Download မြန်နှုန်း 1.2Gbps အထိရရှိမယ့် X20 LTE modem ကို Qualcomm ကို မိတ်ဆက်

date_range 22 February 2017

Download မြန်နှုန်း 1.2Gbps အထိရရှိမယ့် X20 LTE modem ကို Qualcomm ကို မိတ်ဆက်

visibility 100 Views

                Qualcomm ဟာ လွန်ခဲ့တဲ့နှစ်၊ဖေဖော်ဝါရီလတုန်းက Download speed 1Gbps လောက်အထိ ပေးစွမ်းနိုင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး LTE Advanced Pro modem “X16 LTE”ကို မိတ်ဆက်ခဲ့တာ သိကြမှာပါ။ အခုထိ X16 modem ကို မော်ဒယ်မြင့်စမတ်ဖုန်းတွေမှာတောင် မတွေ့ရသေးပေမယ့်၊ မကြာမီထွက်ရှိမယ့် Nokia 8 လိုမျိုး Snapdragon 835 ပရိုဆက်ဆာသုံးစမတ်ဖုန်းတွေမှာ တွေ့မြင်ရနိုင်ပါတယ်။

                X16 LTE Modem သိပ်မတွင်ကျယ်လာခင်ပဲ၊ Qualcomm က LTE modem မော်ဒယ်အသစ် “X20 LTE” ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Qualcomm ရဲ့အဆိုအရ “X20 LTE” modem ဟာ Download Speed 1.2Gbps လောက်အထိ ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

                X20 LTE Modem ဟာ X16 ထက် Download Speed ၂၀ ရာခိုင်နှုန်းလောက်ပိုမြန်လာပြီး၊ လက်ရှိကျနော်တို့ဖုန်းတွေမှာ ပါဝင်တဲ့ Snapdragon 820 ပရိုဆက်ဆာက၊ Download Speed 600Mbps လောက်ရတဲ့ X12 Modem ထက် နှစ်ဆကျော် ပိုမြန်လာတာဖြစ်ပါတယ်။ ( အမြင့်ဆုံးမြန်နှုန်းတိုင်းက အကောင်းဆုံးလိုင်းအနေအထားမှာ တွက်ချက်ထားတာဖြစ်တာကြောင့် တကယ်လက်တွေ့သုံးတဲ့အခါ အမြင့်ဆုံးမြန်နှုန်းရရှိဖို့က မလွယ်ကူပါဘူး။)


                X20 LTE Modem ကို Samsung ရဲ့ 10nm FinFET စနစ်နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး၊ Snapdragon LTE modem တွေထဲမှာ ပထမဆုံးအဖြစ် Dual SIM Dual VoLTE သုံးနိုင်မယ့် modem ဖြစ်တယ်လို့ သိရပါတယ်။

                Qualcomm ဟာ လက်ရှိမှာ Snapdragon X20 LTE Modem တွေကို ထုတ်လုပ်သူကုမ္ပဏီတွေထံ နမူနာပေးပို့လျက်ရှိပြီး၊ ဒီ Modem ပါဝင်တဲ့ Device တွေကို ၂၀၁၈ ပထမနှစ်ဝက်လောက်မှာ စျေးကွက်ထဲ တွေ့မြင်ရဖို့ရှိပါတယ်။

                အခုဆိုရင် တစ်ကမ္ဘာလုံးက အော်ပရေတာတွေနဲ့ နက်ဝေါ့ခ်ပစ္စည်းထုတ်လုပ်သူကုမ္ပဏီတွေကလည်း Gigabit LTE နည်းပညာသုံးကွန်ရက်တွေနဲ့ စက်ပစ္စည်းတွေ တပ်ဆင်၊ထုတ်လုပ်ပြီးဖြစ်တာကြောင့် Snapdragon X20 LTE modem ဟာ မြန်နှုန်းမြင့်မိုဘိုင်းအင်တာနက်အသုံးပြုမှုအတွေ့အကြုံသစ်တစ်မျိုးကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

References
TechSpot Qualcomm
About Author
Assinged Tags
Qualcomm Snapdragon VoLTE Snapdragon 835 Snapdragon 820 Qualcomm Modems
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed