အိန္ဒိယနိုင်ငံမှာ "Flagship Smartphone of the Year" ဆုကို ရရှိခဲ့တဲ့ Galaxy Note 8

date_range 21 December 2017

အိန္ဒိယနိုင်ငံမှာ "Flagship Smartphone of the Year" ဆုကို ရရှိခဲ့တဲ့ Galaxy Note 8

visibility 460 Views

                မနှစ်က Galaxy Note 7 ဟာ မျှော်လင့်မထားတဲ့ ဘက်ထရီ ပြဿနာကြောင့် မီးလောင်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး Samsung ကိုလည်း ကန်ဒေါ်လာ ၁၇ ဘီလီယံထိ ဆုံးရှုံးစေခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကြောင့်  နောက်ထွက်လာမယ့် Galaxy Note တွေမှာ ပရိတ်သတ်တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိနိုင်ဖို့အတွက် Samsung အနေနဲ့ ပြင်ဆင်မှုတွေ၊ ပြုပြင်မှုတွေ လုပ်ခဲ့ရပါတယ်။

                Note 7 တုန်းကလို အဖြစ်အပျက်မျိုးတွေ မဖြစ်ပွားအောင် ပြင်ဆင်အပြီးမှာတော့ Samsung အနေနဲ့ Samsung Note Series ရဲ့ မျိုးဆက်သစ် Note 8 ကို မိတ်ဆက်ခဲ့ပြီး DisplayMate ကလည်း Display အကောင်းဆုံးဖုန်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဖုန်းတစ်လုံးဖြစ်ခဲ့သလို၊ Note 7 ထက်လည်း ရောင်းအားပိုကောင်းတဲ့ ဖုန်းတစ်လုံး ဖြစ်လာခဲ့ပါတယ်။ 

                Note 8 ရဲ့ အောင်မြင်မှုက ရပ်မသွားသေးဘူးလို့ ဆိုရမလားပါပဲ။ မနေ့ညက အိန္ဒိယနိုင်ငံ Gurugram မြို့မှာ ကျင်းပခဲ့တဲ့ Exhibit Tech Awards 2017 ပွဲမှာ "Flagship Smartphone of the Year" ဆုကို ရရှိခဲ့တယ်လို့ Samsung Mobile India ရဲ့ Twitter Page ကတစ်ဆင့် သိရှိရပါတယ်။ ဒီ့အပြင် Samsung ရဲ့  Gear S3 ကလဲ "Wearable Gadget of the Year" ဆုကို ရရှိခဲ့သေးတယ်လို့ သိရပါတယ်။ ဒီဆုပေးပွဲဟာ Samsung အတွက်တော့ အိန္ဒိယနိုင်ငံမှာ မျက်နာပန်းလှစေခဲ့တဲ့ ပွဲတစ်ပွဲပဲလို့ ဆိုရမှာပါ။ Samsung အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကျင်းပခဲ့တဲ့ India Mobile Congress(IMC) မှာလဲ "Gadget of the Year" ဆုကို ရရှိခဲ့ပါသေးတယ်။

                Galaxy Note 8 ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ထွက်ရှိထားတာ ဖြစ်ပြီး ခုချိန်ထိ အိန္ဒိယနိုင်ငံမှာ ရောင်းအား ကောင်းနေဆဲပဲလို့ သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ တချိူ့စျေးကွက်တွေမှာဆိုရင် iPhone 8 ထက်ကို ရောင်းအား ပိုကောင်းနေပါတယ်လို့လည်း သိရပါသေးတယ်။

This Article is contributed by Thaw Zin.
References
Samsung Mobile India
About Author
Assinged Tags
Samsung Galaxy Note 7 Galaxy Note 8 Galaxy Note
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed