Google I/O 2017 ပွဲက စိတ်၀င်စားစရာ ကြေညာချက် (၁၀)မျိုး

date_range 22 May 2017

Google I/O 2017 ပွဲက စိတ်၀င်စားစရာ ကြေညာချက် (၁၀)မျိုး

visibility 4610 Views

                Google ဟာ ၂၀၁၇ ခုနှစ် Google I/O ပွဲမှာ Consumer တွေကို Media တွေပေါ်မှာ ဘယ်အရာကိုမိတ်ဆက်လိုက်ပြီ ဆိုတာမျိုးမလုပ်တော့ပဲ Developers တွေအတွက်သာ သူတို့ဘာတွေလုပ်ဆောင်နေပြီ၊ ဘယ်လိုနည်းပညာအသစ်တွေ ထွက်ရှိလာမယ်ဆိုတာကို အများဆုံးဖော်ပြဖို့သာ ရည်ရွယ်ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့နည်းပညာအသစ်တွေဟာ ကျွန်တော်တို့လို Developers မဟုတ်ပေမဲ့ နည်းပညာပိုင်းကို စိတ်၀င်စားသူ တွေအတွက်ပါ “ဝါး” ခနဲ ဖြစ်သွားအောင် သူတို့မိတ်ဆက်ပေးလိုက်တဲ့ နည်းပညာအသစ်တွေဟာ စိတ်၀င်စားစရာကောင်းတာကိုတွေ့ရှိရမှာပါ။ 

                နည်းပညာပိုင်းကိုစိတ်မ၀င်စားသူတွေအဖို့တော့ ဒါတွေဟာ စိတ်၀င်စားစရာမကောင်းပေမဲ့လို့ အနာဂတ်မှာတော့ အခုလက်ရှိမိတ်ဆက်လိုက်တဲ့ နည်းပညာအသစ်တွေဟာ နေ့စဥ်လူတွေသုံးစွဲလာကြမယ့် အရာတွေဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ အခု ကျွန်တော်တို့အနေနဲ့ Google I/O ပွဲမှာ တင်ဆက်သွားတဲ့အထဲကမှ စိတ်၀င်စားစရာ ကြေညာချက် (၁၀) မျိုးကို ကောက်နုတ်ဖော်ပြပေးပါမယ်။



Android OS ကိုအသုံးပြုသူများ ၂ ဘီလီယံ ကျော် လစဉ်ရှိလာ

                Google ရဲ့ CEO ဖြစ်တဲ့ Sundar Pinchai တင်ပြချက်အရ လစဉ် Android OS ကိုအသုံးပြုသူဟာ ၂ ဘီလီယျံကျော်ရှိလာပြီး ဒီထက်လည်းပိုမိုမြင့်မားလာဖို့လည်း ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ Android OS ကိုအသုံးပြုသူကောက်ခံချက်ထဲမှာ စမတ်ဖုန်းများ ၊ Tablet များ ၊ Android Wear OS အသုံးပြု Device များ ၊ Android TV များ၊ Android OS အသုံးပြုထားတဲ့ အခြား Gadgets များပါ၀င်ပါတယ်။ 

Google Assistant ဟာ သင့်ပတ်၀န်းကျင်ကို မြင်နိုင်ပြီး သင့်နားမှာဘာတွေရှိတယ်ဆိုတာကို နားလည်နိုင်

                Google Assistant ဟာ သင့်ပတ်၀န်းကျင်ကို Artificial Intelligence ကိုအသုံးပြုပြီး Smartphone ဒါမှမဟုတ် သင့်ရဲ့ Device က Camera မှတစ်ဆင့် လေ့လာနိုင်တဲ့ Google Lens Technology နဲ့အတူ သင့်အနားမှာရှိတဲ့ အရာ၀တ္ထုတွေကို နားလည်ဖို့အမြဲကြိုးစားနေမှာဖြစ်ပါတယ်။ 

                ကျွန်တော်တို့အနေနဲ့ Google Assistant အသုံးပြုပြီး Camera နဲ့ စားသောက်ဆိုင်တစ်ခုကိုပြလိုက်တာနဲ့ အင်တာနက်ပေါ်အလိုအလျောက် ရှာဖွေပြီး Rating တွေဖော်ပြပေးမှာဖြစ်ပါတယ်။ ပန်းတစ်ပွင့်ကို Camera နဲ့ပြလိုက်တာနဲ့ ဘာအမျိုးအစားဆိုတာကိုဖော်ပြပေးမှာ ဖြစ်ပြီး  Music Band Poster တစ်ခုကိုပြပေးလိုက်ရင်လည်း သက်ဆိုင်တဲ့ Music Band ရဲ့ Music Videos တွေ Suggestion ပေါ်လာမှာဖြစ်ပါတယ်။ Wifi Login နဲ့ Password Credentials တွေကို Point ပြပေးလိုက်ရင်လည်း အလိုအလျောက် အဆိုပါ Wifi Network ကိုချိတ်ဆက်ပေးမှာလည်းဖြစ်ပါတယ်။ 

                Google ရဲ့ Lens ဟာ ပထမဦးဆုံး Smartphone Camera AI Technology တစ်ခုတော့မဟုတ်ပါဘူး။ Samsung ရဲ့ Bixby Vision ဟာလည်း မြင်ကွင်းကိုအခြေပြုထားတဲ့ Bixby Assistant အတွက်အထောက်အကူပြုနည်းပညာတစ်ခုအနေနဲ့ Google Lens မတိုင်မီကတည်းက မိတ်ဆက်ခဲ့တာပါ။ ဒါ့အပြင် Snapchat နဲ့ Instagram ဟာလည်း Low-level AI တွေအသုံးပြုပြီး မျက်နှာကို Effect မျိုးစုံပြောင်းပေးနိုင်တဲ့ Filters တွေထည့်ပေးထားပါတယ်။ Facebook ဟာလည်း ထိုနည်းတူ Augmented Reality ပုံစံ Camera Effects တွေကိုမိတ်ဆက်ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း Google Lens ရဲ့ Camera AI Technology ဟာ ရိုးရိုး Image Recognition နဲ့ Face Filters တွေထက်ပိုတဲ့ Features တွေအများကြီးပါတာမို့ Google Assistant အသုံးပြုသူတွေအဖို့ အများကြီးအထောက်အပံ့ပေးမှာ အသေအချာပါပဲ။


Google Assistant ဟာ iPhone ပေါ်သို့ရောက်ရှိလာပြီ

                ကျွန်တော်တို့ ဒီအကြောင်းကို မကြာသေးမီက Article တစ်ခုမှာပြောခဲ့တဲ့အတိုင်းပဲ Google Assistant ဟာ iPhone ပေါ်မှာ Standalone App အနေနဲ့ ရောက်ရှိလာခဲ့ပြီး US Store ပေါ်ကနေ တိုက်ရိုက်ဒေါင်းလုပ်ရယူနိုင်ပါတယ်။ Google Assistant ရဲ့ Function အတော်များများကို iOS API ရဲ့ Limitations တွေကြောင့် Android နဲ့ အခြား Android ဆက်စပ်ပစ္စည်းတွေပေါ်မှာလောက်တော့ အသုံးမပြုနိုင်သေးပါဘူး။


Google Home ကိုဖုန်းတစ်လုံးအနေနဲ့လည်းအသုံးပြုနိုင်လာ

                Google Home ကို Smart Speaker ကနေ ဖုန်းတစ်လုံးအနေနဲ့အသုံးပြုလို့ရအောင် Google မှကြိုးစားနေပြီဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ United States နဲ့ Canada ကို အခမဲ့ Outgoing Calls တွေခေါ်ဆိုနိုင်မှာပဲဖြစ်ပါတယ်။ Outgoing Calls တွေအနေနဲ့ Google ဟာ Private Number ကိုပဲအသုံးပြုထားပြီး ကိုယ်ပိုင်ဖုန်းနံပါတ်နဲ့ခေါ်ဆိုချင်တယ်ဆိုလည်း Option တစ်ခုနဲ့အတူ ခေါ်ဆိုနိုင်ပါတယ်။ နောက်ပြီး Multi-User Setup လည်းရသေးတာကြောင့် ဖုန်းတစ်လုံးတည်း Bound လုပ်ထားမှာမဟုတ်ပဲ မိသားစုလိုက် ဒီ Feature ကိုအသုံးပြုချင်တယ်ဆိုလည်း အဆင်ပြေပါတယ်။ အခုလက်ရှိမှာတော့ Outgoing Calls တွေကိုပဲ အသုံးပြုလို့ရပြီး Privacy Issues တစ်ချို့ကြောင့် Incoming Callsအတွက်ကိုတော့ လက်ရှိဆိုင်းငံ့ထားပါတယ်။

 

Google Home ရဲ့အသုံး၀င်မှုဟာ ပိုပြီးကျယ်ပြန့်လာပါပြီ

                Google Home ဟာ Smart Speaker တစ်ခုသက်သက်မဟုတ်ပဲ ဒီထက်ပိုပြီးတော့ အသုံး၀င်လာပါပြီ။ အိမ်တစ်အိမ်လုံးရဲ့ Smart Devices တွေအပေါ် Control လုပ်လို့ရရုံတင်မကပါဘူး။ Spotify ၊ HBO Now ၊ Hulu ၊ SoundCloud ၊ Deezer နဲ့တခြား နာမည်ကြီး Services တွေအပေါ်မှာပါ Control လုပ်အသုံးပြုနိုင်သေးပါတယ်။ Google Home ကိုအခုအခါမှာဆို Bluetooth Speaker အနေနဲ့လည်းအသုံးပြုလို့ရလာပါပြီ။ 

                မိမိ Smartphone ပေါ်မှာ Google နဲ့ချိတ်ဆက်ပြီး Sync လုပ်ထားသမျှကို Google Home ကပါ Access ရယူနိုင်မှာဖြစ်ပြီး ဥပမာအနေနဲ့ Google Calendar မှာ မိမိ Plan ချထားသမျှကိုလည်း Google Home က သက်ဆိုင်တဲ့နေ့ရောက်ရင် ပြောပြပေးမှာဖြစ်ပါတယ်။ Spotify Playlist တွေကိုလည်း ဖွင့်ပေးနိုင်မှာဖြစ်သလို Netflix ကြည့်မယ်ဆိုလည်း ချိတ်ဆက်ထားတဲ့ Smart TV ပေါ်ကို အလိုအလျောက် Command ပေးခိုင်းစေနိုင်မှာပဲဖြစ်ပါတယ်။ ကိုယ်သွားမယ့်နေရာကို Google Home ကိုမေးမြန်းလိုက်ရင်လည်း သွားရမယ့်နေရာ Direction ကို မိမိ စမတ်ဖုန်းက Google Maps ပေါ်ကို Direction တွေတိုက်ရိုက်ပို့ပေးမှာဖြစ်ပါတယ်။

                Google Home နဲ့ Amazon Echo ပြိုင်ဆိုင်မှုဟာ အရမ်းကြီးမပြင်းထန်ပေမဲ့လည်း Google Home ပေါ်မှာပဲ နောက်ထပ် Functions နဲ့ Features တွေအများကြီးထပ်ပေါင်းလာဦးမှာမို့လို့ Google Home ဘက်ကိုပဲ အသုံးပြုသူတော်တော်များများ အလေးပေးလာကြပါတယ်။



Google Photos မှပုံတွေကို Books ပြုလုပ်နိုင်လာမယ့်အပြင် Sharing လုပ်ရာမှာလည်းပိုမိုမြန်ဆန်လာမည်

                ကျွန်တော်တို့ပုံတွေကို သိမ်းဆည်းတဲ့အခါ Digital အနေနဲ့သိမ်းဆည်းထားတာဟာ မပျက်မဆီး မဆွေးမြေ့စေတဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ Physical အနေနဲ့လိုချင်လာတယ်ဆိုရင်ကော? Google ကအခုဆိုရင် Books လေးတွေပြုလုပ်ပြီး Print ထုတ်လို့ရနိုင်အောင်ကြိုးစားနေပါတယ်။ ဘယ်လိုမျိုးအရောက်ပို့ပေးမှာလဲ၊ ကိုယ့်ဘာသာကိုယ်ထုတ်ရမှာလားဆိုတာကိုတော့ မပြောထားသေးပါဘူး။ Google Photos ဟာအမြဲတစေ ကိုယ့်ရဲ့ပုံတွေနဲ့အတူ Events တွေကိုလေ့လာနေမှာဖြစ်ပြီး Book အနေနဲ့ထုတ်လုပ်သိမ်းဆည်းသင့်တယ်ဆိုတာနဲ့ အသုံးပြုသူကို Recommend ပေးမှာပါ။ Book ပြုလုပ်ရာမှာလည်း ကိုယ့်ရဲ့ Smartphone ပေါ်ကပဲ Design တွေ ဘယ်ပုံတွေပါမယ်ဆိုတာကို ရွေးချယ်ပြီးပြုလုပ်နိုင်မှာပါ။

                Sharing ပိုင်းမှာလည်း Google Photos မှာအသစ်ထပ်တိုးလာမှာကတော့ Libraries Feature ပဲဖြစ်ပြီး မိသားစုတွေအနေနဲ့ Library တစ်ခုတည်းပေါ်မှာ Collection လုပ်သိမ်းဆည်းနိုင်မယ့် Feature တွေ၊ ဓာတ်ပုံရိုက်တာနဲ့ ပုံထဲမှာဘယ်သူပါတယ်ဆိုတာတန်းသိပြီး ပုံထဲမှာပါတဲ့သူတွေနဲ့အတူ Share လုပ်ဖို့ Recommend ပေးတဲ့ Features တွေ ထပ်မံထည့်သွင်းပေးထားဦးမှာပါ။ Sharing လုပ်ရာမှာလည်း ဘယ်နေ့ကနေ ဘယ်နေ့အထိ အစရှိတဲ့ နေ့သတ်မှတ်တဲ့ Feature ပါ၀င်လာသလို ပုံထဲမှာ သတ်မှတ်ထားတဲ့သူပါမှ Share မယ်ဆိုတဲ့ ခွဲခြားသတ်မှတ်လို့ရတဲ့ Feature အသစ်တွေလည်းပါ၀င်လာမှာပါ။

                အနာဂတ်မှာလည်း Google Photos မှာ ပုံထဲက မလိုအပ်တဲ့ အရာ၀တ္ထုတွေ အလိုအလျောက်ဖယ်ရှားပေးနိုင်တဲ့ Feature တွေလည်းပါ၀င်လာမှာပါ။ 


ဖုန်းတွေ PC တွေမလိုတဲ့ VR Headsets တွေ၀င်ရောက်လာတော့မည်

                Google ရဲ့ Virtual Reality Technology အပေါ်ထားရှိတဲ့ ရည်ရွယ်ချက်တွေဟာ Daydream ရဲ့အခုလက်ရှိပုံစံထက် အများကြီးပိုမျှော်မှန်းထားပါသေးတယ်။ Smartphone ကိုအထဲထည့်ပြီး VR Screen အဖြစ်အသုံးပြုတာဟာ အခြား VR Technology တွေထက် ပိုခေတ်စားခဲ့ပြီး Google Cardboard မှာ ချပြသွားခဲ့တဲ့ ကိုယ်ပိုင် Cardboard VR Box ပြုလုပ်နည်းတွေဟာလည်း အတော်လေးအသုံး၀င်ခဲ့ပါတယ်။ အခုအခါ Google က နောက်ပိုင်း VR Headset တွေမှာ PC ကော ဖုန်းတွေကာ အခြားဘာ Device မှမလိုတဲ့ Standalone VR Headset တွေကိုပြုလုပ်လာတော့မှာပဲဖြစ်ပါတယ်။ Headset ကိုတပ်လိုက်တာနဲ့ တန်းအလုပ်လုပ်မယ်လို့ဆိုပါတယ်။

                ဒီနည်းပညာကိုတော့ HTC နဲ့ Lenovo ကုမ္ပဏီတို့နဲ့အတူ ပူးပေါင်းထုတ်လုပ်မှာဖြစ်ပါတယ်။ အခုထုတ်လုပ်မယ့် VR Headset ဟာ Google ရဲ့ WorldSense နည်းပညာ (Augmented Reality Technology နဲ့အတူ Cable တွေ Sensor တွေမပါပဲ Virtual World ထဲလျှောက်သွားနိုင်မယ့် Technology) ပါ ပါ၀င်လာမှာပဲဖြစ်ပါတယ်။ စိတ်၀င်စားဖို့အတော်ကောင်းပေမဲ့ ဘယ်တော့လောက်စျေးကွက်ထဲ ၀င်ရောက်လာမလဲဆိုတာကိုတော့ အခုထိမသိရှိရသေးတာမို့ စမ်းသပ်ချင်တဲ့သူတွေအတွက်ကတော့ စိတ်ရှည်လက်ရှည်စောင့်ရဦးမှာပါ။


Android O ကို Beta အနေနဲ့ စတင်မြင်တွေ့ရပါပြီ

                Google ဟာ လက်ရှိအချိန်မှာ Android O ကို Android အသုံးပြု စမတ်ဖုန်းအားလုံးအတွက် Ready မဖြစ်သေးပေမဲ့ Android O Beta Version ကို Pixel နဲ့ Nexus တွေပေါ်မှာတွေ့မြင်နေရပြီပဲဖြစ်ပါတယ်။ သိပ်မကြာတော့တဲ့အချိန်မှာတော့ Android O Version ကို Official အနေနဲ့တွေ့ရှိရတော့မှာပါ။ အခုထိတော့ Android O ရဲ့နာမည်ဟာ Oreo ပဲဖြစ်မလား Oatmeal Cookie ပဲဖြစ်မလား မသေချာသေးပါဘူး။ ကျွန်တော်ကတော့ Oreo ပဲကြိုက်တာမို့ အဲ့ဒီနာမည်လေးပေးရင်တော့ အတော်လေးကျေနပ်မိမှာပါ။  


Android Go ဟာ Google ရဲ့နောက်ထပ် Android အသုံးပြုသူ ဘီလီယံလောက်ကိုဆွဲခေါ်မယ့် OS တစ်ခုပဲဖြစ်

                ဒီအကြောင်းကို ကျွန်တော် လွန်ခဲ့တဲ့ရက်အနည်းငယ်က Article တစ်ခုမှာ ရေးသားခဲ့ပါသေးတယ်။ Android Go ဟာ Android O ကိုအခြေပြုထားတဲ့ Lightweight OS တစ်ခုဖြစ်ပြီး Data အစားသက်သာအောင်လည်း YouTube Go နဲ့ Chrome for Android Go က ပြုလုပ်ပေးထားဦးမှာပဲဖြစ်ပါတယ်။ Developers တွေအနေနဲ့လည်း Build for Billions ဆိုတဲ့နာမည်နဲ့ Android App တွေကို ပေ့ါပါးသွက်လက်ပြီး 10MB ထက်မကျော်တဲ့ App တွေရေးဖို့ Guidelines နဲ့ Tools တွေလည်းချပြခဲ့ပါသေးတယ်။ Android Go ကို RAM 512MB နဲ့ သူ့ထက်နည်းတဲ့ ဖုန်းတွေအတွက် ထုတ်လုပ်ပေးမှာဖြစ်ပြီး ပါ၀င်လာမယ့် Google Apps တွေနဲ့ System Apps တွေဟာ တစ်ခုကို 10MB လောက်ပဲရှိမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Android Go အတွက်လည်း Play Store မှာ Section တစ်ခုသပ်သပ်ပေးထားမှာဖြစ်ပြီး လက်ရှိမှာ Facebook၊ Microsoft နဲ့ Skype ဟာ Android Go အတွက် Ready ဖြစ်နေတဲ့ Lite Apps တွေ ရှိနှင့်နေပြီးဖြစ်ပါတယ်။ 


Google ရဲ့ TPU Chip အသစ်ဟာ AI Technology ကို အထူးပြုထားတဲ့ Cloud Computing Platform တစ်ခုဖြစ်

Google ဟာ I/O ပွဲမှာ ဆက်လက်ပြီးတော့ Tensor Processing Unit (TPU) Chip အသစ်တစ်ခုကိုမိတ်ဆက်ခဲ့ပြီး လာမယ့်အနာဂတ်မှာ Machine Learning နဲ့အတူ ဒီ Cloud Computing Platform ပေါ်မှာပဲ အစစ အရာရာပြုလုပ်လာနိုင်တော့မှာဖြစ်ပါတယ်။ ဒီ Chip အသစ်ကိုအသုံးပြုခြင်းအားဖြင့်လည်း အသုံးပြုရာမှာအရင်ကထက် နှစ်ဆပိုမြန်ပြီး Google Assistant နဲ့ Search တွေဟာ ကိုယ်ပိုင် Learning ပြုလုပ်ရာမှာ အရင်ကထက်ပိုတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ လိုအပ်တဲ့အချက်အလက်များနဲ့ သင်ယူမိတဲ့ Data များကို အလိုအလျောက်သိမ်းဆည်းထားနိုင်မှာပဲဖြစ်ပါတယ်။ ဒီ Cloud Computing Platform ကိုတော့ TensorFlow Platform လို့နာမည်ပေးထားပြီး ဒီနှစ်ကုန်လောက်မှာ စ တင်အသုံးပြုမယ်လို့လည်းဆိုပါတယ်။ AI နည်းပညာကို အာရုံရောက်နေတဲ့ Google ဟာ အနာဂတ်မှာ အသုံးပြုသူရဲ့စိတ်အခြေအနေတွေကိုပါ လေ့လာနိုင်ပြီး လိုအပ်တဲ့ Response တွေပါ ပေးနိုင်မယ့် Google Assistant ပါထွက်ပေါ်လာဦးမလားဆိုတာကတော့ နည်းပညာတိုးတက်လာမှုနဲ့အတူ Google ရဲ့ကြိုးစားအားထုတ်မှုတွေကိုစောင့်ကြည့်ရဦးမှာပါ။ 


References
The Verge
About Author
Assinged Tags
Google Google Assistant Android Artificial Intelligence VR Headset VR Platform Virtual Reality Android O Google Photos Android Phone Android Go Android Operating System Chrome For Android Go Google I/O Google Home Google Tensor Processing Unit (TPU) TensorFlow Google Books Google Cardboard Beta
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed