Hamburger Emoji မှာ Cheese ပြားထားတဲ့နေရာ လွဲနေတာကို ဦးစားပေး ပြင်ဆင်သွားမယ်ဆိုတဲ့ Google CEO Sundar Pichai

date_range 31 October 2017

Hamburger Emoji မှာ Cheese ပြားထားတဲ့နေရာ လွဲနေတာကို ဦးစားပေး ပြင်ဆင်သွားမယ်ဆိုတဲ့ Google CEO Sundar Pichai

visibility 860 Views

                Burger တစ်ခုမှာ Cheese ပြားကို အသားပြားရဲ့ အပေါ်မှာ ထားသင့်တာလား၊ အောက်မှာ ထားသင့်တာလား? စားဖိုမှုးတွေလို တွေးမယ်ဆိုရင်တော့ လက်ရှိ Google အသုံးပြုနေတဲ့ Hamburger Emoji မှာ Cheese ပြားထားတဲ့ နေရာက မှားနေပါတယ်တဲ့။ ကျနော်ကတော့ Cheese ပြားက Burger ထဲမှာ ဘယ်နားရောက်နေနေ စားလို့အရသာရှိရင် ပြီးတာပါပဲ (ဟီးဟီး)။

                အခုကိစ္စကို စတင်မီးမွှေးသူကတော့ Baekdal Media ကို တည်ထောင်သူ Thomas Baekdal ပါပဲ။ Twitter မှာ 

                “ဘာကိစ္စ Google ရဲ့ Burger Emoji မှာ Cheese ပြားက အသားပြားအောက်မှာ ရောက်နေပြီး Apple ရဲ့ Burger Emoji မှာကျတော့ Cheese ပြားက အသားပြားအပေါ်ကို ရောက်နေတာလဲ ဆိုတာကို Discussion လုပ်ရင် ကောင်းမယ်”

လို့ Tweet လုပ်ခဲ့ပါတယ်။

                Google CEO Sunder Pichai ကလည်း Thomas ရဲ့ Tweet ကို တွေ့သွားပြီး 

                “နည်းလမ်းမှန်ကို ဆုံးဖြတ်ချက်ချဖို့အတွက် အခု Google မှာ အခုလက်ရှိ လုပ်နေတဲ့ ကိစ္စတွေ အကုန်လုံး ရပ်ပစ်လိုက်ပြီး တနင်္လာနေ့ကျရင် Address လုပ်ပေးမယ်”

လို့ Tweet တစ်ခု ပြန်တင်ခဲ့ပါတယ်။ မျက်နှာပြောင်တာလား၊ အတည်ပေါက်ပြောတာလားတော့ မသိပါဘူး။ ပြောလို့တော့ မရပါဘူး။ တကယ်လုပ်ချင်လည်း လုပ်နိုင်ပါတယ်။

                Burger Emoji ကိစ္စက မပြတ်သေးပါဘူးဆိုမှ Thomas Fuchs ဆိုသူကလည်း Google ရဲ့ Beer Emoji မှာ ဘီယာရှိတဲ့ နေရာနဲ့ အမြှုတ်ထနေတဲ့ နေရာနဲ့ကြားမှာ Space အများကြီး ခြားနေတာကြောင့် “Google ရေ၊ ဘီယာက အဲ့လိုအမြှုတ်ထလို့လား?” ဆိုပြီး Tweet လုပ်ထားပြန်ပါသေးတယ် (တွေ့လည်း တွေ့တတ်၊ တော်တော်လည်း မျက်နှာပြောင်တတ်တဲ့ ဘဲတွေ)။

                Emojipedia မှာ ရေးသားထားပုံအရတော့ Hamburger Emoji ကို ၂၀၁၀ ခုနှစ်မှာ Unicode 6.0 Standard သတ်မှတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ Emoji 1.0 မှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၅ နောက်ပိုင်းမှာတော့ Hamburger Emoji ပုံစံကို နည်းပညာကုမ္ပဏီကြီးတွေက သူတို့စိတ်ကြိုက် ပြန်ပြီး Render လုပ်ခဲ့ပါတယ်။

References
The Verge Gadgets NDTV
About Author
Assinged Tags
Google Emoji Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed