ကျောဘက်ကင်မရာ ၅ လုံး (Penta-Camera Setup) နဲ့ ပွဲထွက်လာနိုင်တဲ့ Nokia 10 နဲ့အတူ Nokia 7 Plus ရဲ့ Specification တချိူ့ ပေါက်ကြား

date_range 30 January 2018

ကျောဘက်ကင်မရာ ၅ လုံး (Penta-Camera Setup) နဲ့ ပွဲထွက်လာနိုင်တဲ့ Nokia 10 နဲ့အတူ Nokia 7 Plus ရဲ့ Specification တချိူ့ ပေါက်ကြား

visibility 6440 Views

Nokia 10 Penta-Camera Setup

                HMD Global အနေနဲ့ Nokia Android Smartphone တွေရဲ့ ကင်မရာပိုင်းအတွက် ZEISS နဲ့အတူ ပြန်လည် လက်တွဲလုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Camera Lenses ကုမ္ပဏီတစ်ခုဖြစ်တဲ့ ZEISS က Nokia နဲ့အတူ လက်တွဲလုပ်ကိုင်မယ့် Video တစ်ခုကို ၂၀၁၇ ခုနှစ် ဇူလိုင်လက သူတို့ရဲ့ Twitter အကောင့်မှာ တင်ထားခဲ့ပြီး တရားဝင် ကြေငြာခဲ့ပါသေးတယ်။

                ဒီနေ့မှာတော့ Nokia Flagship Smartphone တွေရဲ့ မျိူးဆက်သစ်ဖြစ်တဲ့ Nokia 10 ဟာ Penta-Camera (ကင်မရာ ၅လုံး) နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းပြောဆို နေကြပါတယ်။ Nokia 10 နဲ့ ပတ်သက်ပြီး ထွက်ရှိလာတဲ့ ကောလဟလကတော့ ကင်မရာပိုင်းဆိုင်ရာ ပုံကြမ်းတစ်ပုံပဲ ဖြစ်ပါတယ်။ ဒီပုံကြမ်းဟာ NokiaPowerUser ကနေတဆင့် ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ Nokia 10 ရဲ့ ကင်မရာဒီဇိုင်းက ဟိုးအရင်က ထုတ်လုပ်ခဲ့တဲ့ Windows OS သုံး Nokia Lumia 1020 ရဲ့ ကင်မရာဒီဇိုင်း ပုံစံမျိူး ဖြစ်ပါတယ်။


                ဒါ့အပြင် ZEISS ရဲ့ Multi-lens Mobile Camera နည်းပညာနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေဟာလည်း ဂျာမနီနိုင်ငံ မူပိုင်ထုတ်လုပ်ခွင့်နဲ့ Trade Mark ရုံးမှတစ်ဆင့် ပေါက်ကြားခဲ့ပါသေးတယ်။ ပေါက်ကြားခဲ့တဲ့ မူပိုင်ထုတ်လုပ်ခွင့် မှတ်ပုံတင်အရ ZEISS Multi-lens Mobile Camera နည်းပညာမှာ Focal Length မတူညီတဲ့ Lens တွေ ပါဝင်မယ်လို့ သိရပါတယ်။

                Camera Module တွေက ၅ လုံး ဆိုပေမယ့် ၅ လုံး စလုံးကို ကျွန်တော်တို့ မြင်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Dual Camera တွေလို အသုံးပြုမှာ ဖြစ်တဲ့အတွက် ကျန်တဲ့ ကင်မရာတွေကိုတော့ Camera Module ရဲ့အောက်မှာ ဖုံးထားမှာ ဖြစ်ပါတယ်။

                Primary Camera က Camera Module ရဲ့ အလည်ခေါင်တည့်တည့်မှာရှိမှာ ဖြစ်ပြီး ကျန်တဲ့ကင်မရာ ၄ လေးလုံးကတော့ Primary Camera ကို စက်ပိုင်းပုံသဏ္ဍာန် ဝန်းရံထားမှာ ဖြစ်ပါတယ်။ ကင်မရာ ၂ လုံးကိုပဲ အဓိကထား အသုံးပြုမှာ ဖြစ်တဲ့အတွက် Primary Camera ကို ဝန်းရံထားတဲ့ ကင်မရာ ၄ လုံးက Focal Length ကို လိုအပ်သလို ပြောင်းလဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Camera Module တခုလုံးရဲ့ အောက်မှာတော့ Fingerprint Sensor မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Nokia 10 ဟာ မကြာခင် ထွက်ရှိတော့မယ့် Nokia 9 မှာလို 18:9 Display နဲ့ အတူ Snapdragon 845 SoC ကို အသုံးပြုဖွယ် ရှိပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့ ဘာလင်မြို့မှာ ကျင်းပမယ့် IFA 2018 ပွဲမှာ မိတ်ဆက်နိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

Nokia 7 Plus

                Nokia 7 Plus နဲ့ ပတ်သက်တဲ့ သတင်းကတော့ Geekbench မှတဆင့် ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Nokia Camera App ကနေတဆင့် Nokia 4, Nokia 7 Plus နဲ့ Nokia 1 တို့ရဲ့ အချက်အလက်များလဲ ပေါက်ကြားခဲ့ပါသေးတယ်။ Nokia 7 Plus ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလက မိတ်ဆက်ခဲ့တဲ့ Nokia 7 ရဲ့ မျိူးဆက်သစ် ဖြစ်ပါတယ်။

                Nokia 7 မှာတုန်းက Qualcomm ရဲ့ Snapdragon 630 SoC Processor ကို အသုံးပြုခဲ့တာ ဖြစ်ပေမယ့် Nokia 7 Plus ကတော့ Snapdragon 660 SoC Processor ကို အသုံးနိုင်ဖွယ် ရှိပါတယ်။ RAM အနေနဲ့ 4GB ပါဝင်နိုင်ဖွယ်ရှိပြီး Android 8.0 Oreo နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

                Nokia စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးနေတဲ့ HMD Global အနေနဲ့ Nokia 7 Plus နဲ့အတူ တခြား မော်ဒယ်တွေဖြစ်တဲ့ Nokia 9 နဲ့ Nokia 3310 (4G) တို့ကို လာမယ့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါလ ၂၆ ရက်နေ့မှာ ကျင်းပမယ့် MWC 2018 မှာ မိတ်ဆက်သွားနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Nokia 6 (2018) နဲ့ Nokia 7 တို့ကိုလဲ Global Version အနေနဲ့ မိတ်ဆက်သွားဖွယ် ရှိတယ်လို့ သိရပါသေးတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV
About Author
Assinged Tags
Nokia HMD Global Smartphone Leaks Rumors Leaks Nokia 7 Nokia 10 Nokia 7 Plus Penta Camera Setup ZEISS
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed