Qualcomm မှ Smart Speaker တွေအတွက် Smart Audio Platform အသစ်ကို စတင်ဆောင်ရွက်သွားမည်

date_range 20 June 2017

Qualcomm မှ Smart Speaker တွေအတွက် Smart Audio Platform အသစ်ကို စတင်ဆောင်ရွက်သွားမည်

visibility 200 Views

                Amazon, Google, Apple, Microsoft စတဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ စမတ်စပီကာဈေးကွက်ထဲ ပြုံဝင်လာချိန်မှာ၊ နာမည်ကြီး Chipset ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Qualcomm ကလည်း Smart Speaker တွေအတွက် Chipset တွေ, Microphone နည်းပညာတွေ နဲ့အတူ အခြား Audio System တွေပါဝင်တဲ့ Smart Audio Platform တစ်ခုကို စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

                Qualcomm ရဲ့ Smart Audio Platform အသစ်မှာ Smart Speaker တွေရဲ့ စနစ်တစ်ခုဖြစ်တဲ့ Far-field Microphone system ပါဝင်လာမှာဖြစ်ပြီး၊ Signal ဖမ်းယူမှုနည်းပညာတစ်ခုဖြစ်တဲ့ Beamforming, Echo Cancellation နဲ့ Wake Words ( Assistant ကို စေခိုင်းရာမှာအသုံးပြုတဲ့ စကားသံ) တွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Wifi, Bluetooth စတာတွေပါ ပါဝင်မှာဖြစ်ပြီး Hi-Res သီချင်းတွေအတွက် aptX စနစ်လည်းပါဝင်မှာဖြစ်ပါတယ်။ သေချာတဲ့အချက်တစ်ခုကတော့ Qualcomm ရဲ့ Smart Speaker Platform မှာ Alexa လိုမျိုး Voice Assistant တွေကို Integrate လုပ်နိုင်မှာဖြစ်ပါတယ်။ 


                Qualcomm ကနေ Smart Speaker တွေမှာထည့်သွင်းပေးသွားမယ့် Speaker အချင်းချင် Sync လုပ်ပေးမယ့် AllPlay Speaker စနစ်ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ AllPlay စနစ်ကနေ Speaker အချင်းချင်း ချိတ်ဆက်ပြီး သီချင်းဖွင့်တာ၊ အပိုင်းလိုက်သတ်မှတ်ပြီးဖွင့်တာမျိုးနဲ့ Multi-channel surround sound တွေကိုပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

                Qualcomm ရဲ့ Smart Speaker တွေကို ယခုနှစ်ကုန်မှာ စတင်မြင်တွေ့လာရဖို့ရှိပြီး တကယ်အောင်မြင်မလားဆိုတာကတော့ နောက်နှစ်မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Qualcomm Smart Speaker Smart Speaker Platform
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed