ကမ္ဘာ့ပထမဆုံး Snapdragon 845 SoC သုံး Flagship စမတ်ဖုန်း ဖြစ်လာနိုင်တဲ့ Mi MIX 2S

date_range 31 January 2018

ကမ္ဘာ့ပထမဆုံး Snapdragon 845 SoC သုံး Flagship စမတ်ဖုန်း ဖြစ်လာနိုင်တဲ့ Mi MIX 2S

visibility 4600 Views

                ဘာစီလိုနာမြို့မှာ ကျင်းပသွားမယ့် Mobile World Congress (MWC) 2018 ကျင်းပတော့မယ့် နေရက်ကို ရောက်ရှိဖို့အတွက် ရက်သတ္တပတ် အနည်းငယ်သာ လိုတော့တဲ့ အချိန်မှာပဲ Xiaomi အနေနဲ့ Mi MIX 2 ကို Upgrade ပြုလုပ်ထားတဲ့ Flagship စမတ်ဖုန်း Mi MIX 2S ကို MWC 2018 မှာ မိတ်ဆက်လာနိုင်ကြောင်း ကောလာဟလတွေ ထပ်မံ ထွက်ပေါ်လာပြန်ပါပြီ။

                Mi MIX 2S စမတ်ဖုန်းဟာ ကမ္ဘာ့ပထမဆုံး Snapdragon 845 Processor သုံး Flagship စမတ်ဖုန်း ဖြစ်လာနိုင်တယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ၂၀၁၇ ဒီဇင်ဘာလမှာ ကျင်းပသွားခဲ့တဲ့ Snapdragon Summit မှာ Xiaomi ရဲ့ CEO Lei Jun က အသစ်ထွက်လာမယ့် Xiaomi ရဲ့ Flagship ဖုန်းမှာ Snapdragon 845 Processor အသုံးပြုသွားမှာ ဖြစ်တယ်လို့ ကြေငြာထားတဲ့အပြင် Mi 7 ကိုလည်း MWC 2018 မှာ မိတ်ဆက်သွားမှာ မဟုတ်ဘူးလို့ ကောလာဟလတွေ ထွက်ပေါ်လာပြန်တဲ့ အတွက်ကြောင့် Mi MIX 2S စမတ်ဖုန်းဟာ ကမ္ဘာ့ပထမဆုံး Snapdragon 845 Processor သုံး Flagship စမတ်ဖုန်း ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

                တရုတ်နိုင်ငံက Blog တစ်ခုဖြစ်တဲ့ IT168 ရဲ့ ဖေါ်ပြချက်များအရ Mi MIX 2S မှာ Snapdragon 845 SoC နဲ့ အတူ ၂၀၁၇ စက်တင်ဘာလတုန်းက မိတ်ဆက်သွားခဲ့တဲ့ Mi MIX 2 မှာ အသုံးပြုထားတဲ့ ကင်မရာတွေထက် ပိုမိုကောင်းမွန်တဲ့ ကင်မရာကို Mi MIX 2S မှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Mi MIX 2S မှာ Sony ရဲ့ IMX363 Camera Sensor ကို အသုံးပြုသွားမှာ ဖြစ်ပြီး အလင်းရောင်ရရှိမှုနည်းတဲ့ Low-Light အခြေနေမျိုးမှာ ပိုမိုကောင်းမွန်စေဖို့အတွက် Dual-Pixel Autofocus နည်းပညာကိုလည်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                ဒါ့အပြင် Mi MIX 2S ရဲ့ ဒီဇိုင်းပိုင်းကို iPhone X အတိုင်း တည်ဆောက်ထားမှာ ဖြစ်ပြီး iPhone X မှာလိုပဲ Mi MIX 2S ရဲ့ Front Screen မှာ Notch ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ နောက်ပြီး Snapdragon 845 Processor မှာ AI Function ပါဝင်တာကြောင့် Mi MIX 2S မှာ Facial Recognition စနစ်လည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ Mi MIX 2S ကို MWC 2018 မှာ တရားဝင် မိတ်ဆက်သွားနိုင်ပြီး မတ်လထဲမှာ တရားဝင် ရောင်းချသွားနိုင်တယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ Mi MIX 2S ကို ကန်ဒေါ်လာ ၆၃၂ ဒေါ်လာ ( မြန်မာငွေ ၈ သိန်း ၃ သောင်း ဝန်းကျင်) နဲ့ ရောင်းချသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV TheMobileIndian
About Author
Assinged Tags
Xiaomi Smartphone Leaks Leaks Mi MIX 2 Mi MIX Mi MIX 2s Snapdragon 845
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed