Qualcomm Modem အသုံးပြုထားတဲ့ iPhone X က Intel Modem အသုံးပြုထားတဲ့ iPhone X ထက် LTE Speed ပိုမိုကောင်းမွန်

date_range 04 December 2017

Qualcomm Modem အသုံးပြုထားတဲ့ iPhone X က Intel Modem အသုံးပြုထားတဲ့ iPhone X ထက် LTE Speed ပိုမိုကောင်းမွန်

visibility 2140 Views

                Wireless Signal တွေကို စမ်းသပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cellular Insights က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုအရ Qualcomm Modem အသုံးပြုထားတဲ့ iPhone X က Intel Modem အသုံးပြုထားတဲ့ iPhone X ထက် LTE Speed ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။

                Cellular Insights က စမ်းသပ်သူတွေ အနေနဲ့ iPhone X Model နှစ်မျိုးစလုံးရဲ့ LTE Speed ကို တိုင်းထွာရာမှာ Result ကို တိတိကျကျ သိနိုင်ဖို့အတွက် Vivaldi Antenna လေးခု တပ်ဆင်ထားတဲ့ Professional Equipment တစ်ခုနဲ့ စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

                စမ်းသပ်တဲ့နေရာမှာ Cellular Tower ကနေ မတူညီတဲ့ အကွာအဝေး အမျိုးမျိုးကနေ စမ်းသပ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ Signal Strength -85dBm ရရှိနိုင်တဲ့ အကွာအဝေးကနေ တစ်ဆင့် Cellular Connection လုံးဝ မရှိတော့တဲ့ အကွာအဝေးအထိ တိုင်းတာခဲ့တယ်လို့ သိရပါတယ်။

                Modem နှစ်ခုစလုံးကတော့ 20MHz Carrier မှာ 195Mbps ရှိတဲ့ Data Input/Output Speed ကို ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Signal Strength -87dBm မှာတော့ Intel Modem က 169Mbps ပဲ ပေးနိုင်ပါတော့တယ်။ Qualcomm Modem ကတော့ Signal Strength -93dBm ရောက်မှာသာ 169Mbps ကို ကျသွားတာ ဖြစ်ပါတယ်။

 

                LTE Signal မကောင်းတဲ့ အခြေအနေမျိုးမှာဆိုရင် Modem နှစ်ခုရဲ့ ကွာခြားချက်က ပိုပြီးသိသာတယ်လို့ Cellular Insights က ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ဘယ်လောက်ထိအောင် ကွာသွားလဲဆိုတော့ Qualcomm Modem က Intel Modem ထက် ၆၇% လောက် မြန်တဲ့အထိကို ကွာသွားတာပါ။


                Qualcomm Modem ကတော့ Signal Strength -130dBm မှာ LTE Signal လုံးဝ မရတော့ပဲ Intel Modem ကတော့ Signal Strength -129dBm မှာတင် LTE Signal လုံးဝ ပြတ်သွားတာ ဖြစ်ပါတယ်။ ဒီတော့ LTE Signal လုံးဝ မရနိုင်တဲ့ အနေအထားမှာတော့ သူမသာ၊ ကိုယ်မသာပဲလို့ ပြောလို့ရပါတယ်။

                iPhone 7 နဲ့ 7 Plus တုန်းကလည်း Qualcomm Modem အသုံးပြုထားတဲ့ အလုံးတွေက LTE Download Speed ပိုမို မြန်ဆန်ခဲ့တယ် ဆိုပေမယ့် iPhone X မှာလိုမျိုးတော့ Result က ကွာဟချက် သိပ်မရှိခဲ့ဘူးလို့ Cellular Insights က ပြောထားပါတယ်။

                Apple အနေနဲ့ iPhone X, 8 နဲ့ 8 Plus တွေကို အသုံးပြုထားတဲ့ Modem အမျိုးအစား ကွဲတဲ့ Model နှစ်မျိုးအနေနဲ့ ဖြန့်ချီရောင်းချနေတာ ဖြစ်ပါတယ်။ မိမိရဲ့ iPhone X ဒါမှမဟုတ် 8, 8 Plus မှာ Qualcomm Modem သုံးထားတာလား၊ Intel Modem သုံးထားတာလား သိချင်တယ်ဆိုရင် Settings -> General -> About ထဲက Model ဆိုတဲ့ စာသားလေးကို တစ်ချက်နှိပ်လိုက်ပါ။ A1865 ဆိုရင် Qualcomm Modem အသုံးပြုထားတာဖြစ်ပြီး A1901 ဆိုရင်တော့ Intel Modem ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

References
MacRumors PC Mag iFixit
About Author
Assinged Tags
Qualcomm Modems iPhone 7 Plus iPhone 7 iPhone 8 related news Data Transfer LTE Apple iPhone X iPhone 8 Plus LTE Signal Strength LTE Speed
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed