MWC 2018 မှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Sony ရဲ့ 4K OLED Display အသုံးပြု Flagship စမတ်ဖုန်း Xperia XZ Pro

date_range 17 January 2018

MWC 2018 မှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Sony ရဲ့ 4K OLED Display အသုံးပြု Flagship စမတ်ဖုန်း Xperia XZ Pro

visibility 4760 Views

                မကြာသေးမီအချိန်က ကျင်းပသွားခဲ့တဲ့ CES 2018 မှာ Sony အနေနဲ့ ခွေးစက်ရုပ်တွေ၊ 4K HDR TV တွေ၊ စမတ်စပီကာတွေ၊ Headphone တွေကို အမျိုးအစား စုံစုံလင်လင် မိတ်ဆက်ပေးခဲ့ပေမယ့် စမတ်ဖုန်းပိုင်းမှာတော့ Mid-Range စမတ်ဖုန်းတွေ ဖြစ်တဲ့ Xperia XA2, Xperia XA2 Ultra, Xperia L2 စတဲ့ စမတ်ဖုန်း သုံးမျိုးကိုသာ မိတ်ဆက်သွားခဲ့ပါတယ်။

                Sony အနေနဲ့ နောက်လကျရင် စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပသွားမှာမယ့် Mobile World Congress (MWC) 2018 ပွဲမှာ Snapdragon 845 Processor အသုံးပြု Flagship စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေတယ်လို့ သိရပါတယ်။


                Sony ရဲ့ အသစ်ထွက်ရှိလာမယ့် Flagship စမတ်ဖုန်း ကို Xperia XZ Pro အဖြစ် မိတ်ဆက်သွားမယ် လို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ နောက်ဆုံး ထွက်ရှိထားတဲ့ သတင်းတွေအရ Xperia XZ Pro စမတ်ဖုန်းမှာ Sony ထုံးစံအတိုင်း Camera အသားပေးထားပြီး 18 MP + 12 MP Dual Rear Camera Setup ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Front Camera အနေနဲ့ 13 MP Selfie Camera ပါဝင်မယ်လို့ သိရပါတယ်။ RAM အနေနဲ့ 6GB ပါဝင်မှာဖြစ်ပြီး Storage ကတော့ 128 GB ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ microSD Card Slot လည်း ပါဝင်မယ်လို့ သိရပါတယ်။

                Display ပိုင်းမှာတော့ ၁၅ ရက်နေ့တုန်းက ရရှိခဲ့တဲ့ ကောလဟာလ သတင်းအတိုင်းပဲ ၅.၇ လက်မ 4K OLED Display ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Xperia XZ Pro စဖတ်ဖုန်းမှာ IP68 Waterproof Rating လည်း ပါဝင်မှာဖြစ်တဲ့အတွက် ရေစိမ်ခံ Flagship စမတ်ဖုန်းတစ်လုံး အဖြစ် မြင်တွေ့ရဖွယ် ရှိပါတယ်။

                Battery ပိုင်းမှာတော့ 3420 mAh Battery ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Xperia XZ Pro ကို Dual-SIM နဲ့ Single-SIM Version နှစ်မျိုး ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပြီး Android 8.0 Oreo OS ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Sony Xperia XZ Pro စမတ်ဖုန်းကို MWC 2018 မှာ မိတ်ဆက်သွားနိုင်ပြီး ဇွန်လထဲမှာ စျေးကွက် ထဲကို ဖြန့်ချီလာနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။ Sony Xperia XZ Pro စမတ်ဖုန်းကို ကန်ဒေါ်လာ ၉၅၀ ဝန်းကျင် (မြန်မာငွေ ၁၂သိန်း ဝန်းကျင် )နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizmoChina
About Author
Assinged Tags
Sony Smartphones 4K Display Sony Xperia
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed