Pixel နဲ့ Nexus ဖုန်းအချို့ကလွဲရင် စမတ်ဖုန်းတွေထဲမှာ ပထမဦးဆုံး Android 8.1 Oreo အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ဖြစ်လာတဲ့ Nokia 8

date_range 14 February 2018

Pixel နဲ့ Nexus ဖုန်းအချို့ကလွဲရင် စမတ်ဖုန်းတွေထဲမှာ ပထမဦးဆုံး Android 8.1 Oreo အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ဖြစ်လာတဲ့ Nokia 8

visibility 480 Views

                ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက HMD Global အနေနဲ့ Nokia Series စမတ်ဖုန်းတွေရဲ့ ပထမဆုံး Flagship စမတ်ဖုန်း ဖြစ်တဲ့ Nokia 8 စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့ပါတယ်။ HMD Global အနေနဲ့ Nokia 8 စမတ်ဖုန်းကို မိတ်ဆက်ပေးပြီး နှစ်လအကြာ၊ အောက်တိုဘာလမှာ Android 8.0 Oreo Beta Update ကို ထုတ်ပေးနိုင်ခဲ့ပြီး နိုဝင်ဘာလမှာတော့ Nokia 8 အတွက် Android 8.0 Oreo Stable Update ကို ထုတ်ပေးနိုင်ခဲ့ပါတယ်။

                ဒါ့အပြင် Nokia 8 အတွက် Android 8.1 Oreo Beta Update ကို ဒီနှစ် ဇန်နဝါရီလမှာ ထုတ်ပေးခဲ့ပြီး အခုအခါမှာတော့ Android 8.1 Oreo Stable Update ကို ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အခုလို Nokia 8 စမတ်ဖုန်းအတွက် Android 8.1 Oreo Stable Update ကို ထုတ်ပေးနိုင်ခဲ့တာကြောင့် Nokia 8 အနေနဲ့ Pixel နဲ့ Nexus ဖုန်းအချို့ကလွဲရင် စမတ်ဖုန်းတွေထဲမှာ ပထမဆုံး Android 8.1 Oreo အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

                Nokia 8 အတွက် Android 8.1 Oreo Stable Update ကို ထုတ်ပေးခဲ့ပြီး ဖြစ်တဲ့အကြောင်းကို ကုမ္ပဏီရဲ့ Chief Product Officer Juho Sarvikas က သူ့ရဲ့ Twitter အကောင့်ကနေတစ်ဆင့် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

                Android 8.1 Oreo Update ကို အသုံးပြုနေပြီ ဖြစ်တဲ့ Nokia 8 အသုံးပြုသူတွေရဲ့ ဖေါ်ပြချက်များ အရ File Size 1.6GB ရှိပြီး Build Number V4.84A အနေနဲ့ ထွက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Android 8.1 Oreo Update မှာ Android 8.0 Oreo Update တုန်းကလို ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုးတော့ မရှိပေမယ့် Android 8.0 Update က ချို့ယွင်းချက်အချို့ကို အခု Update မှာ ပြုပြင်ပေးထားတယ်လို့ သိရပါတယ်။

                Android 8.1 Oreo Update မှာ Bluetooth နဲ့ ချိတ်ဆက်ထားတဲ့ Device တွေရဲ့ Battery ရာခိုင်နှုန်းကို စမတ်ဖုန်းမှာ ပြသပေးမယ့် Bluetooth Battery Percentage Indicator၊ Wi-Fi Network Rating Provider စတာတွေ ပါဝင်လာပြီး Power Menu နဲ့ Navigation Bar တို့ကိုလည်း Android 8.1 Oreo Update မှာ ပိုမို ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံအဖြစ် ပြောင်းလဲပစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Research Bar ကို Settings ထဲမှာ ထည့်သွင်းပေးခဲ့သလို Notification နဲ့ Backup Feature ပိုင်းမှာလည်း ပိုမို ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။

                Android Core Feature တွေ ဖြစ်တဲ့ Neural Networks API, Autofill Framework Updates, SharedMemory API တို့လည်း Android 8.1 Oreo Update မှာ ပါဝင်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟမ်ဘာဂါ အီမိုဂျီမှာ Cheese ထားတဲ့နေရာ လွဲနေတာကိုလည်း ပြန်လည်ပြုပြင်ထားပါသေးတယ်။ Android 8.1 Oreo Update နဲ့ အတူ February Android Security Patch လည်း ပါဝင်ဦးမှာပါ။

                Nokia 8 မှာ Android 8.1 Oreo Update ကို Download ဆွဲချင်တယ် ဆိုရင်တော့ Settings -> System Updates ကနေတစ်ဆင့် Download ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Wi-Fi Connection နဲ့ပဲ Download ဆွဲလို့ရမှာ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Android Authority PhoneArena
About Author
Assinged Tags
Android Nokia Nokia 8 Software Update Android Update Android Oreo Android Oreo Stable
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed