Google ကနေ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Pixel 2 နဲ့ Pixel 2 XL

date_range 05 October 2017

Google ကနေ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Pixel 2 နဲ့ Pixel 2 XL

visibility 32060 Views

                Google ဟာ မနေ့ည ( စက်တင်ဘာ ၄ ရက်နေ့ )၊ ညဆယ်နာရီဝန်းကျင်လောက်က ပြုလုပ်သွားခဲ့တဲ့ October 4 Event မှာ Pixel 2 ဖုန်းမော်ဒယ်အသစ်ကို မိတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ ကျနော်တို့ ကြိုတင်သိရှိထားတဲ့အတိုင်း Products အသစ်တွေ အပြင်၊ မမျှော်လင့်ထားတဲ့ Products အသစ်လေးတွေကိုပါ Google က တခါတည်း မိတ်ဆက်သွားတာလည်း တွေ့ရပါတယ်။

                ဒီ သတင်းဆောင်းပါးမှာတော့ Pixel 2 နဲ့ Pixel 2 XL အကြောင်းပဲ တင်ဆက်သွားမှာဖြစ်ပြီး၊ Pixelbook Laptop အသစ်အကြောင်းကိုတော့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။ တခြား Products တွေကိုလည်း ဆက်လက်ရေးသားသွားပါမယ်။

                Google က မိတ်ဆက်ခဲ့တဲ့ Pixel 2 ဖုန်းအသစ်ဟာ အရင် Pixel မော်ဒယ်ထက် Hardware နဲ့ ဒီဇိုင်းပိုင်းမှာ ဘာမှ ထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိဘဲ၊ Software Experiences ပိုင်းကိုပဲ တော်တော်လေး အလေးပေး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

Hardwares and Design

                Google Pixel 2 နဲ့ Pixel 2 XL မှာ ကွာခြားတာက Pixel 2 က အရင်မျိုးဆက်နဲ့ ဒီဇိုင်းတော်တော်ဆင်တူပေမယ့်၊ Pixel 2 XL ကတော့ ဒီဇိုင်းအနည်းငယ်ပြောင်းလဲသွားပြီး၊ စခရင်အပြည့်နီးပါး ၆ လက်မ Display နဲ့ ဖြစ်လာပါတယ်။ လုံးဝအပြည့်တော့ မဟုတ်ဘဲ၊ ဘောင်တွေကိုတော့ နည်းနည်းတွေ့မြင်နိုင်ဦးမှာပါ။


                ဘောင်တွေ ပါရှိသေးတဲ့ Pixel 2 မှာ ၅ လက်မအကျယ် FHD 1920 x 1080 pixel, 441ppi AMOLED Display နဲ့ ဖြစ်ပြီး၊ စခရင်အပြည့်နီးပါးဖြစ်သွားတဲ့ Pixel 2 XL ကတော့ ၆ လက်မအကျယ် QHD+ 2880 x 1440 pixels, 538 ppi, pOLED Screen နဲ့ ဖြစ်ပါတယ်။ Pixel 2 XL ရဲ့ Display Ration က 18:9 ဖြစ်သွားပြီး၊ Pixel 2 ကတော့ 16:9 နဲ့ ဖြစ်မှာပါ။ ဖုန်းနှစ်ခုစလုံး Corning Gorilla Glass 5 နဲ့ ဖြစ်ပြီး၊ Always-On-Display ပါဝင်မှာ ဖြစ်ပါတယ်။



                Design မှာ နောက်ထပ်ပြောင်းလဲမှုအနေနဲ့ ပါဝါခလုတ်ကို ဖုန်းအရောင်နဲ့ မတူတဲ့ အရောင်တွေကို အသုံးပြုထားတာတွေ့ရပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ 3.5mm Headphone Jack ပါဝင်လာမှာမဟုတ်ဘဲ၊ USB-C Headphones တွေ တပ်သုံးရမှာပါ။ 3.5mm to Type-C Adapter တော့ ဖုန်းဝယ်ရင် ပါလာမှာဖြစ်ပါတယ်။


                Fingerprint Sensor ကိုတော့ ထုံးစံအတိုင်း ဖုန်းကျောဘက်မှာပဲ ထည့်သွင်းပေးထားပါတယ်။ Google ရဲ့ အဆိုအရ စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး Fingerprint Sensor ဖြစ်ပါတယ်တဲ့။

                Pixel 2 နဲ့ Pixel 2 XL မှာ Processor အနေနဲ့ လက်ရှိအမြင့်ဆုံး Snapdragon 835 SoC ကို အသုံးပြုထားပြီး၊ RAM 4 GB ၊ Internal Storage က 64 GB နဲ့ 128 GB မော်ဒယ်နှစ်မျိုး ရှိမှာပါ။ Speakers တွေကို ဖုန်းမျက်နှာပြင်အပေါ်ဘက်မှာ တပ်ဆင်ထားပြီး၊ Stereo Front-Firing Speakers တွေ ဖြစ်ပါတယ်။ Hybrid Coating ခံထားတဲ့ အလူမီနီယမ်ကိုယ်ထည်အပြည့်နဲ့ ဖြစ်ပြီး၊ IP 67 Water Resistant Rating နဲ့ ရေစိုခံနိုင်မယ့် ဖုန်းတွေ ဖြစ်ပါတယ်။

ဘက်ထရီကတော့ မျက်နှာပြင်သေးတဲ့ Pixel 2 က 2,700 mAh ဘက်ထရီနဲ့ဖြစ်ပြီး၊ မျက်နှာပြင်ပိုကြီးတဲ့ Pixel 2 XL ကတော့ 3,520 mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။

Camera

                တခြား Flagship ကော၊ Mid-End ကော စမတ်ဖုန်းတွေ တော်တော်များများက ခေတ်စားလာတဲ့ စမတ်ဖုန်းကင်မရာနယ်ပယ်အတွက် ကျောဘက်နဲ့ အရှေ့ဘက်တွေမှာ Dual Camera တွေ တပ်ဆင်ပြီး၊ ကင်မရာ Performance သူ့ထက်ငါ ပိုကောင်းအောင် ပြိုင်ဆိုင်နေကြချိန်မှာ၊ Google ကတော့ ကင်မရာတစ်လုံးတည်းနဲ့လည်း အကောင်းဆုံးစမတ်ဖုန်းကင်မရာတစ်ခု ဖြစ်နိုင်ကြောင်း သက်သေပြဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။


                Pixel 2 နဲ့ Pixel 2 XL မှာ Dual-pixel Sensor လို့ နာမည်ပေးထားတဲ့ 12.2 MP, f/1.8 Aperture နဲ့ OIS ပါဝင်တဲ့ အနောက်ကင်မရာတစ်လုံးတည်းကိုပဲ အသုံးပြုထားပြီး၊ ရှေ့ကင်မရာကတော့ 8MP Sensor နဲ့ ဖြစ်ပါတယ်။ Dual Camera မဟုတ်ပေမယ့် Portrait Mode ပါဝင်ပြီး၊ နောက်ခံ Background အဝါး ပုံတွေကို Google ရဲ့ Machine Learning နည်းပညာအကူအညီနဲ့ ကင်မရာကော နောက်ကင်မရာမှာပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Dual-pixel Sensor က နောက်ခံ Background နဲ့ အရှေ့က လူကို ခွဲခြားနိုင်မှာဖြစ်ပြီး၊ အကောင်းဆုံးအသေသပ်ဆုံ Portrait ပုံတွေကို ပေးစွမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လူတွေတင်မဟုတ်ဘဲ အရာဝတ္ထုပစ္စည်း Objects တွေပါ Portarit Mode နဲ့ ရိုက်နိုင်မှာပါ။


                Video Recording လုပ်တဲ့အခါမှာတော့ OIS ကော Digital Stabilization စနစ် EIS ကိုပါ တပြိုင်တည်း အသုံးပြုသွားမှာဖြစ်ပြီး၊ တုန်ခါမှုအနည်းဆုံးဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ် (လို့ ဆိုပါတယ်)။ Google က မိတ်ဆက်ပွဲမှာ ပြောသွားချက်အရ Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းတွေဟာ ကင်မရာ Benchmark ပိုင်းမှာ နာမည်ကြီးဖြစ်တဲ့ DxOMark ရဲ့ မိုဘိုင်းဖုန်းကင်မရာအမှတ်ပေးမှုမှာ အများဆုံးစံချိန်တင်အမှတ်ဖြစ်တဲ့ 98 မှတ်အထိ ရရှိထားကြောင်း သိရှိရပါတယ်။ Dual-Camera သုံးထားတဲ့ iPhone 8 Plus က 94 မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒီ Results တွေနဲ့ အမှတ်တွေက ဘယ်လောက်ထိ မှန်ကန်တိကျမှုရှိလဲဆိုတာကိုတော့ တကယ်စမ်းကြည့်ထားတဲ့ Results တွေကိုပဲ စောင့်ကြည့်ရမှာပေါ့။


                AR အတွက် Optimize လုပ်ထားတဲ့ Pixel 2 နဲ့ Pixel 2 XL တို့ရဲ့ ကင်မရာကနေ AR Applications တွေ အဆင်သင့်အသုံးပြုနိုင်မှာဖြစ်ပြီး၊ Google ရဲ့ Daydream VR Headset အသစ်တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pixel 2 ကင်မရာအကူအညီနဲ့ ဒီဖုန်းတွေအတွက်ပဲ သီးသန့်လုပ်ပေးထားတဲ့ AR Stickers တွေကိုလည်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ ထည့်နိုင်မှာပါ။ ဒီ့အပြင် ၃ စက္ကန့်စာ Motion Photos လို့ခေါ်တဲ့ ပုံအရှင်တွေကိုလည်း ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ ဒါကတော့ iPhone ရဲ့ Live Photos ပုံစံမျိုးပါပဲ။

Software

                OS ပိုင်းအနေနဲ့ကတော့ သိကြတဲ့အတိုင်း Google ရဲ့ ကိုယ်ပိုင် Stock Android နဲ့ပဲ ဖြစ်ပြီး၊ Android 8 Oreo နဲ့ ထွက်လာမှာပါ။ Pixel 2 အတွက် Launcher သက်သက်ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Google Assistant ကိုလည်း Pixel 2 ဖုန်းတွေအတွက် Features အသစ်တွေ ထည့်ပေးထားတာ တွေ့ရပါတယ်။ ဒီအကြောင်းကိုတော့ နောက်မှ သက်သက်ရေးပါမယ်။

                Pixel 2 ရဲ့ Home Screen အသစ်မှာတော့ အမြဲတမ်း စခရင်အပေါ်ဘက်၊ ထိပ်ပိုင်းမှာပဲ ရှိခဲ့တဲ့ Google Logo နဲ့ Search Bar က စခရင်အောက်ကို ရောက်လာတာတွေ့ရပါတယ်။ ဒီလို Google Bar ကို Customize ပြုလုပ်နိုင်တဲ့ Feature ကို မကြာခင် တချို့ Android Phones ဒါမှမဟုတ် Android OS တွေဆီ ထုတ်ပေးနိုင်ပါတယ်။ Google Assistant ကလည်း ပိုမိုစမတ်ဖြစ်လာပြီး၊ Google Lens Feature စတင်ပါဝင်လာကာ၊ ကင်မရာကို အပြင်ကအရာဝတ္ထုတွေကို ချိန်လိုက်တာနဲ့ သူနဲ့ပတ်သတ်တဲ့၊ သူ့မှာပါတဲ့ Information တွေ အကုန် ရရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Other Features

                Pixel 2 ဖုန်းမော်ဒယ်အသစ်နှစ်မျိုးလုံးမှာ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ HTC U11 မှာ တွေ့ခဲ့ရတဲ့ ဘောင်ညှစ်လို့ရတဲ့ Edge Sensor နည်းပညာကို ဒီဖုန်းတွေမှာ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ Google Assistant ခေါ်ချင်ရင် ခလုတ်သက်သက်နှိပ်စရာမလိုဘဲ၊ ဘောင်တွေကို ညှစ်လိုက်ရုံပဲ ဖြစ်ပါတယ်။


                Pixel 2 ကော Pixel 2 XL မှာပါ USB-C 3.1, Gen 1 ကို အသုံးပြုထားပြီး၊  အားအမြန်သွင်းစနစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။


Availability

                ဝယ်ယူရရှိနိုင်မယ့်အရောင်တွေကတော့ Pixel 2 နဲ့ Pixel 2 XL က နည်းနည်းကွာပါတယ်။ Pixel 2 ကို Just Black၊ Clearly White နဲ့ Kinda Blue ဆိုပြီး သုံးမျိုး ရရှိနိုင်မှာဖြစ်ကာ၊ Pixel 2 XL ကိုတော့ Just Black နဲ့ Black & White ဆိုပြီး နှစ်မျိုးပဲ ရွေးချယ်နိုင်မှာပါ။ Google က ပွဲမှာ ဖုန်းတွေရဲ့ အရောင်နာမည်ကို ကိုယ်ပိုင်ရှုပ်ရှုပ်ယှက်ယှက်နာမည်ပေးတာမျိုး မလုပ်ထားကြောင်း အရွှန်းဖောက် ပြောသွားပါတယ်။


                အားလုံးသိချင်နေကြတဲ့ စျေးနှုန်းကတော့ Pixel 2 Unlock အလုံး 64 GB မော်ဒယ်ကို ၆၄၉ ဒေါ်လာရှိမှာဖြစ်ပြီး၊ 128 GB မော်ဒယ်က ဒေါ်လာ ၁၀၀ ပိုများသွားပါမယ်။ Pixel 2 XL ကတော့ ၈၄၉ ဒေါ်လာရှိပြီး၊ 128 GB မော်ဒယ်က ခုနအတိုင်း ဒေါ်လာ ၁၀၀ ပိုများသွားပါမယ်။ ယနေ့ကစ Pre-Order မှာယူနိုင်ပါပြီ။ နောက်ထပ်မိုက်တဲ့တစ်ချက်က Pixel 2 ဖုန်းအသစ်တွေ ဝယ်ယူသူတိုင်းကို နိုင်ငံ၊ အရေအတွက်အကန့်အသတ်နဲ့ ၄၉ ဒေါ်လာတန် Google Home Mini စမတ်စပီကာလေး ပေးသွားမှာပါ။ 

                Hardware နဲ့ Software ကို တသားတည်းဖြစ်အောင် ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ Google ဟာ ဒီပွဲမှာ HTC ရဲ့ Engineers ၂၀၀၀ ကျော်ကို ခေါ်ယူထားပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ MadebyGoogle Products အသစ်တွေကို Hardware နဲ့ Software ပိုင်း တသားတည်း ဖြစ်အောင် ထုတ်လုပ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ 

THIS ARTICLE IS STILL DEVELOPING
References
Engadget Google The Verge
About Author
Assinged Tags
Google Smartphones Google Smartphones Pixel 2 Pixel 2 XL
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed