Amazon Echo နဲ့ Google Home တို့ကို ယှဉ်ပြိုင်မယ့် Apple ရဲ့ HomePod စမတ်စပီကာ

date_range 07 June 2017

Amazon Echo နဲ့ Google Home တို့ကို ယှဉ်ပြိုင်မယ့် Apple ရဲ့ HomePod စမတ်စပီကာ

visibility 150 Views

                Apple ဟာ မနေ့က ကျင်းပသွားတဲ့ WWDC 2017 ပွဲမှာ Product အသစ်အနေနဲ့ iMac Pro နဲ့ ယခု HomePod စမတ်စပီကာတို့ကို မိတ်ဆက်သွားခဲ့ပါတယ်။ ကျန်တဲ့ Product တွေကတော့ ရှိပြီးသား Product တွေကို Update လုပ်ထားတာဖြစ်တာကြောင့် New Product လို့တော့ ဆိုနိုင်မှာမဟုတ်ပါဘူး။

                HomePod ဟာ စမတ်စပီကာစျေးကွက်ထဲမှာ ရှိနှင့်ပြီးသား Amazon Echo စမတ်စပီကာနဲ့ Google Home တို့ကို စျေးကွက်ယှဉ်ပြိုင်မယ့် Apple ရဲ့ Product အသစ်ဖြစ်ပြီး၊ တကယ်ယှဉ်ပြိုင်နိုင်မလားဆိုတာကတော့ HomePod တကယ်ထွက်ရှိလာမယ့် ယခုနှစ်၊ ဒီဇင်ဘာလရောက်မှ စောင့်ကြည့်ရမှာပါ။ စျေးကတော့ ၃၄၉ ဒေါ်လာဆိုတော့ ပြိုင်ဘက်စမတ်စပီကာတွေထက် များနေပါတယ်။

                Apple HomePod ဟာ ဒီဇိုင်းပုံစံက Mac Pro နဲ့ တော်တော်တူညီပြီး၊ ကိုယ်ထည်တစ်ခုလုံးမှာ စပီကာဆန်ခါကွက်တွေနဲ့ ပြည့်နှက်နေမှာပါ။ ဒီဇိုင်းပိုင်းက ကျနော့်ကိုယ်ပိုင်အမြင်ပြောရရင် သိပ်တော့ ဆွဲဆောင်မှုမရှိပါဘူး။ 

                “Hey, Siri” လို့ ခေါ်လိုက်ရင် စပီကာအပေါ်မှာ Siri ရဲ့ Trademark ‘waveform’ လေး ပေါ်လာတာကတော့ မိုက်ပေမယ့်၊ ဒါကလည်း Google Home မှာ မြင်တွေ့ပြီးသားဆိုတော့ သိပ်တော့ အဆန်းမဟုတ်ပါဘူး။


                အသံအရည်အသွေးအတွက် Tweeter စပီကာ ၇ လုံးနဲ့ ၄ လက်မ Apple ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ Woofer တစ်လုံး ပါဝင်ပြီး၊ iPhone 6 နဲ့ 6 Plus မှာတုန်းက သုံးခဲ့တဲ့ A8 Processor ကို ပြန်လည်အသုံးပြုထားကာ၊ အခန်းရဲ့ ပုံစံအနေအထားအလိုက် အကောင်းဆုံးအသံထွက်ရအောင် အလိုအလျောက်အသံချိန်ညှိပေးမှာဖြစ်ပါတယ်။ 

                လောလောဆည်မှာ Apple Music က သီချင်းတွေပဲ ဖွင့်လို့ရမှာဖြစ်ပြီး၊ Spotify လို တခြား Music Streaming Services တွေကို အသုံးပြုနိုင်ဦးမှာ မဟုတ်ပါဘူး။

                အိမ်မှာရှိတဲ့ Smart Devices အကုန်လုံးကို HomePod မှာ ပါဝင်တဲ့ “Siri” Assistant ကနေ ထိန်းချုပ်နိုင်ပြီး၊ တခြား Information အချက်အလက်တွေကိုလည်း စပီကာကို မေးမြန်းနိုင်ပါတယ်။ စပီကာပတ်လည်မှာ Microphone ခြောက်ခုပါတာကြောင့် အခန်းပတ်ပတ်လည်ကနေ Siri ကို အသုံးပြုနိုင်ပြီး၊ သီချင်းအကျယ်ကြီး ဖွင့်ထားချိန်မှာတောင် Siri ကို ခေါ်သုံးနိုင်တယ်လို့ Apple က ဆိုပါတယ်။

                အသံနဲ့ မထိန်းချုပ်ချင်ဘူးဆိုလည်း HomePod ရဲ့ ထိပ်ပိုင်းကို လက်နဲ့ Touch လုပ်ပြီးလည်း၊ သီချင်းအဖွင့်အပိတ်၊ အသံအတိုးအချဲ့ လုပ်နိုင်ပါတယ်။

                HomePod ကို အခန်းတစ်ခန်းတည်းမှာ တခြား HomePod နောက်တစ်လုံးနဲ့လည်း ပြိုင်တူ အသုံးပြုနိုင်ပြီး၊ စပီကာနှစ်လုံးက အသံထွက်ကို အလိုအလျောက်ချိန်ညှိသွားမှာဖြစ်ပါတယ်။

                HomePod ကို လာမယ့်ဒီဇင်ဘာလမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ အစပိုင်းမှာ Australia ၊ UK နဲ့ US တို့မှာပဲ ဝယ်ယူနိုင်မှာပါ။


References
Apple
About Author
Assinged Tags
Siri Smart Speaker Apple Smart Speaker WWDC 2017 HomePod Apple Speaker
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed