Xiaomi ရဲ့ Flagship ဖုန်းအသစ်တွင် Snapdragon 845 Processor ကို အသုံးပြုသွားမှာဖြစ်ကြောင်း ကြေညာ

date_range 06 December 2017

Xiaomi ရဲ့ Flagship ဖုန်းအသစ်တွင် Snapdragon 845 Processor ကို အသုံးပြုသွားမှာဖြစ်ကြောင်း ကြေညာ

visibility 2300 Views

                Xiaomi က အသစ်ထုတ်မယ့် သူတို့ရဲ့ Flagship Phone မှာ Snapdragon 845 Processor ကိုအသုံးပြုသွားမယ်လို့ Hawaii မှာ ပြုလုပ်သွားတဲ့ Snapdragon Summit ပွဲမှာ ကြေညာသွားခဲ့ပါတယ်။ Qualcomm အနေနဲ့လည်း Sanpdragon 845 Processor ကို ထုတ်လုပ်နေပြီဖြစ်ကြောင်း အင်္ဂါနေ့နံနက်အစောပိုင်းက တရား၀င်မိတ်ဆက်သွားခဲ့ပြီး ဖြစ်ပါတယ်။ Processor နဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမယ်လို့တော့ ဆိုထားပါတယ်။ ဒါပေမယ့် ယခုအချိန်ထိတော့ Specifications နဲ့ပတ်သတ်ပြီး ဘာမှထွက်ပေါ်လာခြင်းမရှိသေးပါဘူး။


                သေချာတာတစ်ခုကတော့ Snapdragon 845 ထွက်လာရင် အခုလက်ရှိ Snapdragon 835 Processor လိုပဲ အကောင်းဆုံး Mobile Processor တစ်ခု ဖြစ်လာမှာပါ။ ဒီ Processor ကြောင့်ပဲ Mobile Silicon Industry လောကမှာ Qualcomm ကပဲ ထိပ်ဆုံးကနေ ဆက်လက်ရည်တည်နေနိုင်အုံးမှာပဲဖြစ်ပါတယ်။

                Summit ပွဲမှာ Xiami ရဲ့ CEO Lei Jun ကတော့ Qualcomm နဲ့ပတ်သတ်လို့ 

“လွန်ခဲ့တဲ့ ၆ နှစ် ကျွန်တော်တို့ Xiaomi Mi 1 ကို Qualcomm ရဲ့ Proceessor ကိုအသုံးပြုပြီး ထုတ်လုပ်ခဲ့တယ်။ အဲ့အချိန်တုန်းက Processor တွေထဲမှာ အကောင်းဆုံးတစ်ခုပေါ့ဗျာ။ အဲ့အချိန်ကနေစလိုက်တာ အခုအချိန်မှာဆိုရင် Flagship ဖုန်းတော်တော်များများဟာ Qualcomm ရဲ့ Top-Tier Processor ကိုမှ သုံးချင်ကြတယ့် အခြေအနေကိုရောက်ရှိလို့လာပါပြီ"

လို့ ပြောကြားသွားခဲ့ပါတယ်။


                အခြား Smartphone ထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း Xiaomi လိုပဲ သူတို့ရဲ့ Flagship Phone တွေမှာ မကြာမီအချိန်အတွင်း အကောင်းဆုံး Mobile Processor ဖြစ်လာမယ့် Sanpdragon 845 ကိုပဲ အသုံးပြုလာကြမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ Qualcomm ရဲ့ လက်ရှိအကောင်းဆုံး Processor ဖြစ်တဲ့ Snapdragon 835 ကို ဆိုရင်လည်း Android ဖုန်းတွေထဲမှာ လောလောဆည် အကောင်းဆုံးလို့ပြောလို့ရတဲ့ Samsung Galaxy S8, Note 8, Google Pixel 2, LG V30, OnePlus 5T စတဲ့ဖုန်းတွေမှာ အသုံးပြုထားတာကို မြင်တွေ့နိုင်ပါတယ်။

                အခုအချိန်မှာ Snapdragon 845 Processor နဲ့ပတ်သတ်ပြီး Details တိတိကျကျတော့သေချာမသိရသေးပါဘူး။ သေချာတာတစ်ခုကတော့ ဒီ Processor ကို Samsung ကထုတ်လုပ်သွားမယ်ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ Qualcomm ရဲ့ 10-nanometer Chips တွေအားလုံးကို Samsung က ထုတ်ပေးခဲ့တာကြောင့်ဖြစ်ပါတယ်။ 

                Qualcomm ကတော့ Snapdragon 845 Processor ကို ဧရိယာ ၆ခုအတွက်အဓိက ဦးစားပေးထုတ်လုပ်သွားမယ်လို့ ပြောကြားသွားပါတယ်။ အဲ့ဒါကဘာတွေလည်းဆိုတော့ Creating And Sharing Content, Mobile VR, Artificial Intelligence, Data Security, The Global Wireless Experience နဲ့ ပြီးတော့ Battery Life ပိုမိုကြာရှည်ခံစေဖို့တို့အတွက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Snapdragon 845 Processor တွေကို 2018 Flagship ဖုန်းတွေမှာ ဘယ်လိုကောင်းမွန်တဲ့ Performance တွေနဲ့တွေ့ရမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရအုံးမှာပါ။

This Article is Contributed by Phyo Kyaw Zwar
References
Android Authority
About Author
Assinged Tags
Samsung Xiaomi Smartphones Snapdragon Snapdragon 835 Snapdragon 845 SoC Processors Mobile Processors
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed