မနှစ်က နာမည်ဆိုးရှိခဲ့ပေမယ့် ယခင်နှစ်တွေထက် အမြောက်အများကြိုတင်ရောင်းချခဲ့ရတဲ့ Samsung Galaxy Note 8

date_range 11 September 2017

မနှစ်က နာမည်ဆိုးရှိခဲ့ပေမယ့် ယခင်နှစ်တွေထက် အမြောက်အများကြိုတင်ရောင်းချခဲ့ရတဲ့ Samsung Galaxy Note 8

visibility 540 Views

                Samsung Galaxy Note 7 ဖုန်းဟာ မနှစ်က Battery မီးလောင်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ပြန်လည်သိမ်းယူခဲ့ရတဲ့ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ Note 7 ဖုန်းအဖြစ်ဆိုးမှာ Samsung အနေနဲ့ ငွေကြေးအရရော နာမည်အရရော များစွာဆုံးရှုံးခဲ့ရပြီး နောက်ထပ် Galaxy Note ဖုန်းတစ်လုံးကို ဝယ်ယူကြပါဦးမလားလို့တောင် မေးခွန်းထုတ်ခံခဲ့ရတဲ့အခြေအနေရောက်ခဲ့တာ အားလုံးအသိပါ။

                မနှစ်က နာမည်ဆိုးတွေ ရှိခဲ့ပေမယ့်လည်း Note စီးရီးရဲ့ နောက်ဆုံးထွက်ရှိထားတဲ့မော်ဒယ် Samsung Galaxy Note 8 ဟာ လက်ရှိအမေရိကန်နိုင်ငံမှာ ယခင်နှစ်တွေက Galaxy Note တွေ ရောင်းချခဲ့ရတဲ့ပမာဏထက် ပိုလို့တောင်  ကြိုတင်ရောင်းချထားပြီးဖြစ်တယ်လို့ Samsung ကနေ တရားဝင်ကြေငြာခဲ့ပါတယ်။ 

                Samsung Galaxy Note 8 ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်ကစတင်ပြီး Pre-Order လက်ခံခဲ့တာဖြစ်ကာ၊ ဒေါ်လာ ၉၃၀ ဝန်းကျင်ရှိတဲ့အတွက် လက်ရှိ Android ဖုန်းတွေထဲမှာရော၊ ယခင် Galaxy Note Series ဖုန်းတွေထဲမှာရော ဈေးအများဆုံးဖုန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် Samsung က Pre-Order မှာယူတဲ့သူတွေကို Promotion အနေနဲ့ စက်တင်ဘာ ၂၄ ရက်မတိုင်ခင် မှာယူမယ်ဆိုရင် Gear 360 Camera ဒါမှမဟုတ် Wireless Charging Bundle ကို ပေးအပ်နေပါတယ်။


                ဒါ့အပြင် ယခင် Galaxy Note 7 ကို ပြန်အပ်လိုက်ရတဲ့သူတွေကို တောင်းပန်တဲ့အနေနဲ့ အဆိုပါသူတွေရဲ့ လက်ရှိဖုန်းကို ပြန်အပ်ပြီး  ၄၂၅ ဒေါ်လာ အထိ Discount ကို ရယူနိုင်တဲ့အစီအစဉ်ပါပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ 

                နောက်ထပ် အမေရိကန်နိုင်ငံက Telecom Operator တွေဖြစ်တဲ့ T-Mobile လို Operator တွေကလည်း သူတို့ဆီမှာ Galaxy Note 8 နဲ့တကွ SIM Line အသစ်ဝယ်ယူရင် နောက်ထပ် Galaxy Note 8 တစ်လုံးကို အလကားရယူနိုင်တဲ့ အစီအစဉ်တွေပါ ပြုလုပ်နေတာကြောင့် အခုလို ရောင်းအားကောင်းနေတာဖြစ်ဖို့များပါတယ်။ 

                Samsung ကတော့ အရေအတွက်ဘယ်လောက်အထိ Pre-Order ရရှိထားတယ်ဆိုတာကို တရားဝင်ကြေငြာချင်းမရှိသေးပေမယ့် မနှစ်က Galaxy Note 7 ထက်တောင် ပိုမိုများပြားတယ်လို့ ဆိုထားတဲ့အတွက် Samsung Galaxy Note 8 ဟာ ဈေးနှုန်းမြင့်မားတယ်ဆိုပေမယ့် Samsung ရဲ့ အအောင်မြင်ဆုံးဖုန်းတစ်ခုဖြစ်လာမယ်လို့ ယူဆရပါတယ်။ 

References
The Verge
About Author
Assinged Tags
Samsung Galaxy Note 7 Galaxy Note 8 Galaxy Note
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed