Pixel ဖုန်းတွေမှာ Microphone ပြဿနာရှိမှန်း သိသိနဲ့ ဆက်လက်ရောင်းချနေတဲ့အတွက် တရားစွဲဆိုခြင်း ခံလိုက်ရတဲ့ Google

date_range 09 February 2018

Pixel ဖုန်းတွေမှာ Microphone ပြဿနာရှိမှန်း သိသိနဲ့ ဆက်လက်ရောင်းချနေတဲ့အတွက် တရားစွဲဆိုခြင်း ခံလိုက်ရတဲ့ Google

visibility 980 Views

                Google အနေနဲ့ သူတို့ရဲ့ ပထမဆုံး စမတ်ဖုန်းတွေဖြစ်တဲ့ Pixel နဲ့ Pixel XL တို့ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက စတင် ရောင်းချခဲ့တာ ဖြစ်ပြီး Pixel 2 နဲ့ Pixel 2XL တို့ကို ထပ်မံ မိတ်ဆက်ပေးခဲ့ပါတယ်။ Pixel ဖုန်းတွေဟာ Stock Android အသုံးပြုထားပြီး Camera လည်း အထူးကောင်းမွန်တာကြောင့် နိုင်ငံခြားက Reviewer တွေ ကောင်းချီးပေးခြင်းကို အမြဲလိုလို ရရှိနေတဲ့ စမတ်ဖုန်းတွေလည်း ဖြစ်ပါတယ်။ 

                ဒါပေမယ့် Pixel ဖုန်းတွေဟာ တရားဝင်ရောင်းချခဲ့တဲ့ အချိန်ကစလို့ Google ခမျာမှာလည်း Battery ပြဿနာတွေ၊ Speaker အသံကွဲတဲ့ ပြဿနာတွေ၊ Camera ပြဿနာ၊ Microphone ပြဿနာ စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီ ပြဿနာတွေထဲကမှ အကြီးဆုံး ပြဿနာကတော့ Microphone ပြဿနာပါ။

                User Fault ကြောင့် မဟုတ်ပဲ Pixel နဲ့ Pixel XL မှာ တပ်ဆင်ထားတဲ့ Microphone တွေဟာ တစ်ခါတစ်လေ အလုပ် မလုပ်တော့တဲ့အတွက် Google ရဲ့ Support Forum မှာ Pixel ဖုန်းတွေရဲ့ Microphone နဲ့ ပက်သတ်ပြီး Report တွေ ပလူပျံနေခဲ့ပါတယ်။ ဒါ့အပြင် Google က ထုတ်လုပ်ခဲ့တဲ့ Pixel စမတ်ဖုန်းတွေရဲ့ ဒုတိယ မျိူးဆက်ဖြစ်တဲ့ Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေမှာလည်း Display ပြဿနာScreen ပြဿနာ၊​ OS ပါမလာတဲ့ ပြဿနာMic ပြဿနာတွေလည်း ရှိနေပြန်ပါသေးတယ်။

                “ဒီပြဿနာဟာ Mic သုံးလုံးကို ခဲဆော်ထားတဲ့ ခဲကြောင်းတွေ အက်သွားရာကတဆင့် ဖြစ်ပေါ်လာတာ ဖြစ်ပြီး Pixel နဲ့ Pixel XL ဖုန်းတွေရဲ့ ၁% လောက်မှာသာ ဒီလို ပြဿနာမျိူးကို ကြုံတွေ့ရတာ ဖြစ်တယ်”

လို့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ Brian Rakowski က ပြောကြားခဲ့ဖူးပါတယ်။

                စိတ်ဝင်စားစရာ ကောင်းတာက အခုတရားစွဲဆိုမှုမှာ ပစ်မှတ်က Pixel 2 နဲ့ Pixel 2XL တို့မဟုတ်ပဲ Pixel နဲ့ Pixel XL တို့ ဖြစ်နေပါတယ်။ Google အနေနဲ့ Pixel နဲ့ Pixel XL ဖုန်းတွေရဲ့ Microphone ပြဿနာဟာ User Fault ကြောင့်ဖြစ်တာ မဟုတ်ဘူးလို့ ဝန်ခံခဲ့ပြီး၊ Warranty ရှိသေးတဲ့ဖုန်းတွေကို ပြန်လည် ပြုပြင်ပေးခဲ့တယ် ဆိုပေမယ့် Warranty မရှိတော့တဲ့သူတွေ အတွက်ကိုတော့ Fix တွေ ထုတ်မပေးပဲ ပစ်ထားခဲ့သလို ဖြစ်နေခဲ့ပါတယ်။

                ဒီအချက်ကြောင့်လည်း Google တို့ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ Google ကို တရားစွဲဆိုခဲ့တဲ့ သူတွေကတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က Patricia Weeks နဲ့ ကယ်လီဖိုးနီးယားပြည်နယ်က Waleed Anbar တို့ ဖြစ်ပါတယ်။

                “Google အနေနဲ့ Warranty မရှိတော့ပေမယ့် Microphone ပြဿနာရှိနေသေးတဲ့ Pixel ဖုန်းတွေကို ပြန်လည်ပြုပြင်ပေးမယ့်အစား ငွေပြန်အမ်းခြင်း ဒါမှမဟုတ် Microphone ပြဿနာ မရှိတော့တဲ့ Pixel ဖုန်းအသစ်များကို ပြောင်းလဲ အစားထိုးခြင်းတို့ မပြုလုပ်ခဲ့တဲ့အပြင် Warranty ရှိလို့ အသစ်တစ်လုံးနဲ့ သွားလဲပြန်တော့လည်း လဲပေးလိုက်တဲ့ အလုံးမှာလည်း Microphone ပြဿနာက ရှိနေပြန်သေးတယ်ဆိုတော့ ဝယ်ယူအသုံးပြုသူတွေမှာ စိတ်ချမ်းသာမှု မရရှိပဲ မိအေးနှစ်ခါနာလည်း ဖြစ်ရပါသေးတယ်”

လို့ တရားစွဲဆိုထားတဲ့ စာရွက်စာတမ်းတွေထဲမှာ ရေးသားထားပါတယ်။

                ENGADGET အနေနဲ့ Google ကို Email ပို့ပြီး ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ တရားစွဲဆိုမှုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဖြေကြားမှုမရှိပဲ Out-Of-Warranty Device တွေအတွက် Help Center Page ရဲ့ Link ကိုပဲ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

References
ENgadget CNET
About Author
Assinged Tags
Google Pixel Smartphones Pixel XL Google Pixel Pixel 2 Lawsuit Pixel 2 XL Hardware Issue
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed