MWC 2018 မှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Xiaomi Mi 7

date_range 18 January 2018

MWC 2018 မှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Xiaomi Mi 7

visibility 4600 Views

                ၂၀၁၇ ဒီဇင်ဘာတုန်းက ကျင်းပသွားခဲ့တဲ့ Snapdragon နည်းပညာပြပွဲမှာ Qualcomm အနေနဲ့ Snapdragon 845 Processor ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒီပြပွဲမှာ Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jun ကလည်း သူတို့ရဲ့ အသစ်ထွက်ရှိလာမယ့် Flagship စမတ်ဖုန်းမှာ Snapdragon 845 Processor ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ကြေညာသွားခဲ့ပါတယ်။


                ဘာစီလိုနာမြို့ မှာ ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၁၁ ရက်နေ့ အထိ ကျင်းပမယ့် MWC 2018 မှာ တရုတ် နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Xiaomi လည်း ပါဝင်မှာဖြစ်တာကြောင့် Xiaomi အနေနဲ့ MWC 2018 မှာ သူတို့ရဲ့ Flagship စမတ်ဖုန်း အသစ်ဖြစ်တဲ့ Xiaomi Mi 7 ကို ပြသသွားဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။


                ဒါ့အပြင် Xiaomi CEO ဖြစ်တဲ့ Lei Jun က Xiaomi Mi 7 Flagship စမတ်ဖုန်းကို နွေဦးရာသီမှာ တရားဝင် မိတ်ဆက်သွားမယ်လို့ မကြာသေးခင် အချိန်က အတည်ပြုပေးထားတာကြောင့် ဖေဖော်ဝါရီ နှောင်းပိုင်း ဒါမှမဟုတ် မတ်လ အစပိုင်းလောက်မှာ မိတ်ဆက်သွားနိုင်ခြေ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ MWC 2018 ကလည်း ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၁၁ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တာကြောင့် Xiaomi Mi 7 စမတ်ဖုန်းကို MWC 2018 မှာ မြင်တွေ့ရဖွယ် ရှိပါတယ်။

                Mi 7 နဲ့ ပတ်သတ်ပြီး အရင်တုန်းက ထွက်ရှိထားတဲ့ ကောလာဟလများအရ Xiaomi Mi 7 ကို ၅.၈ လက်မ Bezel-Less AMOLED Display နဲ့ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Processor အနေနဲ့ Snapdragon 845 Processor၊ RAM 6 GB၊ Internal 128 GB၊ Dual Rear Camera Setup နဲ့ မိတ်ဆက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် Xiaomi ဖုန်းတွေထဲမှာ Xiaomi Mi7 က ပထမဆုံးအနေနဲ့ Wireless Charging ကို Support လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


                Xiaomi CEO Lei Jun ရဲ့ပြောကြားချက်များအရ Xiaomi အနေနဲ့ ၂၀၁၈ အတွင်းမှာ Artificial Intelligence (AI) ပိုင်းကို ဦးစားပေးသွားမယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ အသစ်ထွက်ရှိလာမယ့် Xiaomi စမတ်ဖုန်းတွေမှာ AI နည်းပညာတွေကို မြင်တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် Mi 7 ရဲ့ Dual Camera Setup ကို AI နည်းပညာနဲ့ ပေါင်းစပ်ပြီး ကြယ်တာရာတွေကိုပါ ဓါတ်ပုံရိုက်ကူးနိုင်မယ်လို့ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြပါတယ်။

                Samsung ကလည်း Snapdragon 845 Processor သုံး Galaxy S9 နဲ့ Galaxy S9+ Flagship မော်ဒယ် စမတ်ဖုန်းတွေကို MWC 2018 မှာ ကြေညာသွားမယ်လို့ အတည်ပြုပေးထားတဲ့အပြင် Sony ကလည်း Snapdragon 845 Processor သုံး ကမ္ဘာ့ ပထမဆုံး 4K OLED Display ပါဝင်တဲ့ Xperia XZ Pro Flagship စမတ်ဖုန်းကို MWC 2018 မှာ ပြသနိုင်ဖို့ ကြိုးစားနေတယ် ဆိုတော့ ပြိုင်ဆိုင်မှုကြီးကြီးမားမားတွေကို မြင်တွေ့ရဦးမှာပါ။ တကယ်လို့ Xiaomi သာ MWC 2018 မှာ Xiaomi Mi 7 Flagship စမတ်ဖုန်းကို မိတ်ဆက်ခဲ့မယ်ဆိုရင် တရုတ်ဖုန်းကုမ္ပဏီတွေထဲမှာ ပထမဆုံး Snapdragon 845 Processor သုံး စမတ်ဖုန်းထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီ ဖြစ်လာမှာပါ။

This Article is contributed by Phyo Kyaw Swar.
References
GizmoChina
About Author
Assinged Tags
Xiaomi Mi 7 Xiaomi Mi 7
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed