တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေမှာ 4G အသုံးပြုနိုင်မယ့် Qualcomm 205 SoC ကို မိတ်ဆက်

date_range 20 March 2017

တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေမှာ 4G အသုံးပြုနိုင်မယ့် Qualcomm 205 SoC ကို မိတ်ဆက်

visibility 350 Views

                စမတ်ဖုန်းတွေအတွက် SoC (System on a Chip) တွေကို အဓိကထုတ်လုပ်ပေးနေတဲ့ Qualcomm ဟာ အခုအခါ တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေ အတွက်လည်း SoC အသစ်တစ်မျိုးကို ထုတ်လုပ်ပေးနိုင်ပါပြီ။

                မိုဘိုင်းပလက်ဖောင်းအတွက် ပရိုဆက်ဆာအသစ်မထုတ်တာ သုံးနှစ်လောက် ကြာနေပြီဖြစ်တဲ့ Qualcomm ရဲ့ 205 SoC အသစ်ဟာ ဖွံ့ဖြိုးဆဲစျေးကွက်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး၊ မိုဘိုင်းဖုန်းတွေမှာလည်း 4G LTE အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးမှာဖြစ်ပါတယ်။

                Qualcomm ဟာ စမတ်ဖုန်းတွေအတွက် ထုတ်ထားတဲ့ Snapdragon SoC တွေနဲ့ နာမည်မမှားအောင်အတွက် 200 Series SoC တွေမှာ Snapdragon ဆိုတဲ့ နာမည်ကို မသုံးထားဘဲ Qualcomm Mobile Platform လို့ အသုံးပြုထားတာ တွေ့ရမှာပါ။

                Qualcomm 205 SoC ဟာ 4G, 3G နဲ့ 2G Network တွေမှာ Download Speed 150 Mbps အထိ ရရှိအောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပြီး၊ dual-core 1.1 GHz CPU ၊ Adreno GPU နဲ့ Dual-SIM, VoLTE တို့ အသုံးပြုနိုင်မယ့် တန်ဖိုးနည်း SoC အသစ်ဖြစ်ပါတယ်။

                Snapdragon စီးရီးက အမြင့်စားချစ်ပ်တွေမှာ ပါတဲ့ Fast-Charging လို အဆင့်မြင့်စွမ်းဆောင်ရည်တွေ မပါဝင်ပေမယ့်လည်း၊ ဖုန်းပြောရုံ၊ သီချင်းဖွင့်ရုံနဲ့ အင်တာနက်လေးသုံးရုံလောက် အသုံးပြုကြတဲ့ မိုဘိုင်းဖုန်းတွေအတွက်ကတော့ ဒီ Features တွေက မလိုဘူးလို့တောင် ပြောလို့ရပါတယ်။

                အရှေ့၊အနောက်ကင်မရာတွေကိုလည်း 3MP အထိပဲ အများဆုံး Support လုပ်နိုင်ပြီး၊ Display ကလည်း 480p VGA (60 fps) ပဲ အလွန်ဆုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

                Feature Phone လို့ခေါ်တဲ့ သာမန်မိုဘိုင်းဖုန်းတွေ အသုံးများဆဲဖြစ်တဲ့ အိန္ဒိယ နဲ့ ဘရာဇီးနိုင်ငံတွေအပါအဝင် လူတိုင်းစမတ်ဖုန်းကိုယ်စီ မသုံးနိုင်သေးတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအတွက်ကတော့ Qualcomm 205 ဟာ တကယ်အသုံးဝင်မယ့် မိုဘိုင်း SoC တစ်ခုဖြစ်ပြီး၊ လူတိုင်း 4G ကွန်ရက်ကို အပြည့်အဝအသုံးပြုနိုင်အောင် ကူညီစွမ်းဆောင်ပေးနိုင်မှာပါ။

                205 SoC ကို ယနေ့က စတင်မှာယူနိုင်ပြီဖြစ်ကာ၊ ဒီချစ်အသုံးပြုထားတဲ့ မိုဘိုင်းဖုန်းတွေကို ယခုနောက် ဒုတိယသုံးလပတ်ကာလအတွင်း စျေးကွက်မှာ မြင်တွေ့ရဖွယ်ရှိပါတယ်။

References
The Verge
About Author
Assinged Tags
Smartphones Qualcomm Snapdragon
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed