မျိုးဆက်သစ် iPhone တွေမှာ Qualcomm Modem တွေကို မသုံးတော့ပဲ Intel Modem တွေကိုပဲ သုံးတော့မယ့် Apple

date_range 05 February 2018

မျိုးဆက်သစ် iPhone တွေမှာ Qualcomm Modem တွေကို မသုံးတော့ပဲ Intel Modem တွေကိုပဲ သုံးတော့မယ့် Apple

visibility 1540 Views

                ဒီဇင်ဘာလကုန်လောက်တုန်းက Apple အနေနဲ့ Qualcomm Modem တွေကို မသုံးတော့ပဲ Intel Modem နဲ့ MediaTek Modem တွေကိုပဲ အသုံးပြုတော့မယ်ဆိုတဲ့ သတင်းတစ်ခု ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် Apple နဲ့ ပက်သက်ရင် ခန့်မှန်းသမျှ မှန်လေ့ရှိတဲ့ Ming-Chi Kuo ကတော့ ဒီနေ့မှာပဲ မျိုးဆက်သစ် iPhone တွေမှာ Intel Modem တွေကိုပဲ သုံးတော့မယ်လို့ ပြောသွားပါတယ်။

                ဘာလို့လဲဆိုတော့ Intel က ဈေးနှုန်းကိုလည်း Apple လိုသလို ညှိပေးနိုင်တဲ့အပြင် Apple လိုချင်တဲ့ နည်းပညာ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်တာကြောင့်လို့ Ming-Chi Kuo က ဆိုပါတယ်။ ဒါပေမယ့် အခုအချိန်မှာ 5G Network အတွက် ပြင်ဆင်ပြီးဖြစ်တဲ့ Qualcomm လိုမျိုး Intel အနေနဲ့ 5G Network အမှီလိုက်နိုင်ပါ့မလား ဆိုတာကိုတော့ မသိရသေးပါဘူး။

                Intel Modem တွေဟာ Dual SIM နဲ့ Dual Standby ကို Support ပေးနိုင်တာ ဖြစ်တဲ့အတွက် မျိုးဆက်သစ် iPhone တွေဟာ Dual SIM ဖုန်းတွေ ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် SIM Slot နှစ်ခုပါဝင်လာမလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

                နောက်ထပ် Apple ဘက်က သတိပြုရမယ့် အချက်ကတော့ Inel Modem တွေဟာ Qualcomm Modem တွေလောက် Performance မကောင်းဘူး ဆိုတာပါပဲ။ ဒါပေမယ့်လည်း အော်ဒါအကုန်လုံး လက်ခံရရှိမယ့် Intel အနေနဲ့ Performance ပိုင်းမှာ အရင်ကထက်သာအောင် လုပ်ပေးနိုင်မယ့် အလားအလာကတော့ ရှိနေပါတယ်။

                Qualcomm အနေနဲ့ Qualcomm Modem တွေကိုပဲ အသုံးပြုအောင် Apple ကို လာဘ်ထိုးခဲ့တာကြောင့် ဥရောပသမဂ္ဂကို ဒဏ်ကြေး ပေးဆောင်ရမယ့် အခြေအနေတွေ၊ မပြီးပြတ်နိုင်သေးတဲ့ မူပိုင်ခွင့်တိုက်ပွဲတွေကြောင့်လည်း Apple ဘက်က Qualcomm နဲ့ လက်တွဲဖြုတ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခန့်မှန်းရပါတယ်။

                Apple အနေနဲ့ iPhone 7 ကတည်းက Qualcomm နဲ့ အနည်းငယ် လက်တွဲဖြုတ်ခဲ့တာဖြစ်ပြီး Intel ကို အော်ဒါတစ်ဝက် ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီတုန်းကလည်း Qualcomm ဘက်က ဆုံးရှုံးနစ်နာမှုတွေ ရှိခဲ့ရပြီး မျိုးဆက်သစ် iPhone တွေအတွက် အော်ဒါမရရှိတော့ဘူး ဆိုရင်တော့ Qualcomm အနေနဲ့ ဆုံးရှုံးမှုတွေ ပိုများသွားမှာပဲ ဖြစ်ပါတယ်။

References
9to5Mac elchapuzasinformatico
About Author
Assinged Tags
iPhone Qualcomm Qualcomm Modems Intel Apple Intel Modems
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed