Display အစွန်အဖျားတွေကို ထိတွေ့လို့ အဆင်မပြေတဲ့ပြဿနာ Pixel 2 XL စမတ်ဖုန်းအချို့မှာဖြစ်ပေါ်နေ

date_range 12 November 2017

Display အစွန်အဖျားတွေကို ထိတွေ့လို့ အဆင်မပြေတဲ့ပြဿနာ Pixel 2 XL စမတ်ဖုန်းအချို့မှာဖြစ်ပေါ်နေ

visibility 840 Views

                ကျွန်တော်တို့အနေနဲ့ Pixel 2 XL မှာ Screen Flashing ဖြစ်တဲ့ပြဿနာတွေကို တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒီလောက်နဲ့မတင် မပြီးသေးပါဘူး။ အချို့ Google Pixel 2 XL စမတ်ဖုန်းအချို့ရဲ့ Display အစွန်အဖျားတွေကို ထိတွေ့လို့ အဆင်သိပ်မပြေတဲ့ပြဿနာတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရှိထားရပါတယ်။

                လွန်ခဲ့တဲ့တစ်ပတ်လောက်က Pixel 2 XL အသုံးပြုသူတစ်ဦးဟာလည်း Google Forum မှာ ဒီလို Touch Responsive မဖြစ်တဲ့ပြဿနာကို Feedback ပေးထားခဲ့ပါတယ်။ သူ့ရဲ့ပြောကြားချက်အရ Display ရဲ့ ထောင့်ဘက်ခြမ်းတွေကို လက်နဲ့ ပွတ်ဆွဲသွားရင်တော့ အဆင်ပြေတယ်လို့သိရှိခဲ့ရပြီး၊ ထောင့်ဘက်ခြမ်းတွေကို လက်နဲ့ ထိဖို့ကြိုးစားတဲ့အခါမှာသာ အကြိမ်တိုင်းကို Sensor က မသိရှိဘူးလို့ သိရှိရပါတယ်။ (စမ်းသပ်ပြထားတဲ့ Video ကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်)


                နောက်ထပ် အသုံးပြုသူတစ်ယောက်ကလည်း ဒီလိုမျိုး Display အစွန်အဖျားတွေဟာ ထိတွေ့ရအဆင်မပြေတာကိုလည်း Call of Duty: Heroes ကိုဆော့နေရင်းနဲ့ သိရှိခဲ့ရတယ်လို့ဆိုပါတယ်။ ဆော့နေရင်းနဲ့ ထောင့်ဘက်မှာရှိတဲ့ Button တွေကိုနှိပ်တဲ့အခါ ချက်ချင်းတုံ့ပြန်မှုကို မပေးနိုင်ဘဲ၊ သုံးလေးချက် ဆက်တိုက် ထိမှသာ သိရှိတယ်လို့ ဆိုပါတယ်။


                Google ရဲ့ Community Manager တစ်ဦးဖြစ်တဲ့ Orrin ရဲ့ ပြန်လည်ဖြေကြားချက်အရ

အခုလို ပြဿနာတွေဖြစ်ပေါ်နေတာကို Report လုပ်ပေးတာနဲ့ လိုအပ်တဲ့အချက်အလက်တွေ ပေးပို့ပေးတာ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ Team အနေနဲ့ ဖြစ်တဲ့ပြဿနာကို စုံစမ်းစစ်ဆေးနေပြီးတော့ ဒီကိစ္စကို ဖြေရှင်းပေးဖို့အတွက် OTA Update ကို သိပ်မကြာခင်ထုတ်လုပ်ပေးသွားပါမယ်

                လို့ပြောကြားထားခဲ့ပါတယ်။

                ဒါကြောင့်မို့လို့ အခုဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ Hardware ပြဿနာကြောင့်မဟုတ်ဘဲ ထောင့်ဘက်တွေကို မတော်တဆထိတွေ့မိမှာစိုးလို့ Protection အလွန်အကျွံပြုလုပ်မိတာကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။

                စမတ်ဖုန်းတိုင်းမှာ အားနည်းချက်၊ အားသာချက်တွေ ရှိတတ်တာကတော့ သဘာဝပါပဲ။ ဒါပေမယ့်လည်း Google Pixel 2 XL အချို့ဖုန်းတွေဟာ System Firmware မပါဝင်လာတဲ့အထိ ကို ဆိုးဆိုးရွားရွားတွေဖြစ်ထားပါတယ်။ ဒီလိုပြဿနာတွေအပြင် ဆက်လက်ပြီးတော့လည်း ဘယ်လို Feedback တွေရှိလာဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

References
Android Police
About Author
Assinged Tags
Google Android Smartphones Google Pixel XL 2 Edge Touch Responsive
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed