OnePlus 2 အတွက် Nougat update ထွက်ရှိလာမည် မဟုတ်

date_range 11 June 2017

OnePlus 2 အတွက် Nougat update ထွက်ရှိလာမည် မဟုတ်

visibility 300 Views

                OnePlus 2 လေးဟာ Hardware အရမ်း မအိုသေး၊ အခုချိန်ထိကိုပဲ Latest Android Version ဖြစ်တဲ့ Nougat (7.0-7.1) အထိ ဆက်လက်တက်ရောက်နိုင်တဲ့ အလားအလာရှိပေမဲ့ OnePlus ကုမ္ပဏီကနေ Official Nougat Update လုံး၀ ထွက်ရှိလာမှာမဟုတ်ဘူးဆိုပြီး အတည်ပြုပြောကြားလိုက်ပြီဖြစ်ပါတယ်။

                ဒီလို Update ကိုထုတ်လုပ်ဖို့ ရပ်တန့်လိုက်တာဟာ ကုမ္ပဏီရဲ့ ဖုန်း Launch လုပ်တဲ့အချိန်ကနေ စ ပြီး နောက်ထပ် ၂၄ လအထိ Software Update ပေးမယ်ဆိုတဲ့ ကတိကို ချိုးဖောက်လိုက်တာပဲဖြစ်ပါတယ်။

                August 22, 2016 မှာ စ တင်ထွက်ရှိခဲ့တဲ့ Android Nougat Update ကို OnePlus 3 နဲ့ 3T အတွက် March, 2017 မှသာ ရရှိခဲ့ပြီး OnePlus 2 အတွက်ကတော့ ရရှိမယ်/မရရှိဘူး ကောလဟာလတွေ မျိုးစုံထွက်ခဲ့ပါတယ်။ OnePlsu 3 နဲ့ 3T အတွက်ဆို Nougat Update ဟာ အတော်တောင်နောက်ကျတယ်လို့ပြောလို့ရပါတယ်။ Pure Android ကိုအသုံးပြုဖုန်းတစ်လုံးအနေနဲ့ Software Update ဟာ အများဆုံးတစ်လကျော်ထက် နောက်မကျသင့်ဘူးလို့လည်းမြင်မိပါတယ်။ အခုအခါမှာလည်း ၀မ်းနည်းစွာနဲ့ပဲ OnePlus 2 လေးကို OnePlus ကုမ္ပဏီကနေ Software Support အတွက်ကျောခိုင်းလိုက်ပါပြီ။

                OnePlus 3 နဲ့ 3T ကိုတော့ Android O Update ဆက်လက်ပေးမှာ ဖြစ်ပြီး OnePlus 5 ကိုလည်း လာမယ့်ရက်အနည်းငယ်အတွင်းမှာ မိတ်ဆက်မယ်လို့လည်း သတင်း တွေထွက်ရှိလာပါတယ်။ OnePlus ကုမ္ပဏီကနေ OnePlus 5 အတွက် Camera ကိုကောင်းမွန်အောင် ကြိုးစားထားသလို RGB+Monochrome Sensor ထည့်သွင်းထားတဲ့ Dual Camera လည်းပါ၀င်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အိုဟောင်းနေပြီဖြစ်တဲ့ OnePlus 2 အတွက် အချိန်ဆက်လက်မပေးနိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။

                OnePlus Team ဘက်ကနေလည်း

“ကျွန်တော်တို့ရဲ့ Customer Service ကနေ OnePlus 2 အတွက် Nougat Update မထွက်ဘူးလို့လည်း အကြိမ်ကြိမ်ပြောကြားခဲ့ပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့လည်း Software Support တွေအတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ ကျွန်တော်တို့ဘက်ကနေ OnePlus 3 နဲ့ 3T ကို Android O Update ဆက်လက်ထွက်ရှိမယ်လို့လည်း အတည်ပြုပေးပြီးပါပြီ။ OnePlus 2 ကတော့ ဘာမှမထူးခြားတဲ့ ဖုန်းဟောင်းတစ်လုံးပါပဲ။ လူတွေလည်းသတိထားကြမိလိမ့်လို့ မျှော်လင့်ပါတယ်”

                လို့ပြောကြားခဲ့ပါတယ်။

                ဒါပေမဲ့လည်း OnePlus ဘက်ကနေ ဘယ်လိုငြင်းငြင်း OnePlus 2 အတွက် အချိန်မပေးနိုင်လို့သာ Android Update မထုတ်ပေးခဲ့မှန်း Nexus 6 နဲ့ ယှဉ်ကြည့်ရင် သိသာပါတယ်။ Nexus 6 ဟာ OnePlus 2 ထက် Hardware အနည်းငယ်နိမ့်ပြီး Android 5.0 (Lollipop) နဲ့ စတင်ထွက်ရှိခဲ့တာချင်းအတူတူ Nexus 6 ဟာ Android Nougat (7.1.1) အထိ Update ပြုလုပ်လို့ရပါတယ်။ ဒီလိုမျိုး Pure Android အသုံးပြုဖုန်းအတွက် Software Support ကို ရရှိနိုင်သေးရဲ့သားနဲ့ မပေးဖြစ်ခဲ့တာဟာ Google Pixel ကိုပြိုင်မယ့် OnePlus ကုမ္ပဏီအနေနဲ့ OnePlus 5 ကိုရောင်းချရာမှာ ယုံကြည်မှုအနည်းငယ်လျော့ပါးသွားနိုင်ပါသေးတယ်။ 

                OnePlus 2 အနေနဲ့ကတော့ 5.1 (Lollipop) နဲ့ထွက်ရှိလာခဲ့ပြီး 6.0.1 (Marshmallow) မှာတင်ရပ်တန့်သွားတာမို့ Pure Android အသုံးပြုတဲ့ ဖုန်းတွေထဲမှာ Software Support အတော်နည်းတယ်လို့တောင် ပြောလို့ရပါတယ်။ လက်ရှိမှာတော့ OnePlus 3 နဲ့ 3T ကိုဘယ်လောက်အထိ Software Support ပေးနိုင်ဦးမလဲဆိုတာကိုလည်း စောင့်ကြည့်ရတော့မှာပါ။ 

References
Android Authority
About Author
Assinged Tags
Google Android Nougat Software Android Nougat Android Phone OnePlus 5 OnePlus OnePlus 3 OnePlus 3T OnePlus 2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed