတ်ဖုန်းကို HMD Global အနေနဲ့ တရုတ်ပြည်တွင်းမှာသာ ရောင်းချခဲ့ပါတယ်။ Nokia 7 ဟာ Nokia က ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေထဲမှာ ဖန်သားပြင် Chassis ကို အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Nokia 7 Plus မှာလည်း ဖန်သားပြင် Chassis ကို ဆက်လက် အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။


                တကယ်လို့ Nokia 7 Plus စမတ်ဖုန်းသာ အခု ထွက်ရှိလာတဲ့ Render Video ထဲကအတိုင်း ထွက်ရှိလာခဲ့မယ်ဆိုရင် Nokia စမတ်ဖုန်းတွေထဲမှာ ပထမဆုံး Full Screen ဒီဇိုင်းကို အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ Nokia 7 Plus မှာ Frame ကိုတော့ Aluminum Frame ကို အသုံးပြုလာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Nokia 7 Plus ကို Splash Proof Device အဖြစ် ထုတ်လုပ်သွားမှာ ဖြစ်တာကြောင့် IP54 Rating လည်း ပါဝင်လာနိုင်ပါတယ်။

                Display ကိုတော့ ၆ လက်မ အရွယ်အစားရှိ IPS LCD Display ကို အသုံးပြုလာနိုင်ပြီး FHD+ Resolution (2160 x 1080 Pixels) ကို ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် 18:9 Aspect Ratio နဲ့ ထွက်ရှိလာနိုင်တာကြောင့် Nokia 7 နဲ့ ယှဉ်မယ်ဆိုရင် Bezel တွေ တော်တော်ကို နည်းပါးသွားမှာ ဖြစ်ပါတယ်။ Bezel-Less Display ကို အသုံးပြုထားတာကြောင့် Fingerprint Scanner ကိုတော့ ဖုန်းရဲ့ကျောဘက် ကင်မရာ အောက်နားလောက်မှာ မြင်တွေ့ရနိုင်ပါတယ်။


                မကြာသေးမီအချိန်က Nokia 7 Plus ရဲ့ Specifications တွေ Geekbench ကနေတစ်ဆင့် ပေါက်ကြားခဲ့တာကြောင့်လည်း Nokia 7 Plus မှာ Snapdragon 660 SoC ကို အသုံးပြုလာနိုင်ပြီး RAM 4GB ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Nokia 7 မှာလိုမျိုး Nokia 7 Plus ကိုလည်း RAM 4GB Version အပြင် RAM 6GB Version ကိုပါ ရောင်းချလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။


                ဓါတ်ပုံရိုက်ကူးရေးအတွက် Carl Zeiss အသိအမှတ်ပြု 12-Megapixel + 13-Megapixel Dual Camera Setup ကို အသုံးပြုလာနိုင်ပြီး OIS (Optical Image Stabilization) နဲ့ 2x Optical Zoom Support လည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Selfie ပိုင်းအတွက်ကိုတော့ 16-Megapixel Front Camera ကို အသုံးပြုလာနိုင်ပါတယ်။


                Nokia 7 Plus မှာ Preinstalled Android Oreo ပါဝင်လာနိုင်ပြီး Battery ကိုတော့ 3450 mAh Battery နဲ့ Fast Charging Support လည်း ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် 3.5mm Audio Jack နဲ့ အတူ USB-C Port လည်း ပါဝင်လာနိုင်ပါတယ်။ ကောလာဟတွေအရ Nokia 7 Plus ကို ကန်ဒေါ်လာ ၅၀၈ ဒေါ်လာ (မြန်မာငွေ ၆ သိန်း ၇ သောင်း ဝန်းကျင်) နဲ့ ရောင်းချလာနိုင်တယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizMoChina
About Author
Assinged Tags
Smartphones Nokia Smartphone Leaks Rumors Leaked information Leaks Nokia 7 Nokia 7 Plus
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed