Nokia 8 မှာ Android 8.1 Oreo Beta Update စတင် အသုံးပြုနိုင်ပြီ

date_range 25 January 2018

Nokia 8 မှာ Android 8.1 Oreo Beta Update စတင် အသုံးပြုနိုင်ပြီ

visibility 260 Views

                ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ Nokia 8 စမတ်ဖုန်းတွေအတွက် Android 8.0 Oreo Stable Update ထုတ်ပေးခဲ့တဲ့ Nokia ဟာ အခုအခါမှာလည်း Nokia 8 စမတ်ဖုန်း အသုံးပြုသူတွေ အတွက် Android 8.1 Oreo Beta Update ကို ထပ်မံ ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ HMD Global ရဲ့ Chief Product Officer ဖြစ်တဲ့ Juho Sarvikas က Nokia 8 မှာ Android 8.1 Oreo Beta Update ကို စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Twitter ကနေတစ်ဆင့် ကြေငြာသွားခဲ့တာ ဖြစ်ပါတယ်။

                Nokia 8 စမတ်ဖုန်းတွေ အတွက် Android 8.1 Oreo Beta Update ကို Download ဆွဲချင်တယ် ဆိုရင် Wi-Fi နဲ့သာ Download ဆွဲနိုင်မှာ ဖြစ်ပြီး File Size 1.55GB ရှိတယ်လို့ သိရပါတယ်။ Android 8.1 Oreo Update ဟာ အရင် Update နဲ့ ယှဉ်ရင် သိသိသာသာ ပြောင်းလဲသွားတာတော့ မရှိပါဘူး။

                Battery Performance ပိုမို ကောင်းမွန်လာမယ်၊ Bluetooth Device တွေမှာ ကျန်ရှိနေတဲ့ Battery Percentage ကို စမတ်ဖုန်းမှာ ပြသပေးနိုင်မယ်၊ Wi-Fi Network Speed ကိုလည်း အသုံးပြုသူက ချိတ်ဆက်အသုံးမပြုခင် ပြသပေးနိုင်မယ်၊ Settings ဒီဇိုင်းကို ပြန်လည် မွမ်းမံ ထားမှာ ဖြစ်တဲ့အပြင် ဟမ်ဘာဂါ emoji ကိုလည်း ပြန်လည် ပြင်ဆင်ပေးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် January Android Security Patch လည်း အခု Update မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

                Android 8.1 Oreo Beta Update ကို အသုံးပြုချင်တယ်ဆိုရင်တော့ Nokia ရဲ့ Beta Labs Program ကနေ တစ်ဆင့် စမ်းသပ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Beta Labs Program ဆိုတာကတော့ Nokia ကုမ္ပဏီရဲ့ Android Update Beta Version တွေကို အသုံးပြုသူတွေ ဝင်ရောက် စမ်းသပ်လို့ရတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Beta Labs Program ကို Nokia 8 အတွက် Android 8.0 Oreo Beta Update ထုတ်ပေးမယ့် အချိန်ကစတင်ပြီး အကောင်အထည်ဖေါ်ခဲ့တာ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizmoChina
About Author
Assinged Tags
Nokia Nokia 8 Beta Public Beta Android Oreo Android Oreo Beta
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed