ဒီဇိုင်းသေချာသလောက်ရှိနေပြီဖြစ်တဲ့ Samsung Galaxy S8

date_range 01 March 2017

ဒီဇိုင်းသေချာသလောက်ရှိနေပြီဖြစ်တဲ့ Samsung Galaxy S8

visibility 3610 Views

                Evan Blass ဆိုတဲ့နာမည်ကို စမတ်ဖုန်းသတင်းတွေ စိတ်ဝင်တစားစောင့်ဖတ်သူတွေ ရင်းနှီးပြီးသားဖြစ်မှာပါ။

                Evan Blass ဟာ တရားဝင်မိတ်ဆက်မပြရသေးတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်တွေရဲ့ ဒီဇိုင်းကအစ သုံးထားတဲ့ Hardware တွေ၊ Software တွေအဆုံး ဖုန်းတစ်ခုလုံးရဲ့ အသေးစိတ်အချက်အလက်တွေကို လူသိရှင်ကြားဖွင့်ချပြတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်ပြီး၊ ဖုန်းတွေ တကယ်ထွက်ရှိလာတဲ့အခါမှာလည်း သူပြောထားတဲ့အတိုင်း တထေရာတည်းနီးပါးဖြစ်တာကြောင့် နာမည်ကြီးတဲ့ Leaker တစ်ယောက်ဖြစ်ပါတယ်။

                ဒီနေ့မှာတော့ Evan Blass (@evleaks) ဟာ ၂၀၁၇ ခုနှစ်မှာ လူစိတ်ဝင်စားမှုအများဆုံး ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ Samsung Galaxy S8 ရဲ့ ဓာတ်ပုံအတိအကျကို ဖော်ထုတ်လိုက်ပါပြီ။


                ယခုဓာတ်ပုံဟာ Mobile World Congress ပွဲမှာတုန်းက Samsung ကုမ္ပဏီကနေ အမြည်းချပြသွားတဲ့ ဓာတ်ပုံနဲ့ တော်တော်တူညီပြီး၊ Galaxy S7 Edge လိုပဲ ဖုန်းမျက်နှာပြင်ဘေးနှစ်ဖက်က ကွေးနေတဲ့ဒီဇိုင်းနဲ့ပဲ ဖြစ်တာတွေ့ရပါတယ်။ ထူးခြားတာတစ်ခုက Physical Home ခလုတ်ပါဝင်လာတာ မတွေ့ရဘဲ၊ ဖုန်းမှန်သားမျက်နှာပြင်ကလည်း ဖုန်းရှေ့ကိုယ်ထည်အပြည့်နီးပါး နေရာယူထားတာကို တွေ့မြင်နိုင်ပါတယ်။

                Evan Blass ဟာ ဖုန်းရဲ့ တခြား Hardware နဲ့ Software အချက်အလက်တွေကိုတော့ ထုတ်ဖော်ရေးသားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ယခုမတ်လကုန်လောက်မှာ S8 က တရားဝင်ထွက်လာတော့မှာဆိုတော့ ကြားထဲမှာ သတင်းပေါက်ကြားလာမယ့်အချိန်တွေ အများကြီးရှိသေးပြီး၊ စိတ်ဝင်တစားစောင့်ကြည့်ရဦးမှာပါ။

References
Tech Crunch Evan Blass Twitter
About Author
Assinged Tags
Samsung Smartphones Samsung Galaxy S8 Evan Blass Smartphone Leaks
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed