၂၀၁၈ ခုနှစ်ထုတ် iPhone တွေမှာ MediaTek Modem တွေကိုပဲ အသုံးပြုနိုင်ခြေရှိတဲ့ Apple

date_range 27 December 2017

၂၀၁၈ ခုနှစ်ထုတ် iPhone တွေမှာ MediaTek Modem တွေကိုပဲ အသုံးပြုနိုင်ခြေရှိတဲ့ Apple

visibility 1480 Views

                မပြီးပြတ်နိုင်သေးတဲ့ Apple နဲ့ Qualcomm ကြားက ပြဿနာတွေကြောင့် Apple အနေနဲ့ ၂၀၁၈ ခုနှစ်ထုတ် iPhone မျိုးဆက်သစ်တွေမှာ Qualcomm Modem တွေကို ဆက်လက်အသုံးပြုသွားဖို့ အလားအလာ တော်တော်လေး နည်းနေပြီး MediaTek Modem တွေကိုပဲ အသုံးပြုနိုင်ခြေရှိတယ်လို့ DigiTimes က Report တစ်ခုအရ သိရပါတယ်။ 

                Report ထဲမှာတော့ Apple အနေနဲ့ အော်ဒါတစ်ဝက်နီးပါးကို Qualcomm ဆီကနေ Intel ကို ပြောင်းလဲမှာယူလိုက်ပြီ ဖြစ်တဲ့အတွက် လိုအပ်နေတဲ့ ကျန်တဲ့အော်ဒါတစ်ဝက်ကို MediaTek ကိုပေးသွားဖို့ရှိတယ်လို့ ရေးသားထားပါတယ်။ ဒီနေရာမှာ Apple ဘက်က တစ်ချက်စဉ်းစားရမှာက အခုလောလောဆယ်မှာ Intel Modem တွေက Qualcomm Modem တွေလောက် Performance မကောင်းသေးဘူးဆိုတာပါပဲ။

                MediaTek အနေနဲ့ Apple က ပေးအပ်လာမယ့် အော်ဒါတွေကို လက်ခံနိုင်ဖို့အတွက် ဝန်ထမ်းအား၊ နေရာနဲ့ နည်းပညာပိုင်းတွေမှာ ပြည့်စုံတဲ့အပြင် ဈေးနှုန်းပိုင်းမှာလည်း Qualcomm နဲ့ ယှဉ်မယ်ဆိုရင် အားသာချက်တွေရှိတဲ့အတွက် Apple ဘက်က ဦးစားပေး ရွေးချယ်သွားနိုင်တယ်လို့ သိရပါတယ်။

                Apple နဲ့ MediaTek တို့ရဲ့ လက်တွဲမှုဟာ iPhone Modem တွေအတွက်တင် မဟုတ်နိုင်ဘူးလို့ DigiTimes က ရေးသားထားပါတယ်။ MediaTek ဟာ Smart Speaker တွေနဲ့ Wireless Charging သုံး Device တွေအတွက် အဓိက Supply Chain ဖြစ်နေတဲ့အတွက် ဒီအပိုင်းတွေမှာလည်း Apple ဘက်က ပူးပေါင်းသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

                အခုလောလောဆယ်မှာတော့ Apple အနေနဲ့ ၂၀၁၈ ခုနှစ်ထုတ် iPhone တွေအတွက် MediaTek Modem တွေကိုပဲ အသုံးပြုတော့မယ်ဆိုတာ ကောလဟာလသတင်းပဲ ရှိသေးတယ်ဆိုပေမယ့် တကယ်ဖြစ်လာနိုင်မယ့် အခြေအနေ တော်တော်လေး များပါတယ်။ တကယ်ဖြစ်လာခဲ့ပြီ ဆိုရင်လည်း မပြီးပြတ်နိုင်သေးတဲ့ Copyright စစ်ပွဲကို Apple နဲ့အတူ တိုက်ပွဲဝင်နေရတဲ့အတွက် ၂၀၁၇ နှစ်ကုန်ပိုင်းမှာ အကျိုးအမြတ် ၉၀% ဆုံးရှုံးခဲ့ရတဲ့ Qualcomm အနေနဲ့ မိအေးနှစ်ခါနာ ဖြစ်ဦးမှာ အသေအချာပါပဲ။

References
9to5Mac
About Author
Assinged Tags
Qualcomm Qualcomm Modems MediaTek Apple Intel Modems MediaTek Modems
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed