Wireless Charging နဲ့  Xiaomi Mi 7၊ Mi 7 Plus တို့ ကို ၂၀၁၈၊ မတ်လအတွင်း တွေ့မြင်ရဖွယ်ရှိ

date_range 13 December 2017

Wireless Charging နဲ့ Xiaomi Mi 7၊ Mi 7 Plus တို့ ကို ၂၀၁၈၊ မတ်လအတွင်း တွေ့မြင်ရဖွယ်ရှိ

visibility 19540 Views

                Xiaomi ရဲ့ Flagship Mi Series ရဲ့ မျိုးဆက်သစ် Mi 7 စမတ်ဖုန်းကို မကြာမီအချိန်အတွင်းမှာ ထပ်မံမြင်တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။ တရုတ် Smartphone ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ Mi 7 နဲ့ Mi 7 Plus စမတ်ဖုန်းနှစ်လုံးကို တပြိုင်တည်းထုတ်လုပ်ဖို့ စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း လတ်တလောထွက်ပေါ်လာတဲ့ ကောလဟာလတွေအရ သိရပါတယ်။ Xiaomi အနေနဲ့  မတ်လ ၂၀၁၈ ခုနှစ်ထဲမှာ ဖုန်းအမျိုးအစား ၂ မျိုးလုံးကို စျေးကွက်ထဲကို တစ်ချိန်ထဲ ဖြန့်ချိရောင်းချသွားမယ်လို့ သိထားရပါတယ်။

                လွန်ခဲ့တဲ့အပတ်တုန်းက Qualcomm အနေနဲ့ Snapdragon 845 Processor ကို နောင်နှစ်ထဲမှာ ထွက်ရှိလာမယ့် Standard Flagship Smartphone တွေမှာ အသုံးပြုမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို တရား၀င်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ Xiaomi ရဲ့ CEO Lei Jun ကလည်း Snapdragon Summit ပွဲမှာတုန်းက အသစ်ထွက်လာမယ့် Xiaomi Flagship ဖုန်းမှာ Snapdragon 845 Processor ကိုအသုံးပြုသွားမယ်လို့ ကြေညာခဲ့ပြီး ဖြစ်တာကြောင့် Mi 7 မှာ Snapdragon 845 သုံးမယ်ဆိုတာက သိပ်အံ့အားသင့်စရာသတင်းတော့ မဟုတ်ပါဘူး။

                ပြောရမယ်ဆိုရင် Samsung Galaxy S9 အပါအဝင် နောက်အသစ်ထွက်မယ့် Android Flagship Smartphones တိုင်းလိုလိုမှာ Snapdragon 845 ကို တွေ့မြင်ရမှာပါ။ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းတာက ဘယ်ကုမ္ပဏီက Snapdragon 845 SoC အသစ်နဲ့ ဖုန်းကို အရင်စထုတ်နိုင်မလဲဆိုတာပါပဲ။ အခုခန့်မှန်းသိရှိရသလောက်ဆိုတော့ Xiaomi Mi 7 နဲ့ Mi 7 Plus တို့ဟာ တရုတ်စမတ်ဖုန်းတွေထဲမှာ Snapdragon 845 ကို ပထမဆုံးသုံးနိုင်တဲ့ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။

                Xiaomi ဟာ Mi 6 စမတ်ဖုန်းကို ယခုနှစ် ဧပြီလတုန်းက စတင်ရောင်းချခဲ့ပါတယ်။ ပရိတ်သတ်တော်တော်များများက Mi 6 ပြီးရင် ထုံးစံအတိုင်း Mi 6 Plus ထွက်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့်၊ အခုထိတော့ တရားဝင်ထွက်ရှိလာခဲ့ခြင်းမရှိပါဘူး။ Xiaomi အနေနဲ့ Plus Version Mi 6 မထုတ်လုပ်ခဲ့ရခြင်းရဲ့ အကြောင်းအရင်းကတော့ Snapdragon 835 Processor ကို ထိုအချိန်က စျေးကွက်ထဲမှာ ၀ယ်လိုအား မြင့်တက်နေတာကြောင့် လိုအပ်တဲ့ပမာဏကို ရရှိနိုင်ဖွယ် မရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်လို့ Snapdragon 845 Processor ထုတ်လုပ်မှုပမာဏသာ များပြားခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ Mi 7 နဲ့ Mi 7+ တို့ကို တစ်ချိန်တည်း မြင်တွေ့ရဖွယ် ရှိပါတယ်။  

                နောက်ထပ်သိရှိရတဲ့ကောလာဟလသတင်းတွေအရ Mi 7 နဲ့ Mi 7+ ကြားမှာ Specifications ကွာခြားမှုရှိမှာမဟုတ်ဘဲ Mi 7+ မှာ 6.01 Inches Full-Screen Display With 18:9 Aspect Ratio Display ကို သုံးမယ်လို့ သိရပါတယ်။  Mi7 Display ပိုင်းမှာတော့ 5.8-Inch Bezel-Less AMOLED Display With 18:9 Aspect Ratio နဲ့ ထွက်ရှိလာဖွယ်ရှိပြီး Resolution ပိုင်းမှာတော့ 2560X1440 Pixels with Gorilla Glass 5 Protection အနေနဲ့  ထွက်ရှိလာနိုင်ပါတယ်။ RAM ကတော့ 6GB ပါဝင်လာနိုင်ပြီး၊ Battery အနေနဲ့ ကတော့ 3950mAh Battery ကို အသုံးပြုလာဖွယ်ရှိပါတယ်။

                ကင်မရာပိုင်းမှာတော့ Sony IMX380 နဲ့ IMX350 Sensor သုံး Dual Rear Camera ကို တွေ့မြင်ရဖွယ်ရှိပြီး၊ 19MP + 19MP Sensors၊ f1.7 နဲ့ 4x Optical Zoom တို့ ပါဝင်လာနိုင်ပါတယ်။ Front Camera ကိုတော့ 16-MegaPixel Sensor ကို အသုံးပြုနိုင်ပါတယ်။ ထူးခြားချက်ကတော့ Camera ပိုင်းမှာလည်း AI Support ပါ၀င်လာနိုင်လောက်ပါတယ်။ Snapdragon 845 Chipset ကနေပြီးတော့ Mi 7 ရဲ့ Dual Rear Camera နှစ်ခုကို Huawei Mate 10 နဲ့ Mate 10 Pro တို့မှာ Kirin 970 Chipset က AI Assist ပေးခဲ့သလိုမျိုး Support ပေးသွားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

                Mi 7 နဲ့ Mi 7 Plus ကို RAM 6GB/ Internal 128 GB အပြင် RAM 8GB/ Internal 256 GB Version ကိုပါထုတ်လုပ်ရောင်းချသွားဖွယ်ရှိပါတယ်။ ကောလဟာလတွေအရ Fast Charging Support ပါရှိလာဖွယ်ရှိပြီး Xiaomi ဖုန်းတွေထဲမှာ ပထမဆုံးအဖြစ် Wireless Charging Feature လည်းပါလာလောက်ပါတယ်။ Fingerprint Sensor ကတော့ ထုံးစံအတိုင်း အနောက်ဘက်ခြမ်းမှာပဲ ပါရှိလာလောက်ပါတယ်။

                Mi 7 နဲ့ Mi 7+ ကို ၂၀၁၈ ခုနှစ်၊ မတ်လထဲမှာ တရား၀င်ရောင်းချလာဖွယ်ရှိပြီး၊ Mi 7 အတွက် 408 ဒေါ်လာ (မြန်မာငွေ ၅သိန်းခွဲကျော်) ၊ Mi 7+ အတွက် 454 ဒေါ်လာ (မြန်မာငွေ  ၆သိန်းကျော်) လောက် ကျသင့်နိုင်ပါတယ်။ မတ်လဆိုတော့ နောက်ထပ်သုံးလကျော်လောက်ပဲ စောင့်ရတော့မှာပါ။

                အောက်ပါ Gallery ထဲက ပုံတွေကတော့ Mi 7 နဲ့ Mi 7 Plus စမတ်ဖုန်းတို့ရဲ့ ရှေ့ပြေးဒီဇိုင်းပုံ (Concept) တွေပဲ ဖြစ်ပါတယ်။

This Article is Contributed by Phyo Kyaw Zwar
References
Gizbot India Today The Mobile Indian
About Author
Assinged Tags
Xiaomi Smartphones Rumors Snapdragon 845 Bezel-Less Smartphones Mi 7 18:9 Aspect Ratio Xiaomi Mi 7 Xiaomi Mi 7 Plus Mi 7 Plus
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed