6.3-Inch Infinity Display, Dual Rear Cameras တို့နဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Samsung Galaxy Note 8

date_range 24 August 2017

6.3-Inch Infinity Display, Dual Rear Cameras တို့နဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Samsung Galaxy Note 8

visibility 5560 Views

                Samsung Galaxy Note ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Note မျိုးဆက်သစ် Galaxy Note 8 ကို မနေ့ညက US မှာ တရားဝင်မိတ်ဆက်သွားခဲ့ပါပြီ။

                Galaxy Note 8 ကို မိတ်ဆက်ခဲ့တဲ့ Unpacked Event မှာ Samsung အနေနဲ့ ပထမဦးဆုံး Galaxy Note 7 ကြောင့် စိတ်ပျက်ခဲ့ရတဲ့ သုံးစွဲသူပရိတ်သတ်တွေကို အရင်တောင်းပန်ခဲ့ပြီး၊ Note စီးရီးကို စွဲစွဲမြဲမြဲအားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ဦးစွာပြောကြားသွားခဲ့တာကို တွေ့ရပါတယ်။

                Samsung Galaxy Note 8 မှာ ဆန်းသစ်တီထွင်မှု (Innovation) လို့ ပြောလို့ရတဲ့ Feature မပါဝင်ပေမယ့်၊ Note User တွေတော့ အကြိုက်တွေ့နေဦးမယ့် Product တစ်ခုဖြစ်ပါတယ်။

                Galaxy Note 8 မှာ S8 နဲ့ S8+ မှာ မိတ်ဆက်ခဲ့တဲ့ ဘောင်ပျောက် Infinity Display ကို ထပ်မံအသုံးပြုထားပြီး၊ ဒီဇိုင်းကတော့ Dual Camera ဖြစ်သွားတာကလွဲလို့ Galaxy S8 နဲ့ တော်တော်တူတယ်လို့ ပြောရမှာပါ။


                Fingerprint Sensor ကလည်း S8 လို ကျောကင်မရာဘေးမှာ ရှိနေတုန်းပါပဲ။ Note 8 ဟာ Samsung ဖုန်းတွေထဲမှာ ပထမဆုံး Dual Camera Setup အသုံးပြုထားတဲ့ဖုန်းလို့လည်း ပြောလို့ရပါတယ်။


                ၆.၃ လက်မအကျယ်ရှိတဲ့ QuadHD+ AMOLED Infinity Display ကို အသုံးပြုထားပြီး၊ Note စီးရီးထဲမှာ Display အကြီးဆုံးဖုန်းဖြစ်ပါတယ်။ Note 8 ကို Snapdragon 835 SoC ဒါမှမဟုတ် Samsung Exynos 8895 SoC မော်ဒယ်နှစ်မျိုး ထုတ်သွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံကို ဝင်မယ့်မော်ဒယ်ကတော့ S8 အတိုင်း Exynos မော်ဒယ်ပဲ ဖြစ်ဖို့များပါတယ်။ RAM အနေနဲ့ 6GB, Internal Storage က 64 GB ပါဝင်ပြီး၊ microSD ကတ်လည်း ထပ်စိုက်နိုင်မှာပါ။ Bluetooth 5.0, LTE Cat 16 Connectivity တွေ ပါဝင်လာမှာပါ။

                Note 8 မှာ အထူးခြားဆုံးလို့ ပြောလို့ရတဲ့ Feature တစ်ခုက Dual Rear Cameras ပါ။ Note 8 မှာ 12-megapixel ကျောကင်မရာနှစ်ခု ပါဝင်ပြီး၊ တစ်လုံးက f/1.7 Wide-Angel Lens နဲ့ နောက်တစ်လုံးက f/2.4 Telephoto Lens ဖြစ်ပါတယ်။ Telephoto Lens က OnePlus 5 အတိုင်း Optical Zoom 2x ဆွဲရိုက်နိုင်မှာပါ။  Samsung က Note 8 ဟာ ဖုန်းစျေးကွက်မှာ ပထမဆုံး Dual Camera Sensor နှစ်ခုစလုံးမှာ OIS ပါဝင်လာတဲ့ဖုန်းဖြစ်ကြောင်း၊ ပွဲမှာ ဂုဏ်ယူစွာပြောကြားခဲ့ပြီး၊ OIS နှစ်ခုအစွမ်းကြောင့် ကြည်လင်ပြတ်သားမှုအကောင်းဆုံးဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကင်မရာမှာ တခြား Feature တွေအနေနဲ့ Samsung ရဲ့ ကိုယ်ပိုင် Portrait Mode ဖြစ်တဲ့ “Live Focus”, “Dual Capture” Mode တို့ ပါဝင်လာတာ တွေ့ရပါတယ်။ Live Focus က ကင်မရာချိန်နေတုန်းမှာ နောက်ခံ Background ဝါးတဲ့ အဆင့်ကို အတိုးအလျှော့ပြုလုပ်နိုင်သလို၊ ရိုက်ပြီးမှာတောင် Blackground Blur ကို ပြန်ချိန်နိုင်မှာဖြစ်ပါတယ်။

                Note စီးရီးရဲ့ နာမည်ကျော် S Pen အတွက်လည်း Upgrade လေးတွေ ပြုလုပ်ပေးထားပြီး၊  Display ဖွင့်စရာမလိုဘဲ စာမျက်နှာ ၁၀၀ အထိ ရေးနိုင်မယ့် Screen Off Memo Mode၊ S Pen နဲ့တင် ထောက်လိုက်တဲ့စာသားကို Translate လုပ်ပေးနိုင်မယ့် Feature စတဲ့ အသုံးဝင်မယ့်ဟာလေးတွေကို ပိုကောင်းလာအောင် Upgrade လုပ်ထားတာတွေ့ရပါတယ်။ အခု S Pen မှာ Pressure Sensitivity Level ပိုများလာသလို၊ S Pen ကလည်း IP 68 Rating နဲ့ ရေစိုခံလာနိုင်တာကို တွေ့ရပါတယ်။

                Note 8 မှာ နောက်ထပ် Feature အသစ်တွေအနေနဲ့ Message တွေမှာ Animated Drawings တွေ ထည့်သွင်းနိုင်မယ့် Live Messages နဲ့ Split Screen သုံးချင်တဲ့ Apps နှစ်ခုကို တပြိုင်တည်းတွဲဖွင့်နိုင်မယ့် Feature တွေလည်း ပါဝင်လာပါတယ်။ ဒီ Live Messages တွေကို GIF အနေနဲ့ သိမ်းထားမှာဖြစ်တာကြောင့်၊ တခြား Apps တွေ Social Media တွေမှာလည်း ပြန်တင်နိုင်ဖွယ်ရှိပါတယ်။



                Note 8 ကော S Pen ပါ IP68 Rating နဲ့ဖြစ်ပြီး၊ Wireless Charging, NFC, USB Type-C စတဲ့ High-End Feature တွေ အကုန်ပါဝင်မှာပါ။

                Software အနေနဲ့ Android 7.1.1 အသုံးပြုထားပြီး၊ S8 အတိုင်း Note 8 မှာလည်း Samsung DeX နဲ့လည်း Desktop Mode အဖြစ် ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။

                Samsung Galaxy Note 8 ကို Midnight Black, Maple Gold, Orchid Grey နဲ့ Deep Sea Blue ဆိုပြီး အရောင်လေးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ တစ်ချို့စျေးကွက်တွေမှာ ဒီနေ့ (ကြာပတေးနေ့) ကနေ စတင် Pre-Order မှာယူနိုင်ပြီလို့ သိရပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ Shipping စတင်မှာဖြစ်ပြီး၊ စျေးနှုန်းကတော့ AT&T မှာ ၉၃၀ ဒေါ်လာတန်ဖိုးနဲ့ Verizon မှာ 960 ဒေါ်လာလောက် ရှိပါတယ်။ 

References
The Verge Gadgets NDTV
About Author
Assinged Tags
Samsung Galaxy Note 8 Dual Camera Smartphones Samsung Galaxy Note 8 Galaxy Note Infinity Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed