တစ်ချို့ Google Pixel 2 XL ဖုန်းတွေမှာ Operating System မပါလာတာကို ကြုံတွေ့နေရ

date_range 03 November 2017

တစ်ချို့ Google Pixel 2 XL ဖုန်းတွေမှာ Operating System မပါလာတာကို ကြုံတွေ့နေရ

visibility 1760 Views

                Google က နောက်ဆုံးထုတ်လိုက်တဲ့ Flagship ဖုန်းနှစ်မျိုးထဲက Pixel 2 XL ကတော့ ကောင်းတဲ့အချက်တွေလည်း ရှိနေသလို Display ပြဿနာကစလို့ ပြဿနာပေါင်းစုံ ဝန်းရံနေပါတယ်။

                Pixel 2 XL အတွက် LG ကထုတ်တဲ့ pOLED Display Panel တွေမှာ ပြဿနာအချို့ စတင်ကြုံတွေ့ခဲ့ရပြီး Google ကတော့ နောက်ထွက်မယ့် Software Update မှာ ဒီပြဿနာကို ဖြေရှင်းထားပါတယ်လို့ ချက်ချင်းတုံ့ပြန် ပြောကြားခဲ့ပါတယ်။ Pixel 2 နဲ့ Pixel 2 XL တို့အတွက် Extended Warranty ကိုလည်း ဖုန်းပိုင်ရှင်တွေအတွက် နောက်ဖုန်းတစ်လုံး မလဲခင်အထိ လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခု ရရှိစေနိုင်ဖို့အတွက် ၂ နှစ်အထိတိုးပေးခဲ့ပါတယ်။

                အခုလည်း နောက်ထပ်ပြဿနာတစ်ခု ထပ်ပေါ်လာပြန်ပါပြီ။Android Police ရဲ့ ဖေါ်ပြချက်အရ အချို့ Pixel 2 XL ဝယ်ယူထားသူတွေဟာ Operating System မထည့်ရသေးတဲ့ ဖုန်းတွေကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို ကံဆိုးတဲ့လူတွေဟာ Reddit နဲ့ Ars Technica လို Forum တွေမှာ သူတို့ရဲ့ အဖြစ်အပျက်ကို Report လုပ်ကြရင်းနဲ့ သူတို့လို Pixel 2 XL ကိုရရှိခဲ့သူတွေကို လူစုဖို့ရှာဖွေနေကြတယ်လို့ သိရပါတယ်။

                ထုတ်လုပ်မှုပိုင်းနဲ့ တပ်ဆင်မှုပိုင်းမှာ ပေါ့တီးပေါ့ဆနိုင်ခဲ့တာကြောင့် အခုလိုမျိုး Operating System တစ်ခုလုံး မပါလာတာ ဖြစ်နိုင်ပါတယ်။ Operating System က နောက်ဆုံးအဆင့် တပ်ဆင်မှုပိုင်းမှာ ကတည်းက မပါဝင်လာတာ ဖြစ်တဲ့အတွက် ဗူးအဖုံးဖွင့်တာနဲ့ ဖုန်းက Boot တက်လာမှာတော့ မဟုတ်ပါဘူး။

                Boot မတက်လာပဲ Feature Image မှာ ပြထားတဲ့အတိုင်း "ဒီဖုန်းမှာ Operating System မပါတဲ့အတွက် Boot တက်မှာမဟုတ်ပါဘူး။ g.co/ABH ဆိုတဲ့ Link ကို တခြားဖုန်းနဲ့ ဝင်ကြည့်ပါ" ဆိုတဲ့ Warning ကြီးပဲ တက်လာမှာပါ။ နောက်ပြီး ပေးထားတဲ့ လင့်ခ်ကနေလည်း ဘာမှလုပ်လို့ မရဘူးလို့ သိရပါတယ်။

                ဒီပြဿနာကို ကြုံတွေ့နေရတဲ့ ကံဆိုးသူတွေအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ တစ်ခုပဲရှိမှာပါ။ Google ကို Operting System မပါလာတဲ့ဖုန်းကို ပြန်ပို့၊ အသစ်တစ်လုံးနဲ့ လဲခိုင်းလို့ပဲ ရမှာပါ။ ဒီဖုန်းပိုင်ရှင်တွေကတော့ ပြန်လဲပေးတဲ့ဖုန်းတွေမှာ အခြားပုံမှန်ဖုန်းတွေလို Android ကိုစနစ်တကျ သွင်းထားစေချင်တာတွေအပြင်၊ ဖုန်းတွေကို အမြန်ဆုံးပြန်ရနိုင်အောင် Google ကိုလုပ်ပေး စေချင်နေကြပါတယ်။

                Google အနေနဲ့ တစ်ချို့ဖုန်းတွေမှာ အခုလိုပြဿနာ ရှိနေတယ်လို့ Android Police ကို Confirm လုပ်ပေးခဲ့ပြီး ချက်ချင်းလည်း Fix လုပ်လိုက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Android Police အနေနဲ့ ဘယ်လို Fix လုပ်လိုက်လည်းလို့ Google ကို မေးမြန်းခဲ့ရာမှာတော့ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

                အခုပြဿနာနဲ့ ပက်သက်ပြီး နောက်ထပ် သတင်းအချက်တွေ ထွက်ရှိလာနိုင်ခြေရှိတဲ့အတွက် ဒီ Post ထဲမှာပဲ Update လုပ်ပေးဦးမှာပါ။

This Article is contributed by YLin
References
Android Police
About Author
Assinged Tags
Google Pixel Pixel 2 Pixel 2 XL
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed