Microsoft နဲ့ Harman/Kardon ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်မယ့် Invoke စပီကာမှာ Cortana ပါဝင်လာမည်

date_range 11 May 2017

Microsoft နဲ့ Harman/Kardon ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်မယ့် Invoke စပီကာမှာ Cortana ပါဝင်လာမည်

visibility 330 Views

                Amazon က စမတ်စပီကာအသစ် “Echo Show” စပီကာကို မိတ်ဆက်ပြီး မကြာခင်မှာပဲ၊ Microsoft နဲ့ Harman/Kardon ကုမ္ပဏီတို့ကလည်း စမတ်စပီကာအသစ်တစ်မျိုး မိတ်ဆက်ဖို့ ပြင်ဆင်နေပါပြီ။

                Samsung Electronics က ဝယ်ယူထားတဲ့ နာမည်ကြီး Audio ကုမ္ပဏီ Harman/Kandor ဟာ “Invoke” လို့ အမည်ပေးထားတဲ့ စမတ်စပီကာတစ်ခုကို ယခုနှစ်ဆောင်းဦးရာသီအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း ကြေငြာခဲ့ပြီး၊ အဆိုပါစပီကာမှာ Microsoft ရဲ့ Digital Assistant “Cortana” လည်း ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Invoke စမတ်စပီကာဟာ Amazon ရဲ့ Echo စမတ်စပီကာကို တိုက်ရိုက်ယှဉ်ပြိုင်မယ့် စမတ်စပီကာတစ်လုံး ဖြစ်ပြီး၊ ဒီဇိုင်းကလည်း ပထမမျိုးဆက် Echo စပီကာလို ရှည်ရှည်မျောမျော၊ ဆလင်ဒါပုံစံနဲ့ပဲ ဖြစ်ပါတယ်။ Windows 10 Cortana က လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေအကုန်လုံးနီးပါးကို Invoke မှာ တွေ့မြင်ရမှာဖြစ်ပြီး၊ Skype ဖုန်းခေါ်ဆိုမှုတွေကိုပါ ဒီစပီကာနဲ့ လက်ခံလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

                အခုဆိုရင် Apple ကလည်း Siri ပါဝင်တဲ့ စမတ်စပီကာ တစ်လုံးကို မိတ်ဆက်သွားဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေတာကြောင့်၊ အခုမှ အစပျိုးဆဲဖြစ်တဲ့ စမတ်စပီကာစျေးကွက်ကတော့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာမယ့် အနေအထားမှာရှိပါတယ်။ ဒါပေမယ့် အရိုးသားဆုံးသုံးသပ်ရရင် Amazon Echo၊ Google Home၊ အခု Invoke စတဲ့ စမတ်စပီကာတွေအားလုံးဟာ တစ်လုံးနဲ့ တစ်လုံး လုပ်ဆောင်ချက်တွေ သိပ်ကွာခြားမှုတော့ မရှိပါဘူး။ Digital Assistant တွေပါတော့ Information ပိုင်းဆိုင်ရာတွေ ခိုင်းလို့ရမယ်။ ဥပမာ ဘယ်နေ့အစည်းအဝေးရှိတယ် မှတ်ထားပေးတို့၊ မနက်ဖြန်မိုးရွာမှာလည်း ကြည့်ပေး၊ စသဖြင့်ပေါ့။

                Home Audio နဲ့ Car Audio ပိုင်းမှာ နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Harman ရဲ့ Invoke စမတ်စပီကာမှာ ၃၆၀ ဒီဂရီပတ်လည်အသံစနစ်၊ ပိုင်ရှင်ရဲ့ အသံကို ၃၆၀ ဒီဂရီပတ်လည်ကနေ ဖမ်းယူနိုင်မယ့် microphones ၇ လုံး တို့ ပါဝင်မှာဖြစ်ပြီး၊ အသေးစိတ်ကိုတော့ တရားဝင်ထုတ်ဖော်မိတ်ဆက်တဲ့အချိန်မှ သိရမှာဖြစ်ပါတယ်။

References
DailyMail
About Author
Assinged Tags
Microsoft Artificial Intelligence Digital Assistant Cortana Gadgets Smart Speaker Echo Show Harman/Kardon
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed