Google Pixel 2 XL မှာ Screen ပိတ်/ဖွင့်ပြုလုပ်ရင် Screen Flash များဖြစ်ပေါ်နေ

date_range 10 November 2017

Google Pixel 2 XL မှာ Screen ပိတ်/ဖွင့်ပြုလုပ်ရင် Screen Flash များဖြစ်ပေါ်နေ

visibility 600 Views

                ယခုနှစ် အောက်တိုဘာ ၄ ရက်နေ့မှာ မိတ်ဆက်ပေးသွားခဲ့တဲ့ Google Pixel 2/2 XL တို့ဟာ လက်ရှိ ကင်မရာပိုင်းနဲ့ပတ်သက်လို့ အကောင်းမွန်ဆုံး (DxO Mark မှာ အမှတ် 98 ရထားတဲ့) စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Google Pixel 2 မှာ အားနည်းချက်အချို့ကိုလည်း တွေ့ရှိခဲ့ရပြီးဖြစ်ပါတယ်။

                Google Pixel 2/2 XL  တို့ဟာ ဗီဒီယိုရိုက်ကူးတဲ့အခါ အသံဖမ်းတဲ့ပိုင်းမှာ ပြဿနာတွေရှိနေ ပြီး၊ အချို့ Google Pixel 2 XL စမတ်ဖုန်းတွေမှာ System Firmware မပါဝင်လာတဲ့ ပြဿနာ တွေကိုပါ ကြုံတွေ့နေရပါတယ်။ အားနည်းချက်တစ်ခုတော့မဟုတ်ပေမယ့် စမတ်ဖုန်းအတွင်းမှာပါဝင်လာတဲ့ Photography Processing ကို အဓိကရည်ရွယ်ထားတဲ့ Visual Core Chip ဟာလည်း Android 8.1 Developer Preview ကနေ စတင်ပြီးတော့မှ အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Android 8.1 မတိုင်ခင်အဖို့တော့ ဒီ Visual Core Chip ကိုအသုံးမပြုနိုင်သေးတာကြောင့် နည်းနည်းတော့ ကသိကအောက်နိုင်ပါတယ်။


                အခုအချိန်မှာလည်း Google Pixel 2 XL စမတ်ဖုန်းတွေမှာ Screen အဖွင့်/အပိတ်လုပ်တဲ့အချိန်မှာ Flash ထ သွားတဲ့ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ သိရှိထားရပါတယ်။ ဒီ Flash ပုံစံဟာ ဟိုးအရင် CRT ခေတ်တုန်းက အဖွင့်အပိတ်မှာ တွေ့မြင်ရတဲ့ Flash ပုံစံမျိုးလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီပြဿနာကို Factory Reset ချပြီး ဖြေရှင်းလို့လည်း မရသလို၊ ဖုန်းကို Reboot ချရင်လည်း အဆင်မပြေသွားဘူးလို့ သိရှိရပါတယ်။ ဖုန်းကို Reboot ချရင်တောင် Boot ပြန်အတက်မှာ Flash ထ သွားတာကို အောက်ကဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။


                Ambient Display ကို On/Off ပြုလုပ်ကြည့်ရင်တော့ ဒီ Screen Flash ပြဿနာကို ခဏလောက်ပျောက်သွားတတ်ပါတယ်။ ပျောက်သွားတတ်တယ်ဆိုပေမယ့် Temporary Solution တစ်ခုသာဖြစ်ပြီး၊ သိပ်မကြာခင်မှာ Screen On/Off ပြုလုပ်တာနဲ့ Screen Flashing ပြန်ဖြစ်လာတတ်တယ်လို့ ဆိုပါတယ်။

                ဒီပြဿနာကို Nexus 6P သမားတွေလည်း Oreo Update မှာ ကြုံတွေ့နေရပြီး၊ Pixel 2 XL လောက်တော့မဆိုးဘူးလို့ သိရှိထားပါတယ်။ ဒါကြောင့်မို့လို့ Pixel 2 XL မှာ အခုဖြစ်ပေါ်နေတဲ့ Screen Flash ပြဿနာဟာ Software Bug တစ်ခုလို့ အကြမ်းဖျင်းယူဆရပါတယ်။ ထူးဆန်းတာတစ်ခုက Google Pixel 2 မှာတော့ Screen Flashing ပြဿနာလုံး၀မရှိဘဲ၊ Pixel 2 XL စမတ်ဖုန်းတွေမှာပဲ တွေ့မြင်နေရတာဖြစ်ပါတယ်။

                Google အနေနဲ့ Software Update ထုတ်လုပ်ပြီးတော့ပဲ ဒီ Screen Flashing ပြဿနာတွေကို ဖြေရှင်းပေးသွားမှာလား၊ ဒါမှမဟုတ် ဒီ Screen Flashing တွေဖြစ်နေတာဟာ Hardware ချို့ယွင်းချက်တစ်ခုခုကြောင့်ပဲလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

References
Android Authority
About Author
Assinged Tags
Google Bug Report Google Pixel Google Pixel 2 Pixel 2 Pixel 2 XL Google Pixel 2 XL Screen Flashing Software Bug
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed