မပြီးပြတ်နိုင်တဲ့ Copyright စစ်ပွဲကို Apple နဲ့ယှဉ်ပြိုင် တိုက်ခိုက်နေရတာကြောင့် ၂၀၁၇ နှစ်ကုန်ပိုင်းမှာ အကျိုးအမြတ် ၉၀% အထိ ဆုံးရှုံးခဲ့ရတဲ့ Qualcomm

date_range 02 November 2017

မပြီးပြတ်နိုင်တဲ့ Copyright စစ်ပွဲကို Apple နဲ့ယှဉ်ပြိုင် တိုက်ခိုက်နေရတာကြောင့် ၂၀၁၇ နှစ်ကုန်ပိုင်းမှာ အကျိုးအမြတ် ၉၀% အထိ ဆုံးရှုံးခဲ့ရတဲ့ Qualcomm

visibility 1720 Views

                မပြီးပြတ်နိုင်သေးတဲ့ Apple နဲ့ Qualcomm နဲ့ကြားက Copyright စစ်ပွဲကြီးကြောင့် Apple ဘက်မှာတော့ ထိခိုက်ဆုံးရှုံးမှု မရှိသေးပေမယ့် Qualcomm ကတော့ တော်တော်ကြီး အထိနာသွားပြီ ဖြစ်ပါတယ်။ Qualcomm အနေနဲ့ ဒီနေ့မှာပဲ Copyright စစ်ပွဲကြောင့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရရှိရမယ့် အကျိုးအမြတ်ထဲက ၉၀% အထိ ဆုံးရှံးသွားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

                ရရှိရမယ့် အကျိုးအမြတ်တွေရဲ့ ၉၀% တောင် အထိနာခဲ့တာ ဖြစ်တဲ့အတွက် ကုမ္ပဏီရဲ့ ဝင်ငွေကလည်း ၄.၅% အထိ လျော့ကျသွားပါတယ်။ အခုလိုမျိုး ဖြစ်ရတာဟာ "မပြီးပြတ်နိုင်တဲ့ Copyright စစ်ပွဲကို Apple နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နေရတာကြောင့် ဖြစ်ရတာ" လို့ Qualcomm က ဆိုပါတယ်။

                အခုလိုမျိုး အကျိုးအမြတ်တွေ ဆုံးရှုံးခဲ့ရပေမယ့်လည်း Wall Street က ခန့်မှန်းထားတာထက်တော့ သာခဲ့တယ်လို့ သိရပါတယ်။ သို့ပေမယ့် မနှစ်က အခုလိုအချိန်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ Qualcomm တော်တော်လေး အထိနာသွားတယ်လို့ ခန့်မှန်းလို့ရပါတယ်။ ၂၀၁၆ ခုနှစ် အခုလိုအချိန်မှာတုန်းက Qualcomm အနေနဲ့ ကန်ဒေါ်လာ 6.2 Billion တောင် ဝင်ငွေရရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ ဝင်ငွေက ကန်ဒေါ်လာ 168 Million အထိ သိသိသာသာ ထိုးဆင်းသွားပါတယ်။

                Apple အနေနဲ့ အခုရက်ပိုင်းအတွင်းမှာ iPhone တွေ iPad တွေအတွက် Intel နဲ့ MediaTek ကထုတ်လုပ်ထားတဲ့ Modem တွေကိုပဲ အသုံးပြုသွားတော့မယ်လို့ သတင်းတွေကလည်း ထွက်လာပါသေးတယ်။ Apple ဘက်က ဒီလိုမျိုး ပြတ်ပြတ်သားသား အကွက်ရွှေ့လိုက်ရင်တော့ Qualcomm အတွက် တော်တော်လေး အထိနာစေမယ်ဆိုတာ သေချာနေပါတယ်။

                Apple နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့ ကြားထဲကာလများမှာ Qualcomm အနေနဲ့ “US ကို iPhone တင်သွင်းခွင့် ပိတ်ပင်ဖို့ ကြိုးပမ်းတာတွေ”“တရုတ်နိုင်ငံမှာ iPhone ထုတ်လုပ်ခွင့် ပိတ်ပင်ဖို့ ကြိုးပမ်းတာတွေ”“Smartphone Modems နည်းပညာကို အဓမ္မဈေးကွက် လက်ဝါးကြီးအုပ်မှုကြောင့် ဒဏ်ရိုက်ခံရတာတွေ” ဆက်တိုက်ဆိုသလို လုပ်ခဲ့ပါတယ်။

                Apple နဲ့ Qualcomm နဲ့ကြားက Copyright စစ်ပွဲမှာ အရင်တုန်းကတော့ Progress ကြီးကြီးမားမား မရှိခဲ့ပေမယ့် အခုကတော့ Qualcomm ဘက်မှာ ထိခိုက်ဆုံးရှုံးမှုတွေ ရှိလာပြီ ဖြစ်ပါတယ်။ ဆိုတော့ ဒီသတင်းကို ကြားရမယ့် Apple ကလည်း Qualcomm ကို အပြတ်ဖြုတ်ဖို့ စတင်ကြံရွယ်နေလောက်ပြီလို့ ခန့်မှန်းရပါတယ်။

References
9to5Mac
About Author
Assinged Tags
Qualcomm Qualcomm Modems Lawsuit Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed